ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကံထူး

Dawei Watch

June 3, 2025

တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ၏ ၁၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဆုကြီးသုံးဆုအနက် တတိယဆု ကျပ်သိန်းတစ်ရာဆုကို ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ တပ်ရင်း ၏ ထီကိုယ်စားလှယ် အဖွဲ့တွင် ကံစမ်းမဲ ထိုးထားသူတစ်ဦး ကံထူးခဲ့ကြောင်း ယင်းတပ်ရင်းထံမှသိရသည်။ ထီလက်မှတ်နံပါတ် ၀၃၂၀၅၀၀ ဖြင့် ကံထူးခဲ့ခြင်းဖြစ်ပြီး ကံထူးသူသည် ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးဖြစ်သည်ဟု ထားဝယ်ခရိုင်၊ အမှတ် တပ်ရင်း ၏ ဘဏ္ဍာရေးရှာဖွေရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဝိုင်းတွန်းဇို့ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ထီပေါက်တဲ့သူက ထားဝယ်ဒေသခံတော့မဟုတ်ဘူး။ ထိုင်းရောက်မြန်မာတစ်ဦးပါပဲ။ ကျန်တဲ့အချက်အလက်ကတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူး။ ကံထူးသူနဲ့တော့ အဆက်အသွယ်ရပြီးပါပြီ” ဟု ၎င်းကပြောဆိုသည်။ ဝိုင်းတွန်းဇို့ အဖွဲ့တွင် ထီထိုးထားသည့် ထီလက်မှတ်များမှ တတိယဆုအပြင် ဆုငယ်လေးဆယ်နီးပါးလည်း ကံထူးခဲ့သေးသည်ဟု ယင်းအဖွဲ့က ကြေညာထားသည်။ […]

ပုလောတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ် တိုက်ပွဲဖြစ်

Dawei Watch

June 3, 2025

ပုလောမြို့နယ်၊ တပိုကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ဇွန်လ ၂ ရက်က တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မွန်းလွဲ ၂ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်သည် စက်တော်ရာကျေးရွာဘက်မှ စစ်ကြောင်း ထိုးလာချိန် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ရာ တစ်နာရီဝန်းကျင်ကြာ တိုက်ပွဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟုသိရပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းက ဆိုသည်။ “စစ်ကောင်စီဘက်က စက်တော်ရာကျေးရွာကို ပြန်ဆုတ်သွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ လက်ရှိတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာတစ်ဝိုက်ကို တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်က ထိခိုက်မှုရှိ၍ ဆေးကုသထားသည့် အနေအထားများတွေ့ရကြောင်း ၎င်းက ပြောသည်။ ပုလောမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံကလည်း […]

မွန်ပြည်နယ်ထဲရှိ လူနည်းစုများ လူမျိုးအဖြစ် အသိအမှတ်ပြုခံရရေး လှုပ်ရှားမှုပြုလုပ်

Dawei Watch

June 3, 2025

မွန်ပြည်နယ်ထဲရှိ စစ်အာဏာရှင်ကို တော်လှန်နေသော တမိလ်၊ ဘင်္ဂလီ စသော လူနည်းစုများကိုလည်း လူမျိုးအဖြစ် အသိအမှတ်ပြုခံရရေး ယနေ့ ဇွန်လ ၃ ရက်နေ့တွင် အွန်လိုင်းပေါ်မှတစ်ဆင့် ကမ်းပိန်းပြုလုပ်ခဲ့ကြကြောင်း ကမ်ပိန်းကို ဦးဆောင်သူများထံမှ သိရသည်။ မွန်ပြည်နယ် ရာမညဒေသထဲတွင် အဓိကနေထိုင်ကြသော မွန် ၊ ကရင် ၊ ဗမာ ၊ ပအိုဝ် စသောလူမျိုးစုများကိုသာ လူမျိုးအဖြစ် သတ်မှတ်ခံထားရခြင်းဖြစ်ကြောင်း ဦးဆောင်သူက ပြောသည်။ ၎င်းတို့နှင့်အတူ တမိလ်၊ ကျူလီယာ၊ တလေဂူ၊ ဘင်္ဂလီ၊ စူရ်တီ၊ မေမန်၊ ပထန်၊ ဟင်ဒူစတန်နီ၊ ပသျူး၊ ဆစ်ခ်၊ မဂိုသျှီအာ၊ ဘာဘူ၊ ဂူဂျရာတီ နှင့် တခြားလူနည်းစုများလည်း အတူယှဉ်တွဲနေထိုင်ကြသော်လည်း ခေတ်အဆက်ဆက် အစိုးရများက လူမျိုးအဖြစ် အသိအမှတ်မပြုသဖြင့် K-Word […]

လက်နက်ကြီးကြောင့် ပျံလွန်တော်မူခဲ့သည့် သစ်ဆိမ့်ပင် ဆရာတော် စျာပန ဇွန်လ ၅ ရက်နေ့ကျင်းပမည်

Dawei Watch

June 3, 2025

ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ စော်ဝရွာတွင် ဇွန်လ ၁ ရက်က လက်နက်ကြီးပစ်ခတ်ခံရ၍ ကျည်စထိမှန်ကာ ပျံလွန်တော်မူခဲ့သည့် သစ်ဆိမ့်ပင်ကျောင်းဆရာတော် ၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားကို ဇွန်လ ၅ ရက်တွင် ကျင်းပမည်ဟု တပည့်၊ တကာများထံမှသိရသည်။ ဘုန်းကြီးကျောင်း အရှေ့ရှိ ကွင်းပြင်၌ပင် လောင်တိုက်ပြုလုပ်၍ မီးသင်္ဂြိုဟ် စျာပနပြုလုပ်မည်ဟု ၎င်းတို့ကဆိုသည်။ “စျာပနကတော့ ကိုယ်လုပ်ချင်တဲ့ ပမာဏဆိုတာထက် လုပ်လို့ရတဲ့ အခြေအနေထဲကပဲ လုပ်ဆောင်သွားမှာပါ။ အရမ်းအကြီးအကျယ်တော့ လုပ်မရပါဘူး။ အခုလက်ရှိကတော့ ဓမ္မာရုံအထဲမှာ အပူဇော်ခံထားပါတယ် ” ဟု သစ်ဆိမ့်ပင်ကျောင်း ဆရာတော် ၏ တပည့်ရဟန်းတစ်ပါးက မိန့်သည်။ လက်နက်ကြီးပစ်ခတ်သံများ မကြားရတော့သော်လည်း လက်နက်ငယ်ပစ်ခတ်သံအချို့ကိုမူ ဇွန်လ ၂ ရက်နေ့ ညပိုင်းကအထိ ကြားနေရသေးကြောင်း စော်ဝရွာသားများထံမှသိရသည်။ ” အခုက […]

စစ်ဘေးရှောင်ရသဖြင့် လောင်းလုံးက မွေးမြူရေးသမားများနှင့် လယ်သမား‌များ အခက်တွေ့

Dawei Watch

June 3, 2025

တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသည်မှာ ငါးရက်ခန့်ရှိလာပြီဖြစ်သည့် လောင်းလုံးမြို့နှင့် အနီးအနား ကျေးရွာများက မွေးမြူရေးသမားများနှင့် လယ်သမားများ အခက်အခဲကြုံနေကြောင်း စုံစမ်းသိရသည်။ ထားဝယ်မြို့ဘက်မှ အသားစားကြက်ဝယ်မည့် ဖောက်သည်များ တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်သို့ မဆင်းရဲတော့ခြင်း၊ ဒေသတွင်းဈေးများတွင် ရောင်းချသူများမှာလည်း စစ်ဘေးရှောင်နေရခြင်းတို့ကြောင့် ဝယ်ယူသူမရှိဘဲ ဖြစ်နေကြောင်း ကြက်မွေးမြူရေးသမားအချို့က ပြောသည်။ “ဝယ်မယ့်သူ မရှိတော့ ဒီအတိုင်း ကြက်တွေကို အစာကျွေးကျွေးပြီး ပုံမှန်ပြန်ဖြစ်မယ့်အခြေအနေကို စောင့်နေတာပဲ ရှိတာပေါ့။ ကြက်အကောင် ငါးရာ၊ တစ်ထောင်လောက်ကို အစားကျွေးနေရတဲ့ စာရိတ်ပဲ နေ့တိုင်းတက်နေတာ” ဟု ကျောက်ဖြူရွာက ‌ကြက်မွေးမြူရေးသမားတစ်ဦးက ဆိုသည်။ ရောင်းတန်းဝင် အသားစားကြက်အကောင်ရေ တစ်‌ထောင်ဆိုပါက တစ်ရက်လျှင် အစာသုံးအိတ်ကျွေးရပြီး အစာတစ်အိတ်တန်ဖိုးမှာ တစ်သိန်းငါးသောင်းကျပ်ရှိကြောင်း ကြက်မွေးမြူးရေးသမားတို့ထံမှ သိရသည်။ ယင်းအတွက်ကြောင့် ရောင်းတန်းဝင် ကြက်အကောင်တစ်ထောင်အတွက် တစ်ရက်လျှင် လေးသိန်းငါးသောင်းကျပ် […]

ယူကရိန်း-ရုရှား ဒုတိယအကြိမ်တိုက်ရိုက်ဆွေးနွေးပွဲ အပစ်ရပ်သဘောတူညီမှု မရ

Dawei Watch

June 3, 2025

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့တွင် ဇွန်လ ၂ ရက်က ပြုလုပ်ခဲ့သည့် ရုရှား – ယူကရိန်း ငြိမ်းချမ်းရေး ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အပစ်ရပ်သဘောတူညီမှု မရဘဲ နှစ်ဘက်စစ်သုံ့ပန်းလဲလှယ်ရေး သဘောတူညီမှုဖြင့်သာ အဆုံးသတ်သွားခဲ့သည်။ စစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက နက်နက်ရှိုင်းရှိုင်း အမြင်သဘောထား ကွဲလျက်ရှိဆဲကြောင့် ဆွေးနွေးပွဲ မစတင်မီကတည်းက ဆွေးနွေးပွဲရလဒ်အပေါ် မျှော်လင့်ချက် နည်းခဲ့သည်။ စစ်မက်ဖြစ်ပွားနေသော နေရာအချို့တွင် နှစ်ရက် သို့မဟုတ် သုံးရက်တာ ယာယီအပစ်ရပ်ရေးကို ၎င်းတို့ဘက်က အဆိုပြုခဲ့ကြောင်း ရုရှားကိုယ်စားလှယ်အဖွဲ့က ဆိုသည်။ ရုရှားအစိုးရပိုင်မီဒီယာများ၏ ဖော်ပြချက်အရ ရုရှားဘက်က အဓိကတောင်းဆိုချက်များတွင် ရုရှား တစိတ်တပိုင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် ယူကရိန်းနယ်မြေလေးခုမှ ယူကရိန်းစစ်တပ် ဆုတ်ခွာပေးရေး၊ ယူကရိန်းစစ်သားများကို လက်နက်ဖြုတ်သိမ်းရေးတို့ ပါဝင်သည်။ ယူကရိန်းပိုင် Donetsk ၊ Luhansk ၊ […]

ကော့သောင်းဇာတိ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ကော့သောင်းပကဖထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

June 3, 2025

စစ်ကောင်စီ စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်နှစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကော့သောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဇွန်လ ၂ ရက်တွင် ထုတ်ပြန်သည်။ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ရှိ နန္မသွန်‌ ရှေ့တန်းခြေကုတ်စခန်း စစ်ကောင်စီ အမှတ် ၃၄၂ ခြေမြန်တပ်ရင်းက တပ်သား နှစ်ဦး မေလ ၂၇ ရက်တွင် ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “အလင်းဝင်လာသူတွေက ကော့သောင်းဒေသခံတွေပါ။ ကျွန်တော်တို့ဆီ ဖုန်းနဲ့ဆက်သွယ်ပြီး ရောက်လာတယ်။ လက်နက်တွေကတော့ သူတို့လာတဲ့ လမ်းတစ်ခုက ‌ရေချောင်းထဲပစ်ချထားခဲ့တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးမှာ ကိုဇင်မင်းသူနှင့် ကိုနေမျိုးထွန်းတို့ဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၈ အတွက် အဓမ္မ တပ်သားသစ်စုဆောင်းခံရသူများဖြစ်ကြောင်း အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ အဆိုပါ ဘက်ပြောင်းလာသူနှစ်ဦး […]

တောင်ကိုရီးယားတွင် သမ္မတသစ်ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ

Dawei Watch

June 3, 2025

တောင်ကိုရီးယားနိုင်ငံ၌ သမ္မတဟောင်းယွန်းဆွတ်ယိုးလ်အား ဆက်ခံမည့် သမ္မသစ်ရွေးချယ်ရေး ကြားဖြတ်ရွေးကောက်ပွဲကို ယနေ့ ဇွန်လ ၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် သမ္မတဟောင်း ယွန်းဆွတ်ယိုးလ်၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုနှင့်အတူ နိုင်ငံရေးမတည်ငြိမ်မှုများ ပေါ်ပေါက်လာခဲ့ပြီးနောက် ၆ လအကြာတွင် ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သမ္မတဟောင်း ယွန်းဆွတ်လ်ယိုး၏ စစ်အုပ်ချုပ်ရေးသွတ်သွင်းရန် ကြိုးပမ်းမှုသည် တောင်ကိုရီးယားဒီမိုကရေစီ၏ ပုံရိပ်ကို ထိခိုက်စေခဲ့သည်။ အဆိုပါ နောက်ဆက်တွဲဂယက်ကြောင့် အကွဲအပြဲ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေသည့် တောင်ကိုရီးယားနိုင်ငံကို ပြန်လည်စုစည်းညီညွတ်စေရန် သမ္မတသစ်အနေဖြင့် ခက်ခက်ခဲခဲ ရုန်းကန်ရမည် ဖြစ်သည်။ ပို့ကုန်တင်ပို့ရေးအပေါ် ကြီးကြီးမားမား မှီခိုနေရသည့် တောင်ကိုရီးယားစီးပွားရေး ကောင်းမွန်စေရေးအတွက်လည်း သမ္မတအသစ်က လုံးပန်းရမည် ဖြစ်သည်။ နိုင်ငံ၏ အဓိကကုန်သွယ်ဘက်နိုင်ငံလည်းဖြစ် ၊ စစ်ရေးမဟာမိတ်လည်းဖြစ်သည့် အမေရိကန်၏ သွင်းကုန်အခွန်မူဝါဒများကြောင့် […]