လောင်းလုံးကို စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံများကိုဖမ်းဆီးခေါ်ဆောင်
Dawei Watch
June 2, 2025တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့ဘက်ကို စစ်ကူလာသည့် စစ်ကောင်စီတပ်က ဒေသခံ ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၃၀ ရက်က ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ တောလမ်းအတိုင်း စစ်ကူလာရောက်သည့် စစ်ကောင်စီတပ်သည် ဥယျာဉ်ခြံများထဲတွင် စစ်ဘေးရှောင်နေသည့် ဒေသခံများကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောသည်။ အဖမ်းခံရသူများမှာ သဗျာကျေးရွာမှ ၄ ဦး၊ လောင်းလုံးမြို့ပေါ်မှ ၁၁ ဦး စုစုပေါင်း အနည်းဆုံး ၁၅ ဦးရှိကြောင်း အဖမ်းခံရသူများနှင့်နီးစပ်သူတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်သည် တောလမ်းအတိုင်း စစ်ကူဆင်းလာရာ မေလ ၃၁ ရက်နေ့တွင် သဗျာကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံလေးဦးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစစ်ကြောင်းသည် လောင်းလုံးမြို့ထဲဝင်လာပြီး ထွေအုပ်ရုံးတွင် တစ်ညအိပ်စခန်းချခဲ့ကြောင်း မြို့ခံတို့ကပြောသည်။ ဇွန်လ ၁ ရက်နေ့ မနက်ပိုင်းတွင်မူ […]


