ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 31, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၂၅ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်နဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်ပြန်ခေါ် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် မိုနိုဝါ ဟူစိန်နဲ့ စစ်သံမှူးတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကာမြို့ကို အခုလအတွင်း ပြန်လည်ခေါ်ယူလိုက်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အပါအဝင် ရခိုင်မှာ နေရာအများစုကို သိမ်းယူထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ ဆက်ဆံတယ်ဆိုပြီး မြန်မာစစ်ကောင်စီက ကန့်ကွက်ပြီးနောက်မှာ အခုလို ခေါ်ယူလိုက်တာလို့ ဘင်္ဂလားဒေ့ရှ် သတင်း တစ်ရပ်မှာ​ ဖော်ပြပါတယ်။ မြန်မာရေပိုက်နက်ကို ဝင်ရောက်ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါဖမ်းသမားတွေကို AA က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဆီကို ပြန်လွှဲပေးတာမျိုးတွေ ရှိနေပါတယ်။ […]

ကံပေါက်တွင် ကျန်းမာရေး ဝန်ထမ်းဟောင်းနှစ်ဦး အပါအဝင်လေးဦးအဖမ်းခံရ

Dawei Watch

May 31, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ လှည်းကုန်း အမှတ် ၁ ရပ်ကွက်နှင့် အမှတ်၂ ရပ်ကွက်တို့တွင် မေလ ၃၀ ရက် ညက ကျန်းမာရေးဝန်ထမ်းဟောင်းနှစ်ဦး အပါအဝင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး စုစုပေါင်း လေးဦးကို မောရဝတီရေတပ်က လာဖမ်းသွားကြောင်း ဒေသခံများထံမှသိရသည်။ လှည်းကုန်း အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် ဆရာမ ဒေါ်သန်းသန်းမော်၊ ၎င်း၏ သမီးအငယ်နှင့် သားဖြစ်သူ တို့ကို မောရဝတီရေတပ်က ဖမ်းဆီခဲ့ခြင်းဖြစ်သည်။ ဆရာမဒေါ်သန်းသန်းမော်သည် ကံပေါက်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အာဏာမသိမ်းမီကတည်းက သက်ပြည့်ပင်စင်ဖြင့် အနားယူပြီး နေအိမ်တွင် ဆေးဆိုင်ဖွင့်ထားသည်ဟု ရပ်ကွက်နေသူများထံမှသိရသည်။ လှည်းကုန်း အမှတ် ၂ ရပ်ကွက် တွင် ဆေးခန်းဖွင့်ထားသည့် ဆရာ ဦးကျော်စိုးဝင်း ကိုလည်း မေလ ၃၀ […]

ကြေးနန်းတိုင်တံတားဂိတ်တွင် ဓာတ်ဆီတင်ကားဖမ်းဆီးခံရပြီးနောက် ကျေးရွာအချို့တွင် ဓာတ်ဆီစျေးတက်

Dawei Watch

May 31, 2025

မြိတ်မြို့နယ်အတွင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဓာတ်ဆီတင်လာသည့်ကား ဖမ်းဆီးခံရပြီးနောက် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ဓာတ်ဆီဈေးတက်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၁၄ရက်နေ့က ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ်တွင် ဓာတ်ဆီပီပါများ တင်ဆောင်လာသည့်ကုန်ကားကို ဖမ်းဆည်းသိမ်းဆည်းလိုက်သဖြင့် တစ်ပတ်အတွင်း ဓာတ်ဆီစျေးတက်လာကြောင်း အသက်၂၆နှစ်အရွယ် ပဝရွာခံ အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါကုန်ကားပေါ်တွင် ဓာတ်ဆီပီပါများအပြင် အိမ်သုံးဆေးဝါးများတင်ဆောင်လာသဖြင့် ကားသမားအပါအဝင် မြိတ်မြို့နေသူ ၅ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။ ယခုနှစ် မတ်လ ၂၇ရက်နေ့ကစပြီး ကြေးနန်းတိုင်တံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်ထားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးနေသည်။ ထိုသို့ မသိမ်းဆည်းမီက ဓာတ်ဆီတစ်ဘူး(ရေသန့်တစ်လီတာဘူး) ၃၇၀၀ ကျပ်ဖြင့်ရောင်းချနေရာက လက်ရှိတွင် ၄၅၀၀ကျပ်အထိ ဈေးတက်သွားကြောင်း ၎င်းက ပြောသည်။ “ဖမ်းဆီးခံရသူတွေက ဘိတ်(မြိတ်)ကပဲ၊ သူတို့လေးယောက်ကို ဖမ်းပြီးနေလှန်းထားတယ်။ သူတို့က တနင်္သာရီဘက်ကို ဓာတ်ဆီလာပို့နေကြ။အခုမှ […]

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

Dawei Watch

May 31, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ရထားလာနေစဉ် ရထားလမ်းကို ဖြတ်ကူးသော ကားပေါ်မှ မြန်မာနိုင်ငံသားများ ခုန်ချထွက်ပြေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး ရထားနှင့်တိုက်မိ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြန်မာအလုပ်သမား ခြောက်ဦးလိုက်ပါလာသော ကားတစ်စီးသည် ရထားလမ်းအနီးကို ဖြတ်မောင်းလာခဲ့ခြင်းဖြစ်သည်။ ကားလာသောအချိန်သည် ဘန်ကောက်-မဟာချိုင်ပြေးဆွဲနေသော ရထားလာနေသည့်အချိန်ဖြစ်ပြီး ကားကလည်း မရပ်ပဲ ရထားလမ်းကို ဖြတ်မောင်းခဲ့သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ကားက မရပ်ပေးပဲ ရထားလာနေသည့်အချိန် ဖြတ်မောင်းခဲ့သဖြင့် မြန်မာအလုပ်သမားများက ထိတ်လန့်၍ ကားပေါ်မှ ဘေးလွတ်ရာ ခုန်ချခဲ့ကြစဉ် ၅ ဦး လွတ်မြောက်ခဲ့သည်။ ယင်းအချိန် အသက် ၂၈ နှစ်အရွယ် မဖြူဖြူသည် ကားပေါ်မှ ခုန်ချချိန်တွင် ရထားလမ်းပေါ်ကျပြီး […]

တိုက်ပွဲပြင်းထန်နေ၍ လောင်းလုံးမြို့ခံများ နေရပ်စွန့်ထွက်ပြေး

Dawei Watch

May 31, 2025

လောင်းလုံးမြို့တွင် ယနေ့(မေလ ၃၁) နံနက်ပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေ၍ မြို့ခံများ နေရပ်စွန့်ခွာထွက်‌ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။ လောင်းလုံးမြို့ အနီးရှိ လက်ခတ်တောင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မေလ ၃၀ ရက်နေ့ ညနေပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ဝင်ရောက်တိုက်ခိုက်နေရာမှ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။ ” ဒီနေ့ဆို မနက် ၅ နာရီလောက် ကတည်းက စပြီးပစ်နေကြတယ်။ မနေ့ ညနေကဆိုရင် လူရိပ် မြင်လောက်တဲ့ အချိန်ထိကို တိုက်နေကြသေးတယ်။ ဒီမနက်ကျ လက်နက်ကြီး တွေတော်တော်များတယ် ပစ်နေကြတာ “ဟု ယင်းမြို့ခံကပြောသည်။ နှစ်ရက်ခန့်ရှိလာပြီဖြစ်သည့် လောင်းလုံးတိုက်ပွဲတွင် မေလ ၃၀ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကောင်စီ၏ ရေတပ်နှင့် ထားဝယ်မြို့ပေါ်ရှိ စစ်ကောင်စီ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 31, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၂၄ ရက်မှ ၃၀ ရက်အထိ အပစ်ရပ်ရေး အမေရိကန် အဆိုပြုချက် ဟားမတ်စ် လက်မခံ ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအတွက် အမေရိကန်ပြည်ထောင်စုရဲ့ နောက်ဆုံးအဆိုပြုချက်ကို ဟားမတ်စ်အနေနဲ့ လက်မခံသေးဘူးလို့ ခေါင်းဆောင်အဖွဲ့ဝင်ထဲက ထုတ်ပြောလိုက်ပါတယ်။ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ရဲ့ အစီအစဉ်သစ်ကို အစ္စရေးဘက်က သဘောတူထားတာပါ။ ဒီသဘောတူချက်ကို ဟားမတ်စ်အဖွဲ့ရဲ့ တရားဝင်တုံ့ပြန်ချက်ရဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။ သဘောတူညီချက်ထဲမှာ ဟားမတ်စ်ဘက်က ဖမ်းဆီးထားပြီး အသက်ရှင်နေတဲ့ ဓားစာခံ ၁၀ ယောက်နဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်း ၁၈ လောင်းကို ပြန်အပ်နှံဖို့အတွက် တောင်းဆိုထားတာပါ။ ရက် ၆၀ ကြာ […]

ထိုင်းရောက် မြန်မာများအတွက် CI စာအုပ်သက်တမ်းတိုးစခန်းများ ဇွန်လထဲတွင် ဖွင့်မည်

Dawei Watch

May 30, 2025

ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ထုတ်ပေးထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) သက်တမ်းတိုးစခန်းများကို လာမည့် ဇွန်လထဲ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) ပြုလုပ်ထားသော မြန်မာအလုပ်သမားများသည် တရားဝင် နေထိုင်သွားလာခွင့်အတွက် နိုင်ငံကူးလက်မှတ်စာအုပ်တွင် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းအသုံးပြု၍ နေထိုင်လုပ်ကိုင်ကြရသည်။ နိုင်ငံကူးလက်မှတ် (ပတ်စ်ပိုစ်) မရှိသော မြန်မာအလုပ်သမားများသည် အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်းနိုင်ရန် CI စာအုပ်ကို သက်ဆိုင်ရာ CI စခန်းများ ဖွင့်လှစ်ပေးချိန်တွင် ပြုလုပ်ရခြင်းဖြစ်သည်။ ယင်း CI စာအုပ်များသည် အလုပ်လုပ်ခွင့်လက်မှတ် ဗီဇာသက်တမ်းတိုးချိန်တွင် သက်တမ်း အနည်းဆုံး ၆ လကျန်ရှိရမည် ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ထုတ်ပြန်ထားသည်။ ထို့ကြောင့် CI စာအုပ်သက်တမ်းကုန်ဆုံးတော့မည့် မြန်မာအလုပ်သမားများအတွက် လာမည့်ဇွန်လထဲတွင် […]

စစ်ကောင်စီစစ်ကြောင်း မင်းဒပ်ရွာသား ၂၀ကျော်ကို ဖမ်းဆီးထား

Dawei Watch

May 30, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဝင်းဝစခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်း သည် မင်းဒပ်ရွာသား ၂၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၈ နံနက် ၃ နာရီခွဲတွင် အင်အား ၇၀ ခန့်ရှိသည့် စစ်ကြောင်းသည် ဝင်းဝစခန်းမှ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့၏ စခန်းငယ်များကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံအချို့နှင့် ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့တို့ထံမှ သိရသည်။ စခန်းကို ဝင်ရောက်စီးနင်းချိန် ရဲဘော်များလွတ်မြောက်ခဲ့ပြီး M-16 တစ်လက်နှင့် စခန်းရှိပစ္စည်းအချို့ကိုမူ စစ်ကောင်စီတပ်က သိမ်းယူခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်းသည် မင်းဒပ်ရွာအရှေ့ဘက် သစ်တိုကုန်းရပ်ကွက်တွင် တပ်စွဲထားပြီး အရပ်သား ၂၃ဦးကို သုံးထပ်တိုက်တစ်လုံးတွင် လူသားဒိုင်းသဖွယ် ခေါ်ယူထိန်းသိမ်းထားကြောင်း မင်းဒပ်ရွာသားတစ်ဦးက ဆိုသည်။ “မနေ့က သူတို့ထဲက အသက်ကြီးပိုင်း လင်မယားနှစ်ယောက်ကိုပြန်လွှတ်ပေးလိုက်တယ်။ […]