ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်အစိုးရ စွမ်းဆောင်ရည်ဌာနမှ အီလွန်မတ် နုတ်ထွက်တော့မည်

Dawei Watch

May 29, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သူ ဘီလျံနာသူဌေး အီလွန်မတ်သည် ၎င်းဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် X လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာသည်။ အီလွန်မတ်က ၎င်း၏ အထူးတာဝန် သတ်မှတ်ပြီးဆုံးသွားပြီ ဖြစ်ပြီး အပြုန်းအတီးများသည့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခွင့်ပေးသည့် သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်း ရေးသားပြောဆိုခဲ့သည်။ သို့သော် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) ၏ လုပ်ငန်းစဉ်များမှာ အချိန်နှင့်အမျှ အားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အီလွန်မတ် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း အိမ်ဖြူတော်ကလည်း အတည်ပြုထားသည်။ မကြာသေးမီက ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကြား အငြင်းပွားခဲ့ကြပြီးနောက် အီလွန်မတ်၏ ရာထူးမှ နုတ်ထွက်မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနတွင် အီလွန်မတ် […]

လာမည့်ဆွေးနွေးပွဲတွင် ရုရှားဘက်မှ ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ချပြမည်ဟုဆို

Dawei Watch

May 29, 2025

ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်များ ပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ယူကရိန်းဘက်သို့ ချပြသွားမည်ဟု ရုရှားအစိုးရက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ လာမည့် ဇွန်လ ၂ ရက်နေ့တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်မည့် ရုရုားနှင့် ယူကရိန်းအကြား ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အဆိုပါ မူကြမ်းကို ချပြသွားမည်ဟု သိရသည်။ ရုရှားဘက်မှ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယူကရိန်းဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ယူကရိန်းစစ်အဆုံးသတ်ရေးနှင့် ပတ်သက်၍ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ မကြာသေးခင် ရက်သတ္တပတ်များအတွင်း အရှိန်မြှင့်တက်လာခဲ့သည်။ ယခုနှစ် မေလ ၁၆ ရက်တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ယူကရိန်းနှင့် ရုရှားဘက်မှ နှစ်ဖက်ကိုယ်စားလှယ်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းမှာ […]

တရုတ်ကျောင်းသားဗီဇာအားလုံးကို အမေရိကန် ပယ်ဖျက်သွားမည်

Dawei Watch

May 29, 2025

အမေရိကန်အစိုးရက တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ကြေညာလိုက်သည်။ ယင်းမှာ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အမေရိကန်အဆင့်မြင့်ပညာရေးအပေါ် ထရမ့်အစိုးရ၏ ထိုးနှက်တိုက်ခိုက်မှုဖြစ်သည်။ ကမ္ဘာအနှံ့မှ ကျောင်းသားများအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို ရပ်ဆိုင်းမည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ဝေဖန်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများတွင် တရုတ်ကျောင်းသားများမှာ အများဆုံးဖြစ်သည်။ တရုတ်ကျောင်းသားများ၏ ဗီဇာဖျက်သိမ်းမှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုသည်။ ယင်းသို့ ဗီဇာဖျက်သိမ်းခံရမှုတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ကျောင်းသားများ ၊ နိုင်ငံရေးအရ အရေးကြီးဘာသာရပ်များကို လေ့လာနေသည့် တရုတ်ကျောင်းသားများလည်း အပါအဝင် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ဗီဇာထုတ်ပေးသည့် သတ်မှတ်ချက်များကိုလည်း ပြင်ဆင်ပြောင်းလဲသွားမည်ဟုလည်း ၎င်းက ပြောသည်။ […]

ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဒုတိယဂိုဏ်းချုပ် ထားဝယ် ဇေယျဝတီ တိုက်အုပ် ဆရာတော် ပျံလွန်တော်မူ

Dawei Watch

May 29, 2025

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ရှိ ဇေယျဝတီ စာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယ သည် မေလ ၂၉ ရက် နံနက် ၁၂ နာရီ ၁၉ မိနစ်တွင် သီတင်းသုံးသည့် စံကျောင်း၌ပင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ယင်းစာသင်တိုက်ထံမှသိရသည် ။ ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၆ နှစ် ၊ သိက္ခာတော် ၇၆ ဝါ ရှိပြီဖြစ်သည် ။ ဆရာတော် ၏ စျာပနအခမ်းအနား ကို ကျောင်းတိုက်တွင် ၅ ရက်အပူဇော်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ထားဝယ်မြို့ ၊ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိစျာပန ပြုလုပ်ကာ မီးသင်္ဂြိုဟ် ပူဇော်မည်ဖြစ်ကြောင်း ဇေယျဝတီစာသင်တိုက် စာချနာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးကမိန့်သည် ။ ဘဒ္ဒန္တသူရိယသည် ထားဝယ်မြို့နယ် […]

ထားဝယ်အထူးစီးပွားရေးဇုန်က ဒေသခံတစ်ဦး အသတ်ခံရမှု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ထိန်းသိမ်း

Dawei Watch

May 28, 2025

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဗျစ်နီရွာသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုက ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအေးစိုး (ခေါ်) ဦးကျော်သူရဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူများက ပြောသည်။ မေလ ၁၃ ရက် ညပိုင်းတွင် ဦးအေးစိုး ဥယျာဉ်ခြံတဲတွင် ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး လိုက်လံစုံစမ်းရှာဖွေသော်လည်း ၁၀ ရက် ကျော်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ မေလ ၂၅ရက်တွင်မူ မူးဒူးရွာ ရပ်မိရပ်ဖတစ်ဦးက ဦးအေးစိုး၏ ရုပ်အလောင်းမြေမြှုပ်ထားသည့် နေရာအား ရှာဖွေတွေ့ရှိ သည်ဟု ဆက်သွယ်လာသဖြင့် သွားရောက်ဖော်ယူ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ရာ မည်သည့်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ကို […]

သမုတ်ချုံးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံး

Dawei Watch

May 28, 2025

တနင်္သာရီမြို့နယ် သမုတ်ချုံးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်သားများ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မေလ ၂၄ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တနင်္သာရီမြို့မှ သမုတ်ချုံးရွာဘက်သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် စစ်ကူများ တင်လာသည့် စစ်ကားသုံးစီးလာချိန် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးများက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ကသည်။ အဆိုပါစစ်ကောင်စီ ရိက္ခာနှင့် စစ်ကူများပါလာသည့် ယာဉ်တန်းဖြတ်သန်းသွားပြီးမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ် လမ်းကင်းယူထားသည် တောင်ကုန်းက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ် ယောင်္ကျားလေးတစ်ဦး သေဆုံးသွားကြောင်း အသက် ၃၅ နှစ်အရွယ်အရွယ် ဒေသခံတစ်ဦးက ဆိုသည်။ “သားငယ် (ကလေး) က […]

စစ်ကောင်စီစစ်ကြောင်း မင်းဒပ်ရွာသားအချို့ကို ဖမ်းဆီး

Dawei Watch

May 28, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ မင်းဒပ်ရွာကို ယနေ့ မေလ ၂၈ ရက် နံနက်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ရွာခံအချို့ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၃ နာရီခွဲခန့်တွင် ဝင်းဝစခန်းက စစ်ကောင်စီတပ်သားများ မင်းဒပ်ရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒေသခံ ခုနစ်ဦးခန့်ကို ဖမ်းဆီးထားသည်ဟု ကြားရကြောင်း မင်းဒပ်ရွာအနီး ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများကြားရပြီး ယင်းပစ်ခတ်သံများမှာ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့စခန်းကို ဝင်ရောက်စီးနင်းခြင်းဖြစ်သည်ဟု သတင်းများထွက်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများ ကြားရပြီးနောက်ပိုင်းတွင် စစ်ကြောင်းမှာ မင်းဒပ်ရွာသို့ ရောက်ရှိလာကြောင်း ၎င်းတို့က ပြောဆိုသည်။ ဝါးရိပ်ခွန်အားပြောက်ကျားတပ်ဖွဲ့က တပ်ဖွဲ့ဝင်များ လွတ်မြောက်သွားပြီး သေနတ်တစ်လက် […]

ပုလော ဆင်ထိုးကြီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 28, 2025

ပုလောမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ ဆင်ထိုးကြီးရွာက အမျိုးသားတစ်ဦး ယနေ့ မေလ ၂၈ရက် နံနက်ပိုင်းတွင် ဥယျာဉ်ခြံသို့သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အပြင်းအထန်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၈ နာရီကျော်တွင် ဆင်ထိုးကြီးရွာအနောက်ကမ်းက အသက် ၇၀ ခန့်အရွယ် ဦးမောင်လေး မိုင်းနင်းမိသည့် ဒဏ်ရာဖြင့် သတိမရသဖြင့် ပလောက်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မိုင်းထိတာက ရင်ဘတ်မှာလို့ပြောတယ်။ ဆေးရုံကိုယူသွားတဲ့အထိ သတိမရဘူးတဲ့။ သေမလား ရှင်မလား မသိသေးဘူး။ သူတို့ခြံက ရွာထဲမှာပဲ၊ အရင်ကလည်း သွားနေကျပဲ။ လုပ်ပေးစား (ရှာဖွေကျွေးမွေး) တဲ့ သားသမီးလည်းမရှိဘူးဆိုတော့ ခြံထဲသွားရှာစားမှ စားရမယ်လေ” ဟု ၎င်းက ပြောဆိုသည်။ ဆင်ထိုးကြီးရွာအနီးသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ၂၀၂၄ခုနှစ် ဩဂုတ်လ […]