ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မန်ယူကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးလိုက်ရသည့်အတွက် ရတ်ရှ်ဖို့ဒ်ကို မခေါ်ယူရန် အက်စတွန်ဗီလာဆုံးဖြတ်

Dawei Watch

May 27, 2025

အက်စတွန်ဗီလာသည် မန်ယူကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရသည့်အတွက် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူရန်ရည်ရွယ်ထားသော အစီအစဉ်ကို စွန့်လွှတ်ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း Football Insider က ဖော်ပြထားသည်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးလိုက်ရသည့်အတွက် မန်ယူဘက်က ရတ်ရှ်ဖို့ဒ်အတွက် သတ်မှတ်တောင်းဆိုထားသော ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ကို ၎င်းတို့အနေနှင့် ပေးချေရန် အဆင်မပြေနိုင်တော့ဟု ယူဆလိုက်သည့်အတွက် အက်စတွန်ဗီလာက ရတ်ရှ်ဖို့ဒ်ကို အပြီးသတ် မခေါ်ယူတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အက်စတွန်ဗီလာသည် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွင် မန်ယူကို သရေကစားနိုင်ရုံမျှဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့်တစ်နေရာစာကို ရရှိနိုင်မည်ဖြစ်သော်လည်း ယင်းပွဲစဉ်တွင် မန်ယူက အက်စတွန်ဗီလာကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခြင်းကြောင့် အက်စတွန်ဗီလာမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရှိတော့ဘဲ ယူရိုပါလိဂ် ပါဝင်ကစားခွင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။ အက်စတွန်ဗီလာဘက်က ရတ်ရှ်ဖို့ဒ် […]

စစ်ကောင်စီ စစ်မှုထမ်းစုဆောင်းနေချိန် ထိုင်းက မြန်မာ ၈၀ ကျော်ကို ကော့သောင်းသို့ထပ်ပို့

Dawei Watch

May 27, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းရှိ မြန်မာနိုင်ငံသား ၈၀ ကျော်ကို မေလ ၂၆ ရက်တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌ရေကြောင်းထိန်းသိမ်းရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား ၈၁ ဦးကို ကော့သောင်းမြို့သို့ လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။ လွှဲပြောင်းပေးသော မြန်မာနိုင်ငံသားများတွင် အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၂၁ ဦးပါဝင်ပြီး ယခုနှစ်အတွင်း ငါးကြိမ်မြောက် လွှဲပေးခဲ့ခြင်းဖြစ်သည်။ နေရပ်ပြန်ပို့စဉ် ရနောင်းခရိုင် လဝကအရာရှိများနှင့်အတူ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးဇော်လည်း တက်ရောက်ခဲ့သည်။ နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်းဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေ ရှစ်စင်းဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။ နေရပ်ပြန်ပို့ခံရသူများသည် ထိုင်းသို့ […]

ကစားသမားအချို့ကို နည်းပြတန်ဟတ်ဂ်၏ လေဗာကူဆင်ထံ ရောင်းထုတ်ရန် မန်ယူစီစဉ်

Dawei Watch

May 27, 2025

မန်ယူအသင်းသည် အသင်းရှိ ကစားသမားအချို့ကို လေဗာကူဆင်ထံသို့ လျှော့ဈေးဖြင့် ရောင်းထုတ်လိုက်ရန် အစီအစဉ် ရေးဆွဲနေကြောင်း The Mirror က ဖော်ပြထားသည်။ လက်ရှိဖွဲ့စည်းထားသော မန်ယူအသင်း၏ပွဲထွက်ကစားသမားအများစုကို နည်းပြ တန်ဟတ်ဂ်က မန်ယူကို ၎င်းတာဝန်ယူခွင့်ရသောအချိန်ကာလအပိုင်းအခြားအတွင်း၌ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းကစားသမားများကို မန်ယူက ပြန်လည်ရောင်းထုတ်လိုနေပြီဖြစ်သည်။ လေဗာကူဆင်အသင်း၏ နည်းပြသစ်ဖြစ်လာခဲ့သော တန်ဟတ်ဂ် ကလည်း ၎င်း၏တပည့်ဟောင်းအချို့ကို မန်ယူထံမှနေ၍ လေဗာကူဆင်ထံသို့ ခေါ်ယူလိုနေပြီး မန်ယူဘက်ကမူ အပြီးသတ်ရောင်းထုတ်သော လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် အဆင်မပြေပါက ပထမအဆင့်အဖြစ် အငှားချရန် စိတ်ကူးလျက်ရှိသည်။ မန်ယူနည်းပြ အေမိုရင် သည် ၎င်းခေါ်ယူလိုလျက်ရှိသော ကစားသမားများကို ကမ်းလှမ်းနိုင်ရန်အတွက် ပထမအဆင့်အဖြစ် ၎င်းအသုံးမပြုလိုတော့သော ကစားသမားများကို ရောင်းထုတ်ရတော့မည်ဖြစ်ကာ နည်းပြ တန်ဟတ်ဂ်က မန်ယူအတွက် ခေါ်ယူထားခဲ့သော ဂိုးသမား အိုနာနာ အပါအဝင် […]

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တရုတ်၏ကြွေးမြီဝန်ထုပ်ဝန်ပိုး စံချိန်တင်မြင့်တက်

Dawei Watch

May 27, 2025

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ၏ တရုတ်ကြွေးမြီ ဝန်ထုပ်ဝန်ပိုးမှာ ၂၀၂၅ ခုနှစ်တွင် စံချိန်တင်မြင့်တက်လာကြောင်း ဩစတြေးလျအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။ ၂၀၁၀ ပြည့်နှစ်လွန်ကာလများတွင် တရုတ်အစိုးရသည် ၎င်းတို့၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (BRI) အရ အာဖရိတိုက်မှ တောင်ပစိဖိတ်ဒေသနိုင်ငံများအထိ အခြေခံအဆောက်အအုံ စီမံကိန်းအမြောက်အများအတွက် ငွေအလုံးအရင်း ထုတ်ချေးထားခဲ့သည်။ သို့သော် လက်ရှိတွင် တရုတ်အစိုးရ၏ ပြည်ပကြွေးမြီထုတ်ချေးမှုများမှာ ကျဆင်းလာနေကာ ဖွံ့ဖြိုးဆဲနိုင်ငံများက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီများသာ စုပြုံတိုးပွားလာနေကြောင်း Lowy Institute ၏ သုတေသန တွေ့ရှိချက်က ဆိုသည်။ ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့အဆင်းရဲဆုံး ၇၅ နိုင်ငံက တရုတ်အစိုးရထံ ပြန်ဆပ်ရမည့် ကြွေးမြီပမာဏမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံ ရှိကြောင်း အဆိုပါ သုတေသနက တွေ့ရှိခဲ့သည်။ […]

လီဗာပူးအသင်း အောင်ပွဲခံအခမ်းအနားတွင် လူအုပ်ကို ကားဝင်တိုက်၊ လူ ၅၀ နီးပါး ဒဏ်ရာရရှိ

Dawei Watch

May 27, 2025

လီဗာပူးအသင်းသည် တနင်္လာနေ့က ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိမှုအထိမ်းအမှတ်အဖြစ် လှည့်လည်အောင်ပွဲခံသော အခမ်းအနားတွင် ပါဝင်ဆင်နွှဲနေသည့် လူအုပ်ကြီးကို ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး လူ ၅၀ ခန့် ထိခိုက်ဒဏ်ရာရသွားခဲ့ကြောင်း The Guardian က ဖော်ပြထားသည်။ လီဗာပူးကစားသမားများသည် အမိုးဖွင့်ဘတ်စ်ကားကို စီးနင်းလိုက်ပါကာ လှည့်လည်အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ယင်းသို့အောင်ပွဲခံအခမ်းအနား ကျင်းပနေချိန်တွင် အနက်ရောင်ကားတစ်စီးက လူအုပ်ကြီးရှိရာဘက်ဆီသို့ ကွေ့ဝိုက်မောင်းနှင်ကာ ဝင်တိုက်ခဲ့သည့်အတွက် လူ ၅၀ ဦးနီးပါး ဒဏ်ရာရသွားခဲ့ရခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများအနက်တွင် ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦး ပါဝင်ကြောင်း သိရသည်။ ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အသက် ၅၃ နှစ်အရွယ် ဗြိတိန်အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ယခုဖြစ်စဉ်မှာ အကြမ်းဖက်တိုက်ခိုက်မှုမျိုး မဟုတ်ကြောင်းလည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီဖြစ်သည်။ “ဒါက အကြမ်းဖက်မှုဆိုင်ရာတိုက်ခိုက်မှုမျိုး မဟုတ်ပါဘူး။ သီးခြားဖြစ်စဉ်တစ်ခုလို့ ကျွန်တော်တို့ […]

စစ်ကောင်စီ လေကြောင်းရန်ကြောင့် သရက်ချောင်းတွင် ကျောင်းဖွင့်ရန် ခက်ခဲ

Dawei Watch

May 27, 2025

တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်နေသဖြင့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် စာသင်ကျောင်းဖွင့်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံအချို့နှင့် ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်ကို တိုက်ပွဲမရှိဘဲ လေကြောင်းကဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။ ဧပြီလ ၁၉ ရက်တွင် ရငဲကျေးရွာ၊ ၂၉ ရက်နေ့တွင် ကျောက်ခမောက်၊ မေလ ၁၅ ရက်တွင် ဘုတ်တောင်ပေါ်ရှိ KNLA စခန်း၊ မေလ ၁၉ ရက်တွင် ဝင်းကဖော်ရွာတို့ကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်းမှာသရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုမျှသာရှိသေးပြီး ထားဝယ်အရှေ့တော၊ လောင်းလုံးမြို့နယ်တို့တွင်ဖြစ်ပွားသည့် လေကြောင်းတိုက်ခိုက်မှုများ မပါဝင်သေးပေ။ ယင်းသို့တိုက်ခိုက်မှုများကြောင့် ရငဲရွာတွင် အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး၊ ကျောက်ခမောက်ရွာတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်းလေးဦးသေဆုံးခဲ့ပြီး အခြားထိခိုက်ဒဏ်ရာရသူများလည်း ရှိသေးသည်။ […]

ပတ္တယားတွင် ဆံပင်ပြုပြင်သော မြန်မာအမျိုးသမီးများ ငွေညှစ်ခံရပြီး ပါးရိုက်ခံရ

Dawei Watch

May 26, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ပတ္တယားဒေသတွင် အလှပြင်ဆိုင်တွင် ဆံပင်ပြုပြင်နေသော မြန်မာအမျိုးသမီးသုံးဦးကို ဆိုင်ဝန်ထမ်းများက ငွေညှစ်ပြီး ပါးရိုက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သော မေလ ၂၃ ရက်နေ့က မြန်မာအမျိုးသမီးသုံးဦးသည် ပတ္တယားဒေသရှိ အလှပြင်ဆိုင်တစ်ဆိုင်ထဲ ဝင်ရောက်လာပြီး ၎င်းတို့အနက် အမျိုးသမီးနှစ်ဦးသည် ဆံပင်ပြုပြင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြချက်အရသိရသည်။ ဆံပင်ပြုပြင်ရန် နှစ်ဦးစာအတွက် ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကုန်ကျမည်ဟု ဆိုင်ဝန်ထမ်းများကပြောသဖြင့် ၎င်းတို့နှစ်ဦးက သဘောတူခဲ့ပြီး ဆံပင်ပြုပြင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုချက်အရ သိရသည်။ ဆံပင်ပြုပြင်ပြီးနောက် မြန်မာအမျိုးသမီးများက မူလက သတ်မှတ်ထားသော ယွမ်ငွေ ၃၈၀၀ (၁၇၀၀၀ ဘတ်) ကို ပေးချေပြီးသော်လည်း ဆိုင်ဝန်ထမ်းများက ငွေအပြည့်မပေးရသေးသဖြင့် ထပ်မံပေးချေရန်လိုအပ်ကြောင်း၊ မပေးပါက ရဲတပ်ဖွဲ့ကို တိုင်ကြားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း […]

ဖူးခက်တွင် ခရုကောက်သွားသည့် ထားဝယ်ဒေသခံတစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 26, 2025

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့၊ ပါတောင်ကမ်းခြေ၊ မာလင်တောင်ဘက်ခြမ်းတွင် ခရုကောက်သွားသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး ရေထဲပြုတ်ကျကာ ရေနစ်သေဆုံးသွားကြောင်း နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ သေဆုံးသူသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ဇာဒီကျေးရွာအုပ်စု၊ ခေါင်ပြန်ရွာမှ ကိုလုံးလုံး ဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။ မေလ ၂၄ ရက် ညနေပိုင်းတွင် ကိုလုံးလုံးသည် သူငယ်ချင်းနှစ်ဦးအတူ မာလင်တောင်ဘက်ခြမ်းတွင် ငါးဖမ်း၊ ခရုကောက်ရင်း လှိုင်းရိုက်ခတ်မှုကြောင့် ရေထဲပြုတ်ကျကာ ရေစီးနှင့်မျောပါ ပျောက်ဆုံးသွားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောပြသည်။ “ပြုတ်ကျချိန်မှာ အဖော်တွေရှိနေပေမယ့် လှိုင်းလေကလည်း ကြမ်းနေတဲ့အချိန်ဖြစ်လို့ ပြန်ဆယ်မမီဘဲ ဖြစ်သွားတယ်။ တစ်ရက်နီးပါး ပျောက်ပြီးမှ ရေထဲမှာပဲ ပြန်ပေါ်လာတယ်။ သေဆုံးသူက ရေမကူးတတ်ဘူးလို့သိရတယ်” ဟု နာရေးကိစ္စ ကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောသည်။ […]