ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အရှေ့တီမောက အာဆီယံအဖွဲ့ဝင် ဖြစ်လာတော့မည်ဟုဆို

Dawei Watch

May 26, 2025

အရှေ့တီမောသည် လာမည့် အောက်တိုဘာလမတိုင်မီ ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မေလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။ ယင်းမှာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေး အရှေ့တီမော၏ ကာလရှည်အိပ်မက် ပြည့်ဝရန် နီးကပ်လာခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ထဲ ဝင်ရောက်နိုင်ရန် လမ်းပြမြေပုံတစ်ခု အကောင်အထည်ဖော်ရာတွင် အဓိပ္ပါယ်ရှိသော တိုးတက်မှု လုပ်ဆောင်နိုင်ခဲ့ပြီဟု ၎င်းက ဆိုသည်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည့် အရှေ့တီမောသည် အာဆီယံအဖွဲ့၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နိုင်ခြေရှိမရှိ ဆိုသည်နှင့် ပတ်သက်၍ စိုးရိမ်မှုများလည်း ရှိနေသည်။ သို့သော်လည်း အရှေ့တီမောနိုင်ငံ၏ တင်းပြည့်ကျပ်ပြည့် […]

ကံပေါက် ခလရ ၂၇၃ အနောက်ဘက် တောင်ကြောတွင် မှိုသွားရှာသည့်ကလေး မိုင်းနင်းမိခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

May 26, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာအခြေစိုက်အမှတ် စစ်ကောင်စီခြေလျင်တပ်ရင်း (၂၇၃) ၏ အနောက်ဘက်တောင်ကြောတွင် မေလ ၂၅ ရက် နေ့လယ်ပိုင်းက အဘိုးဖြစ်သူနှင့်အတူ မှိုသွားရှာသည့် ကလေးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးကြောင်း ရွာသားများက ပြောသည်။ ကံပေါက်ရွာ ၊ သီရီမင်္ဂလာရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၃နှစ်အရွယ် ယောင်္ကျားလေးသည် တောတောင်ထဲတွင် အလေ့ကျပေါက်သည့် ရာသီပေါ်ဟင်းသီးဟင်းရွက်များကို အဘိုးဖြစ်သူနှင့်အတူ သွားခူးကာရောင်းချလေ့ရှိကြောင်း ရွာသားများက ဆိုသည်။ “အရင်ကတည်းကလည်း အင်ဥ၊ မှို၊ စံပယ်ပန်း ရာသီအလိုက်ခူးပြီး ရွာထဲလှည့် ရောင်းနေတဲ့ကလေးပါ။ ရာသီပေါ် ရောင်းစရာမရှိရင် တံမြက်စည်းလည်းရောင်းတယ်။ အခုလိုဖြစ်သွားတော့ တော်တော်စိတ်မကောင်း ဖြစ်တယ်။ ဝမ်းရေး အတွက် ကိုယ့်ရပ်ကိုယ့်ရွာထဲတောင် ရှာဖွေစားသောက်ရခက်လာပြီ” ဟု ကံပေါက်ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။ မိုင်းနင်းမိသည့် ကလေးသည် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း […]

အိန္ဒိယသံအမတ်နှင့် ထားဝယ်အထူးစီးပွား‌ရေးဇုန်အကြောင်း ဆွေနွေးခဲ့ဟု တိုင်းစစ်ကောင်စီထုတ်ပြန်

Dawei Watch

May 26, 2025

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်နှင့်တွေ့ဆုံပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဆွေးနွေခဲ့ကြောင်း တနင်္သာရီတိုင်း စစ်ကောင်စီအဖွဲ့က ထုတ်ပြန်သည်။ တနင်္သာရီတိုင်း စစ်ကောင်စီဝန်ကြီးချုပ် ဦးမြတ်ကိုဦးဆောင်သည့်အဖွဲ့နှင့် အိန္ဒိယသံအမတ်ကြီး Abhay Thakur တို့ မေလ ၂၄ ရက်တွင် ထားဝယ်မြို့၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ယင်းတွေ့ဆုံပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်မြောက်လာရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများအပါအဝင် တိုင်းအတွင်းရှိ ကမ်းခြေများအခြေအနေ၊ ရော်ဘာ၊ သီဟို၊ ရေထွက်ကုန်များ၊ လျှပ်စစ်မီးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အိန္ဒိယသံရုံးဘက်ကမူ ဦးမြတ်ကိုနှင့် အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ဆွေးနွေးခဲ့သည့်အကြောင်းမပါဝင်ပေ။ အိန္ဒိယသံအမတ်ကြီးသည် ထားဝယ်မြို့ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ အိန္ဒိယနွယ်ဖွားများနှင့် တွေ့ဆုံခဲ့ကြောင်းသာ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တရုတ်၊ ရုရှားသံအမတ်ကြီးများလည်း တနင်္သာရီတိုင်းသို့ ဇန်နဝါရီလထဲ ရှေ့ဆင့်နောက်ဆင့်ရောက်လာကြပြီး ဦးမြတ်ကိုနှင့် တွေ့ဆုံခဲ့ကြသည်။ အိန္ဒိယသံအမတ်ကြီးသည် ထားဝယ်မြို့ရှိ […]

ထိုင်းတွင် ယာဉ်ကြောပိတ်ဆို့သည်အထိ လီဗာပူးပရိသတ်များ အောင်ပွဲခံ

Dawei Watch

May 25, 2025

ထိုင်းနိုင်ငံတွင် လီဗာပူးအသင်းကို အားပေးသည့် အမာခံပရိသတ်များက ကျင်းပခဲ့သော အောင်ပွဲခံအခမ်းအနားကြောင့် ယာဉ်လမ်းကြောများ ပိတ်ဆို့သည်အထိ ဖြစ်သွားခဲ့ရကြောင်း The Nation က ဖော်ပြထားသည်။ ထိုင်းနိုင်ငံရှိ လီဗာပူးအသင်းပရိသတ်များသည် လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းနှင့် အမှတ်ပေးဖလားချန်ပီယံ အကြိမ် ၂၀ မြောက်ဖြစ်ခြင်းအတွက် အမိုးဖွင့်ကားနှင့်အတူ ဘန်ကောက်မြို့အတွင်း လှည့်လည်အောင်ပွဲခံခဲ့ပြီး ပရိသတ် စုဝေးရာနေရာများတွင် အခြားသောပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပခဲ့သေးသည်။ ဘန်ကောက်မြို့ရှိ အဓိကမြို့တွင်းလမ်းကြောင်းများသည် လီဗာပူးပရိသတ်များ၏ချီတက်ပွဲကြောင့် အနှောင့်အယှက်များဖြစ်ခဲ့ရပြီး ယာဉ်ကြောပိတ်ဆို့မှုပေါင်းများစွာဖြစ်ခဲ့ကြောင်း The Nation က ရေးသားထားသည်။ လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိသည်ကို ဂုဏ်ပြုသည့် ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များ၏ချီတက်ပွဲကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဘန်ကောက်မြို့ရှိ ခရီးသည်များကို အစားထိုးလမ်းကြောင်းများ စီစဉ်ပေးခဲ့ရကြောင်း ယာဉ်လမ်းကြောကြီးကြပ်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံရှိ လီဗာပူးပရိသတ်များသည် ချီတက်ပွဲအခမ်းအနားကို CentralWorld […]

ကျွန်းစုတွင် ရှေးဟောင်းစေတီတစ်ဆူ မိုးကြိုးထိမှန်

Dawei Watch

May 25, 2025

ကျွန်းစုမြို့နယ် ၊ ညောင်ဘီးကျေးရွာအုပ်စု ၊ ပဲယာရွာ တောင်ပေါ်ရှိ ကျောက်မော်တောင်စေတီ မေလ ၂၃ ရက် ညနေပိုင်းက မိုးကြိုးထိမှန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မိုးကြိုးထိမှန်သည့် စေတီသည် ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ယခင်ကလည်း မိုးကြိုးထိမှန်ဖူးကြောင်း ပြန်လည်ပြုပြင်၍ ထီးပြန်တင်ထားသည်မှာ နှစ်နှစ်ခန့်သာရှိသေးကြောင်း ပဲယာရွာသားတစ်ဦးပြောပြသည်။ ” ဘုရားက အဖိုးတို့အဖွားတို့ခေတ်ကတည်းက ရှိနေတဲ့ ရှေးဟောင်းဘုရားပါ။ ပြန်ပြင်ထားတာ နှစ်နှစ်ပဲရှိသေးတယ်။ အခုမိုးကြိုးထပ်အပစ်ခံရပြီး ပျက်စီးသွားတယ် ” ဟု ၎င်းကပြောသည်။ မိုးကြိုးပစ်ခံရ၍ လူထိခိုက်ဒဏ်ရာရခြင်းနှင့် ကျေးရွာအတွင်း အခြားထိခိုက်မှုမရှိကြောင်း ၎င်းကဆက်ပြောသည်။ မိုးကြိုး ထိမှန်သည့် စေတီ၏ အလယ်ပိုင်း ခေါင်းလောင်းအနားထိ ပြိုကျပျက်စီးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများ၌တွေ့ရသည်။ မေလ ၁၁ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် ၊ အလယ်မန်ရွာတွင် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်ကာ ထိခိုက်ဒဏ်ရာရသဖြင့် […]

စစ်ကောင်စီ၏ စက်သုံးဆီကန့်သတ်မှုကြောင့် ဘုတ်ပြင်းတွင် တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်

Dawei Watch

May 25, 2025

ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် မိုးဦးကျတောခုတ်ရာသီ၌ တောခုတ်ခဈေး နှစ်ဆနီးပါးမြင့်တက်လာကြောင်း တောင်သူအချို့ထံမှ သိရသည်။ ယမန်နှစ်က မိုးဦးရာသီက တောခုတ်အလုပ်သမားငှားရမ်းရာတွင် နေ့စားခအဖြစ် တစ်ရက်လျှင် ၁၃၀၀၀ ကျပ် ဝန်းကျင်ရှိရာက လက်ရှိတွင် ၂၅၀၀၀ ကျပ် ဝန်းကျင်အထိ ဖြစ်လာကြောင်း တောင်သူအချို့နှင့် တောခုတ်အလုပ်သမားအချို့က ဆိုသည်။ “‌ဓာတ်ဆီဈေးတွေ တအားမြင့်တက်လာတော့ တောခုတ်ခေါ်တဲ့သူသိပ်မရှိပေမယ့် အလုပ်တော့လုပ်နေရတယ်”ဟု မနိုးရုံးကျေးရွာနေ တောခုတ်အလုပ်သမားတစ်ဦးက ပြောသည်။ မြိတ်-တနင်္သာရီ လမ်းပိုင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ယခုနှစ် ဧပြီလကစပြီး ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာအချို့ကို စက်သုံးဆီတင်ဆောင်ခွင့် ကန့်သတ်ထားသည်။ ယင်းကြောင့် အခြားဒေသများမှ ရေလမ်းကြောင်းဖြင့် သယ်ယူရသည့်အတွက် ဈေးကြီးပေးဝယ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ မကန့်သတ်မီက ဓာတ်ဆီတစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ် ၅၀၀၀ […]

မြိတ်တွင် ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံး

Dawei Watch

May 25, 2025

မြိတ်မြို့၊ ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၄နှစ်နှင့် ၃လအရွယ် ကလေးငယ် တစ်ဦး မေလ ၂၄ရက်ညက သေဆုံးကြောင်း နာရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝဋံသကနာရေးကူညီမှု အသင်းထံမှ သိရသည်။ အဆိုပါကလေးငယ်သည် မြိတ်မြို့၊ တောင်ပြိုရပ်၊ မြို့ပတ် (၁) လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ “ကလေးငယ်က သွေးလွန်တုပ်ကွေးလည်းဖြစ်တယ်။ အရင် အခြားရောဂါအခံလေးတွေလည်း နည်းနည်းရှိတော့ သွေးလွန် တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာက နည်းနည်းပြင်းပြီး အသက်ဆုံးရှုံးသွားတယ်” ဟု မိသားစု၏ ပြောပြချက်ကို ကိုးကား၍ ဝဋံသကနာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြန်ပြောင်းပြောဆိုသည်။ မြိတ်မြို့တွင် သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသနေသည့် ကလေးလူနာများ ရှိနေကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများထံမှ သိရသည်။ ယခုမေလအတွင်း ထားဝယ်မြို့တွင်လည်း […]

ကော့သောင်းမြို့တွင် နေအိမ်နှစ်လုံးမီးလောင်

Dawei Watch

May 25, 2025

ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ်ကွက်၊ ပ.လ.က ကွင်းအနီးရှိ နေအိမ်နှစ်လုံး မေလ ၂၄ ရက် မွန်းလွဲပိုင်းတွင် မီးလောင်ပျက်စီးခဲ့ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရသည်။ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေသူများ ဝိုင်းဝန်းငြှိမ်း သတ်မှုကြောင့် မိနစ် ၂၀ခန့်အကြာတွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်သည့် ရပ်ကွက်နေသူတစ်ဦးက ပြောသည် ။ “မီးက နှစ်အိမ်စလုံး အပေါ်ထပ်မှာ မီးစွဲသွားပြီးလောင်နေတယ်။ မီးလောင်ချိန် မိုးလည်းနည်းနည်းရွာနေတာရော မီးသတ်ကားလည်း အရောက်မြန်တာကြောင့်ရော မီးငြိမ်းမြန်သွားတယ်” ဟု ၎င်းက ဆိုသည် ။ မီးလောင်ကျွမ်းရသည့် အကြောင်းအရင်း တိတိကျကျ မသိရသေးသလို မီးသတ်ဦးစီးဌာနကလည်း အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ ယနေ့ မေလ ၂၅ ရက် နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။ […]