ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ မော်တုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးချ

Dawei Watch

May 23, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မေလ ၂၂ ရက်က ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ဗုံးမချမီ ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် စစ်ကောင်စီ ရိက္ခာကားသုံးစီးကို ရမ်းဖိုရွာအရောက်တွင် တနင်္သာရီပကဖ ဇုန် ၃ က တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ “သူတို့တက်လာမယ့်လမ်းကို သတင်းအရစောင့်ပြီး သွားပစ်တယ်။ အပြန်အလှန် ပစ်ခတ်တာက ၄၅မိနစ်လောက် ကြာတယ်။ ထိခိုက်မှုက မသိရသေးဘူး” ဟု တနသ်ာရီ ပကဖ ဇုန်၃ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ရမ်းဖိုရွာအနီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်သားများက မော်တုန်းရွာ စာသင်ကျောင်းနှင့် မော်တုန်းရွာ […]

ထားဝယ်အရှေ့တောတွင် KTLA တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

May 23, 2025

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာတွင် ကော်သူးလေတပ်မတော်-KTLA ဆာကပေါတပ်မ တပ်ရင်း(၂)တပ်ခွဲ(၃)မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီး သေဆုံးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။ ယနေ့(မေ ၂၃) မနက်ပိုင်းတွင် တောင်သုံးလုံးရွာနှင့် မြေးခံဘော်ရွာသွားသည့်လမ်းကို တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဆိုင်ကယ်စီးပြီးဖြတ်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း တောင်သုံးလုံးရွာက ဒေသခံတစ်ဦးနှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ “သူကတော့နေရာမှာပဲ ဆုံးတယ်လို့ပြောတယ်၊ သူ့တပည့်တစ်ဦးကတော့ အဆက်သွယ်မရဘဲ ပျောက်နေတယ်လို့ကြားတယ်” ဟု အရှေ့တောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။ ဗိုလ်နှင်းဆီသည် တောင်သုံးလုံးရွာဇာတိဖြစ်ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်ဖြင့်လာသည့် အဖွဲ့ဝင်အရေအတွက်ကိုမူ အတိအကျမသိကြောင်း တောင်သုံးလုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗိုလ်နှင်းဆီသေဆုံးသည်မှာ မှန်ကန်ကြောင်း KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီးကလည်း အတည်ပြုပြောဆိုသည်။ “ဟုတ်ပါတယ် ကျွန်တော်လည်းအခုပဲသတင်းရတယ်၊ သူ့ဓာတ်ပုံတစ်ပုံသူများပို့ပေးတယ်” ဟု ဗိုလ်အယ်ခွီးက ဆိုသည်။ […]

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် တစ်သင်းလုံးနီးပါးကို မန်ယူ အရောင်းဈေးကွက်တင်

Dawei Watch

May 23, 2025

မန်ယူအသင်းသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် အဓိက, ကစားသမားအများအပြားကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။ မန်ယူသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နှင့်အတူ ကတ်စ်မဲရိုး၊ မက်ဂွိုင်းရား၊ လုခ်ရှော၊ အိုနားနား၊ ဂါနာချို၊ ဟွိုက်ဂျ်လန်းနှင့် ကိုဘီ မိုင်နူးတို့ကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်ပြီး ရတ်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ကိုလည်း ကြိုက်နှစ်သက်သောဈေးနှုန်းတစ်ရပ် ရရှိမည်ဆိုပါက ရောင်းထုတ်လိုက်ရန် မန်ယူက ဆုံးဖြတ်ထားပြီဖြစ်သည်။ မန်ယူနည်းပြ အေမိုရင် သည် နွေဈေးကွက်တွင် ၎င်းကြိုက်နှစ်သက်သောကစားသမားများကို ခေါ်ယူလိုပါက အသင်းအတွက် မလိုအပ်တော့သည့်ကစားသမားများကို ဦးစွာပထမ ရောင်းထုတ်ရလိမ့်မည်ဟု အသင်းရှယ်ယာရှင် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က အသိပေးထားပြီးဖြစ်သည်။ ယူရိုပါလိဂ်ဖိုင်နယ်တွင် စပါးကို အရေးနိမ့်လိုက်ရပြီးသည့်နောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရခြင်းကို ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က […]

ထားဝယ်တွင် သွေးအလှူရှင်အဖွဲ့ငါးဖွဲ့ပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ဖွဲ့စည်း

Dawei Watch

May 23, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သွေးအလှူရှင်အသင်းများကွန်ရက်ထံမှ သိရသည်။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။ မသမာနည်းနှင့် အသုံးချပြီး သွေးလိုအပ်သည့် လူနာများအပေါ် အခကြေးငွေယူကာ ခေါင်းပုံဖြတ်ခြင်းများကို လုပ်ဆောင် နေသည့် အဖွဲ့အစည်းရှိလာခြင်းကြောင့် အားလုံးစုစည်းကာ မူတစ်ခုချမှတ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သွေးအလှူရှင်များအသင်းကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းက ပြောသည်။ “အဓိက ပြီးခဲ့တဲ့အပတ် […]

ယနေ့ ည ၁၀ နာရီခွဲခန့်တွင်ယှဉ်ပြိုင်မည့် One Friday Fights တွင် ဖလိုင်းဝိတ်တန်းကျိန်စာဆိုးကို အဲမွီ ချေဖျက်နိုင်ဖွယ်ရှိ

Dawei Watch

May 23, 2025

ယနေ့ည ကျင်းပမည့် One Friday Fights 109 ၏ဒုခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမည့် မြန်မာဖိုက်တာ အဲမွီနှင့် ထိုင်းဖိုက်တာ ဝတ်သိခရိုင် တို့၏စိန်ခေါ်ပွဲကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲခန့်၌ ကြည့်ရှုရဖွယ်ရှိနေသည်။ အဲမွီနှင့် ဝတ်သီခရိုင်တို့၏ပွဲစဉ်သည် အချိန်အားဖြင့် အနည်းငယ် နောက်ကျဖွယ်ရှိနေပြီး ယခုပွဲစဉ်မှာ မြန်မာဖိုက်တာ အဲမွီအတွက် ONE ကစားသမားဘဝဖြတ်သန်းမှု ၅ ပွဲမြောက်ပွဲစဉ်ဖြစ်လာတော့မည်ဖြစ်သည်။ အဲမွီ သည် ONE ပြိုင်ပွဲတွင် ထိုင်းဖိုက်တာတစ်ဦးနှင့် ပထမဆုံးအကြိမ် စတင်ရင်ဆိုင်ရခြင်းဖြစ်ပြီး ယခုမတိုင်မီ အဲမွီ ရင်ဆိုင်ခဲ့ရသောဖိုက်တာ ၄ ဦး၌ ဂျပန်ဖိုက်တာ ၂ ဦး၊ ဂမ်ဘီယာ-ဆွစ်ဇာလန်နွယ်ဖွား ဖိုက်တာ ၁ ဦးနှင့် အစ္စရေး-အမေရိကန်နွယ်ဖွားဖိုက်တာ ၁ ဦးတို့ ပါဝင်ခဲ့သည်။ အဲမွီ သည် […]

ထားဝယ်တွင် ဘိလပ်မြေပြတ်လပ်

Dawei Watch

May 23, 2025

ထားဝယ်မြို့၊ အိမ်ဆောက်ပစ္စည်းစျေးကွက်တွင် မေလ ဒုတိယအပတ်ကစပြီး ဘိလပ်မြေပြတ်လပ်နေကြောင်း အိမ်ဆောက်ပစ္စည်းရောင်းသူများနှင့် ဆောက်လုပ်ရေးလုပ်နေသူများထံမှ သိရသည်။ ပြည်တွင်းထုတ်ဘိလပ်မြေများကို ကုန်းလမ်းဖြင့် ထားဝယ်ခရိုင်သို့ တင်သွင်းလေ့ပြီး ထိုင်းထုတ် ဘိလပ်မြေများကို ရေလမ်းကြောင်းဖြင့် တင်သွင်းလေ့ရှိသည်။ သို့သော် ယခုနှစ်ဆန်းပိုင်းမှာ စတင်ကာ ပြည်တွင်းထုတ် ဘိလပ်မြေများ ဝယ်ရခက်ခဲသဖြင့် ပြည်ပက ဘိလပ်မြေကိုသာ အားကိုးနေရကြောင်း စျေးကွက်အတွင်းက သိရသည်။ ပြည်တွင်း ဘိလပ်မြေစက်ရုံတည်ရှိသော နေရာများတွင် တိုက်ပွဲများဖြစ်ပွားခြင်း၊ ကုန်ကြမ်းမလုံလောက်ခြင်းတို့ကြောင့် ဘိလပ်မြေထုတ်လုပ်မှု လျော့ကျနေပြီး ငလျင်ဘေးကြောင့်လည်း ဘိလပ်မြေလိုအပ်ချက်မြင့်မားက ပြည်တွင်း စျေးကွက်တွင် ဘိလပ်မြေ ဝယ်ယူရခက်ခဲ့နေကြောင်း စျေးကွက်အတွင်းက စုံစမ်းသိရသည်။ ပြည်တွင်းဘိလပ်မြေ ရရှိရန် ခက်ခဲနေချိန် ပြည်ပမှ ထားဝယ်ခရိုင်သို့ တင်သွင်းသည့် ဘိလပ်မြေကိုလည်း စစ်ကောင်စီက တစ်လတစ်ကြိမ် တင်သွင်းခွင့်ပြုထားသဖြင့် လုံလောက်ခြင်း မရှိဘဲ ပြတ်လပ်သွားခြင်းဖြစ်ကြောင်း […]

ဘတ် ၁၀ ဘီလီယံ လျော်ကြေးပေးဆောင်ရန် ယင်လပ်ကို တရားရုံးအမိန့်ချ

Dawei Watch

May 23, 2025

အစိုးရဘဏ္ဍာငွေများကို ဆုံးရှုံးနစ်နာစေခဲ့မှုကြောင့် ဘတ်ငွေ ၁၀ ဘီလီယံကျော် (ဒေါ်လာ ၃၀၅ သန်းကျော်) လျော်ကြေး ပေးဆောင်ရန် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှာနာဝပ်ထရာအား ထိုင်းတရားရုံးတစ်ခုက မေလ ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်သည်။ ၎င်းဝန်ကြီးချုပ်ဖြစ်ခဲ့စဉ် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က လယ်သမားများအတွက် ဆန်စပါး အမတော်ကြေးစီမံကိန်းတွင် အစိုးရဘဏ္ဍာငွေများစွာဆုံးရှုံးခဲ့ရမှုနှင့်ပတ်သက်၍ တရားရုံးက မေလ ၂၂ရက်တွင် ယင်းသို့အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ယင်လပ်ရှာနာဝပ်ထရာ၏ ဖွေထိုင်းပါတီအား ၂၀၁၁ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရစေခဲ့သည့် အထင်ကရ မူဝါဒတစ်ခု ဖြစ်သည်။ ကျေးလက်နေလယ်သမားများကို ထောက်ပံ့ရန် ရည်ရွယ်ခဲ့သည်ဟုဆိုသော အဆိုပါ စီမံကိန်းကြောင့် အစိုးရ ဘဏ္ဍာငွေများစွာ ပြုန်းတီးဆုံးရှုံးစေခဲ့ကြောင်း ဆိုသည်။ ယင်းစီမံကိန်းအရ ယင်လပ်အစိုးရသည် ထိုင်းလယ်သမားများအား ကမ္ဘာ့ဆန်ဈေးကွက်ပေါက်ဈေးထက် တစ်ဝက်ပိုပေးကာ ဆန်စပါးများ ဝယ်ယူခဲ့ရာ […]

ဘီးလင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

May 23, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၁ ရက် ည ၈ နာရီခွဲခန့်တွင် ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပဏ္ဍိကုန်းကျေးရွာအတွင်းရှိ နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ပေါ်ရှိ အသက် ၄၀ အရွယ် ဒေါ်အေးနိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ၎င်းအပြင် အသက် ၄၇ နှစ်အရွယ် ဒေါ်မိနုနှင့် သားဖြစ်သူ အသက် ၁၁ နှစ်အရွယ်ကလေးတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက […]