ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းမိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဆိုပြီး မြန်မာတစ်ဦးဖမ်းဆီးခံရ

Dawei Watch

May 23, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တယားဒေသတွင် အသက် ၁၇နှစ်နှင့် ၂၀နှစ်အရွယ် ထိုင်းမိန်းကလေးနှစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မေလ၂၂ ရက်က စီရချားဒေသရှိ နေထိုင်ရာအခန်းထဲတွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားကို ပတ္တယားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူသည် မွန်ပြည်နယ် ကျိုက်မရောဒေသခံတစ်ဦးဖြစ်ပြီး ပတ္တယားဒေသတွင် ပလာတာရောင်းနေသူဖြစ်ကြောင်း ဆိုသည်။ မေလ ၂၀ ရက်က မြန်မာနိုင်ငံသားသည် ထိုင်းမိန်းကလေးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့ပြီးနောက် ဖုန်းများကို ခိုးယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြသည်။ အဆိုပါအမျိုးသားကို CCTV မှတ်တမ်းများကတစ်ဆင့် ခြေရာခံလိုက်လံစုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၎င်း၏ နေထိုင်ရာ အခန်းထဲကို ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အခင်းဖြစ်သောနေ့တွင် […]

သရက်နှစ်ခွတံတားစစ်ကောင်စီဂိတ်တွင် လူငယ်သုံးဦးရိုက်နှက်စစ်ဆေးခံရပြီး တစ်ဦးဖမ်းဆီးခံရ

Dawei Watch

May 23, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ သရက်နှစ်ခွတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် မေလ ၂၂ ရက်က လူငယ်အမျိုးသားသုံးဦး ရိုက်နှက်စစ်ဆေးခံရပြီး ယင်းအနက်တစ်ဦးမှာ ဖမ်းဆီးခံထားရကြောင်း ဒေသခံအချို့က‌ ပြောသည်။ သင်းကျွန်းရွာသား လူငယ်သုံးဦးသည် ပိန်းတောကျေးရွာ မင်္ဂလာဆောင်ပွဲက ဆိုင်ကယ်နှစ်စီးဖြင့် ပြန်လာချိန် ယင်းသို့ ကြုံတွေ့ရခြင်းဖြစ်ကြောင်း သင်းကျွန်းရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဆိုင်ကယ်နှစ်စီးအနက် တစ်စီးတွင်မူ လူငယ်အမျိုးသားနှစ်ဦး အတူစီးလာသဖြင့် ခေါ်ယူရိုက်နှက်စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ဖုန်းများကို စစ်ဆေးပြီးနောက် လူငယ်တစ်ဦးကိုမူ ပြန်မလွှတ်ဘဲ ဆက်လက် ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သိရကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။ ဖုန်းတွင် မည်သည့်အကြောင်းအရာများ တွေ့ရှိသည်ကိုမူ မသိရသေးပေ။ ရိုက်နှက်စစ်ဆေးခံရသည့် လူငယ်များမှာ အသက် ၂၀ ကျော်နှင့် ၃၀ ကြားအရွယ်များဖြစ်ပြီး ရပြန်လည် လွတ်မြောက် လာသည့် လူငယ်နှစ်ဦးမှာ […]

ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့် ထရမ့်အစိုးရပိတ်ပင်

Dawei Watch

May 23, 2025

ကမ္ဘာကျော်ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသူကျောင်းသားများ လက်ခံခွင့်ကို ထရမ့်အစိုးရက မေလ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းလိုက်သည်။ ယင်းမှာ ထရမ့်အစိုးရ၏ ဖိအားပေးတောင်းဆိုချက်များကို တက္ကသိုလ်ဘက်က လိုက်လျောလာစေရန် နောက်ထပ်တိုးမြှင့် ဖိအားပေးမှုတစ်ခု ဖြစ်ကြောင်း The New York Times သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ထရမ့်အစိုးရတောင်းဆိုသော နိုင်ငံတကာ ကျောင်းသား ကျောင်းသူများ၏ အကျင့်စာရိတ္တ မှတ်တမ်းအား လွှဲပြောင်းပေးရန် ဟားဗတ်တက္ကသိုလ်ဘက်မှ ငြင်းဆန်သည့်အတွက် Harvard’s Student and Exchange Visitor Program (SEVP) ကို ရပ်ဆိုင်းရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဟားဗတ်တက္ကသိုလ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစ၍ နိုင်ငံတကာကျောင်းသားသစ်များကို လက်ခံနိုင်တော့မည် မဟုတ်ဟု အမေရိကန်အစိုးရ အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။ လက်ရှိတက်ရောက်နေသည့် နိုင်ငံတကာကျောင်းသားများအနေဖြင့် အမေရိကန်နိုင်ငံ၌ တရားဝင်ဆက်လက်နေထိုင်ခွင့်အတွက် […]

ရခိုင်တွင် လူငယ်များ AAထံ စစ်မှုထမ်းရမည်၊ စစ်မှုထမ်းအကျုံးဝင်သူများကို ပြည်နယ်ပြင်ပထွက်ခွင့်ပိတ်

Dawei Watch

May 23, 2025

အာရက္ခတပ်တော်တွင် လူငယ်များ စစ်မှုထမ်းရမည်ဖြစ်ပြီး အသက် ၁၈နှစ်မှ ၄၈နှစ်အထိ လူငယ်၊ လူတ်ပိုင်းများကို ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်တားမြစ်ကြောင်း AA က မေလ ၂၂ ရက်ညတွင် ထုတ်ပြန်သည်။ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ယင်းပြဋ္ဌာန်းချက်အရ အာရက္ခတပ်တော်တွင် လူငယ်၊ လူလတ်ပိုင်းများ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၁၈နှစ်မှ ၂၅နှစ်အထိ အမျိုးသမီးများ၊ အသက် ၁၈နှစ်မှ ၄၅နှစ်အထိ အမျိုးသားများမှာ AA ထံတွင် တာဝန်ထမ်းဆောင် ရမည်ဖြစ်ကြောင်း ဆိုသည်။ စစ်မှုထမ်းရန်အကျုံးဝင်သူများ စစ်မှုမထမ်းလိုသဖြင့် ပြည်နယ်ပြင်ပသို့ ထွက်ခွာရန် ကြိုးပမ်းမှုများရှိလာသောကြောင့် ယခုကဲ့သို့ ပြည်နယ်ပြင်ပသို့ ထွက်ခွာခွင့် ပိတ်ပင်ခြင်းဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် […]

မြိတ်တွင် ကလေးတစ်ဦး ရေနစ်သေဆုံး

Dawei Watch

May 23, 2025

မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် မေလ ၂၂ ရက် ညနေပိုင်းက အသက် ၁၀နှစ်ကျော်အရွယ် ယောင်္ကျားလေးတစ်ဦး ရေနစ်သေဆုံးကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ လှေကမ်းကပ်သည့် တံတားပေါ်မှ ခြေချော်ပြုတ်ကျ ရေနစ်ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းဝင်တစ်ဦးက ပြောသည် ။ “ကလေးက မိဘတွေနောက်လိုက်သွားရင်း တံတားပေါ်က ချော်ပြီးပြုတ်ကျတာမျိုးပါ။ တံတားအငယ်လေးပဲ။ ရေနစ်တာ ဘယ်လောက်ကြာလဲတော့မသိဘူး။ ကျွန်တော်တို့ရောက်တာကတော့ ညနေ ၆နာရီလောက်ရောက်သွားပြီး ဆေးရုံပို့ပေးခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ရေနစ်သည့်ကလေးအား မြိတ်မြို့ဆေးရုံကြီးသို့ ကရုဏာနာရေးကူညီမှုအသင်းက ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံသို့ ရောက်ပြီးနောက် စစ်ဆေးစဥ် အသက်မရှိတော့သဖြင့် မြိတ်မြို့ရှိ စစ်တပ်ဆေးရုံ ရင်ခွဲရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ရကြောင်း ယင်းအသင်းထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်ကလည်း မြိတ်မြို့နယ်၊ မော်တောင်ရွာတွင် […]

မြိတ်မြို့လယ် လူအသွားအလာများသည့်လမ်းပေါ် လုယက်မှုဆက်တိုက်ဖြစ်

Dawei Watch

May 22, 2025

မြိတ်မြို့ပေါ်ရှိ လူအသွားအလာများသည့်လမ်းပေါ်တွင် ငွေကြေးနှင့် ပစ္စည်းလုယက်မှုများ ဆက်တိုက်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မေလ ၂၀ရက် ညတွင် မြိတ်မြို့ ပါရမီလမ်းတွင် လုယက်မှုသုံးကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ငွေကြေးနှင့် ဖုန်းအချို့ လုယက်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါညတွင် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦး လုယက်ခံရရာ ငွေကျပ် ၂ သိန်းဝန်းကျင်နှင့် လက်ကိုင်ဖုန်း တစ်လုံးပါသွားသည်ဟု သိရကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီးတစ်ဦး ထပ်မံလုယက်ခံရရာ ငွေကျပ် ၂ သိန်းကျော်ပါသွားပြီး ဆိုင်ကယ် တစ်စီးတည်းအတူစီးလာသည့် အခြားအမျိုးသမီးနှစ်ဦးကို ထပ်မံလုယက်ခဲ့သော်လည်း ပစ္စည်းတစ်စုံတစ်ရာ မပါသွား ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ အဆိုပါလုယက်မှုသုံးခုစလုံးကို အမဲရောင် အင်္ကျီလက်ရှည် ဝတ်ဆင်ကာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် အမျိုးသား တစ်ဦးက ဆိုင်ကယ်ချင်းကပ်မောင်းကာ လုယက်နေခြင်းဖြစ်ကြောင်း […]

တနင်္သာရီ သာရဘွင်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်

Dawei Watch

May 22, 2025

တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေးရွာအနီးရှိ ကျောက်တောင်ရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ပြည်သူကို ပစ်မှတ်ထားကြဲတာပါ” ဟု ၎င်းက ပြောသည်။ ဗုံးများမှာ ရွာအနီးဝန်းကျင်တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် နေအိမ်အဆောက်အအုံ ထိခိုက်မှု မရှိဟု ကနဦးသိရကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံးကြဲချပြီး ပွိုင့်ဖိုက် စက်သေနတ်ဖြင့်ပါ အတွဲလိုက်ပစ်ခတ်ခဲ့ကြောင်း ပြောဆိုသည်။ “လူတော့ မထိခိုက်ဘူး။ ဘာမှ မဖြစ်ကြဘူး။ ကြိုပြီးတော့ ရှောင်လို့မီ […]

နိုင်ငံတကာသံတမန်များကို အစ္စရေးစစ်တပ် သတိပေးပစ်ခတ်

Dawei Watch

May 22, 2025

အစ္စရေးသိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်း (West Bank) သို့ ရောက်ရှိနေသော နိုင်ငံတကာသံတမန်အဖွဲ့ကို အစ္စရေးတပ်ဖွဲ့ဝင်များက မေလ ၂၁ ရက်နေ့တွင် သတိပေးပစ်ခတ်ခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့၏ စီစဉ်ပေးမှုအရ အနောက်ဘက်ကမ်း ၊ ဂျာနီးမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတကာသံတမန် ၂၅ ဦး ပါဝင်သည့် အဖွဲ့၏ တရားဝင်လေ့လာရေးခရီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များက ယင်းသို့ သတိပေးပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်အပေါ် နိုင်ငံတကာက ဒေါသတကြီး ကန့်ကွက်ရှုတ်ချခဲ့ကြပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ပေးရန် ဖိအားပေးတောင်းဆိုလျက် ရှိသည်။ အဆိုပါ သံတမန်အဖွဲ့က မီဒီယာများသို့ အင်တာဗျူးဖြေကြားနေစဉ် ၎င်းတို့ အနီးအနား၌ ရုတ်တရက် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ကို အင်တာနက်ပေါ် ပျံ့နှံ့လာသည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။ ယင်းကြောင့် သံတမန်များနှင့် သတင်းထောက်များပါ ဘေးကင်းလုံခြုံရာသို့ တိမ်းရှောင်ခဲ့ရသည်ကို အဆိုပါဗီဒီယိုမှတ်တမ်းထဲ၌ […]