ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 24, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၈ ရက်မှ ၂၄ ရက်အထိ KIA ပစ်ချတဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် လေစင်းထက်မနည်းရှိလာ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ချလို့ ပျက်ကျသွားတဲ့ စစ်ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ် လေးစင်းထက်မနည်း ရှိလာပါတယ်။ ယခုသီတင်းပတ် မေလ ၂၀ရက်မွန်းလွဲပိုင်းမှာလည်း ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာပို့တဲ့ Mi 17 စစ်ရဟတ်ယာဉ် သုံးစင်းကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီထဲက ရဟတ်ယာဉ်တစ်စင်းမှာတော့ ပင်ကာ ပင်မနေရာမှာ ထိမှန်ပေါက်ကွဲတာကို ရုပ်သံမှတ်တမ်းမှာတွေ့ရပြီး ရဟတ်ယာဉ် ပြန်လည်ထွက်ခွာသွားနိုင်ခဲ့ပေမယ့် တောထဲ မှာ ပျက်ကျသွားခဲ့တာပါ။ ရုပ်သံမှတ်တမ်း […]

စစ်ကောင်စီ လက်နက်ကြီးကြောင့် ဘုတ်ပြင်းဒေသခံတစ်ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

May 24, 2025

ဘုတ်ပြင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် တစ်မိုင်ခွဲကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ လေညာကျေးရွာရှိ စစ်ကောင်စီတပ်က မေလ ၂၂ရက် ည၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်ခြင်းဖြစ်ပြီး တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဘိုဟိန်း၏ နေအိမ်အနီး ကျ‌ရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ဦးဘိုဟိန်း၏ ဦးခေါင်းကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး ညာဘက်နားရွက်လည်း ပြတ်တောက်ခဲ့ကြောင်း ဒဏ်ရာရသူ၏ မိသားစုနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ “ခေါင်းကို ထိသွားတယ်ဆိုတော့ စိုးရိမ်ရတယ်။ နားရွက်တစ်ဖက်လည်း ပြတ်သွားတယ်။ ဖြစ်ဖြစ်ချင်း မဏ္ဍိုင် (ပြည်ကြီးမဏ္ဍိုင်မြို့) ဆေးရုံသွားပြန်တော့လည်း လေညာ (ရွာ) စစ်တပ်က ညဘက် မပေးဖြတ်ဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က သွားခွင့်မပြုသဖြင့် ညတွင်းချင်းဆေးရုံမတင်ပို့နိုင်ဘဲ […]

သရက်နှစ်ခွတံတားဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်ပြန်လွတ်

Dawei Watch

May 24, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်ရှိ သရက်နှစ်ခွတံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီး ခံရသည့် သင်းကျွန်းရွာက လူငယ်အမျိုးသားတစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း သင်းကျွန်းရွာမှ ဒေသခံအချို့က ပြောသည်။ မေ ၂၂ ရက်က အသက် ၂၀ ကျော်နှင့် ၃၀ ဝန်းကျင်အရွယ် သင်းကျွန်းရွာဒေသခံ လူငယ်အမျိုးသားသုံးဦး ဆိုင်ကယ်နှစ်စီးဖြင့် ပိန်းတောရွာ မင်္ဂလာဆောင်ကအပြန်တွင် အဆိုပါဂိတ်၌ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်။ ဆိုင်ကယ်နှစ်စီးအနက် တစ်စီးတွင် အမျိုးသားနှစ်ဦးအတူ စီးနင်းလာသည်ဆိုပြီး ခေါ်ယူစစ်ဆေးကာ သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်ခဲ့ပြီးနောက် နှစ်ဦးကို လွတ်ပေးကာ အသက် ၃၀အရွယ် ကိုကိုသက်ကိုမူ ဆက်လက်ဖမ်းဆီး ထားခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူ့ကို သရက်ချောင်းစခန်းကို ခေါ်သွားတယ်လို့ပြောတယ်။ မနေ့က ပြန်လာတာမှာတော့ သူ့ဘာသူဆိုင်ကယ်စီးပြီး ပြန်လာ တာပဲ။ အခုက ဆေးကုနေရတယ်။ ဆေးဘူးကြီးတွေဘာတွေသွင်းနေရတယ်၊ […]

ချန်ပီယံလိဂ် ဝင်ခွင့်မရသည့်အတွက် မန်ယူအနေနှင့် အက်ဒီးဒတ်စ်ကို လျော်ကြေးပေးရမည်

Dawei Watch

May 24, 2025

မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိသည့်အတွက် အက်ဒီးဒတ်စ် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုထံမှနေ၍ စပွန်ဆာကြေး လျှော့ယူရတော့မည့်အပြင် တစ်နှစ်လျှင် လျော်ကြေးအဖြစ် အက်ဒီးဒတ်စ်ထံသို့ ပေါင် ၁၀ သန်းစီ ပေးနေရတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။ မန်ယူနှင့် အက်ဒီးဒတ်စ်တို့ စပွန်ဆာစာချုပ် ချုပ်ဆိုရာတွင် ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ရာသီဆက် ဆုံးရှုံးခဲ့မည်ဆိုပါက မန်ယူမှနေ၍ အက်ဒီးဒတ်စ်ထံသို့ လျော်ကြေးအဖြစ် ပေါင် ၁၀ သန်း ပြန်ပေးရမည်ဟု အချက်တစ်ခု ထည့်သွင်းထားပြီး ယင်းသို့သော နစ်နာမှုများကြောင့် မန်ယူရှယ်ယာရှင်သစ် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က ဝန်ထမ်းအရေအတွက် ၂၀၀ ခန့်ကို အလုပ်ထုတ်ရန် စီစဉ်နေပြီလည်းဖြစ်သည်။ မန်ယူသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာစာ ရရှိရန် ကြိုးပမ်းရတော့မည်ဖြစ်ပြီး အကယ်၍ ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် မရရှိခဲ့ပါက […]

မန်ယူနည်းပြဟောင်း အီရစ်ခ် တန်ဟတ်ဂ် ကို လေဗာကူဆင်နည်းပြသစ်အဖြစ် ခန့်အပ်မည်

Dawei Watch

May 24, 2025

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းသည် မန်ယူနည်းပြဟောင်း အီရစ်ခ်တန်ဟတ်ဂ် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရယူလိုက်ပြီဖြစ်ကြောင်း Yahoo Sports က ဖော်ပြထားသည်။ နာမည်ကြီး အေးဂျင့် ဖာဘရီဇီယို ရိုမာနို ကလည်း လေဗာကူဆင်နည်းပြသစ်အဖြစ် အီရစ်ခ် တန်ဟတ်ဂ်က ၂ နှစ်သက်တမ်းစာချုပ်ဖြင့် တာဝန်ထမ်းဆောင်တော့မည့်အကြောင်းကို သတင်းရေးသား အတည်ပြုထားပြီဖြစ်ပြီး လေဗာကူဆင်မှာ ကိုမိုနည်းပြ ဖာဘရီဂတ်စ်ကို ခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ပြီးသည့်နောက် အီရစ်ခ် တန်ဟတ်ဂ် ဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။ လေဗာကူဆင်အသင်းသည် နည်းပြ အလွန်ဆို ကို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် လက်လွှတ်လိုက်ရအပြီးတွင် အသင်းနည်းပြသစ် ခန့်အပ်ရန် အပူတပြင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ မကြာမီကျင်းပတော့မည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နည်းပြ အလွန်ဆို၏ဦးဆောင်မှုဖြင့် ပြိုင်ပွဲဝင်ရန် သေချာနေပြီဖြစ်သည်။ လေဗာကူဆင်နှင့် နည်းပြ အီရစ်ခ် […]

ရေဖြူ ပယရွာနှင့်ဇာဒီရွာအကြားရှိ ရှားကုန်းစစ်ကောင်စီဂိတ် မီးရှို့ခံရ

Dawei Watch

May 24, 2025

ရေဖြူမြို့နယ် ပယရွာနှင့် ဇာဒီရွာအကြားတွင်ရှိသည့် ရှားကုန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် မေလ ၂၃ ရက် ညနေပိုင်းက မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ ရှားကုန်း စစ်ကောင်စီဂိတ်တွင် ယခုနှစ်ဆန်းကစ၍ စစ်ကောင်စီတပ်သားများ နေထိုင်ခြင်းမပြုတော့ဘဲ ကင်းလှည့်ပတ်ချိန်တွင် လမ်းပိုင်းစစ်ဆေးနိုင်ရန်သာ ယင်းဂိတ်တွင် ယာယီလာရောက်နေထိုင်လေ့ ရှိသည်ဟု ၎င်းတို့ကဆိုသည်။ မီးရှို့ခံရချိန်တွင် စစ်ကောင်စီတပ်သားများ ရှိမရှိကို မသိရဘဲ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုလည်း ယနေ့ မေလ ၂၄ ရက် နေ့လယ်ပိုင်းအထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ပယရွာနှင့် ဇာဒီရွာပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုထံဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း တုံ့ပြန်ဖြေကြားသည်။ ရှားကုန်းဂိတ် မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ကံပေါက်-ပယလမ်းကို ယာယီပိတ်ခဲ့ပြီး ဇာဒီရွာဘက်သို့လည်း လက်နက်ကြီး […]

ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာကျောင်းသားလက်ခံခွင့် ထရမ့်အစိုးရ ပိတ်ပင်မှုအပေါ် တရားသူကြီး ဆိုင်းငံ့

Dawei Watch

May 24, 2025

ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ပိတ်ပင်သည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက မေလ ၂၃ ရက်နေ့က ပိတ်ဆို့ဆိုင်းငံ့လိုက်သည်။ ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဟားဗတ်တက္ကသိုလ်ဘက်မှ တရားစွဲဆိုခဲ့ရာတွင် တရားသူကြီးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ အိမ်ဖြူတော်၏ နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုမှုကို ဟားဗတ်တက္ကသိုလ်က ဖီဆန်သည့်အပေါ် အမေရိကန်အခြေခံဥပဒေနှင့် ဆန့်ကျင်ကာ လက်တုံ့ပြန်မှုဖြစ်သည်ဟု ထရမ့်အစိုးရကို တက္ကသိုလ်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။ ယင်းမှာ အမေရိကန်အခြေခံဥပဒေ ပထမပြင်ဆင်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တက္ကသိုလ်ဘက်က သောကြာနေ့က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ “ဖောင်တိန်တစ်ချက် ဆွဲလိုက်ရုံလေးနဲ့ အစိုးရဟာ ဟားဗတ်တက္ကသိုလ်ကျောင်းသားထုရဲ့ လေးပုံတစ်ပုံကို ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်။ နိုင်ငံတကာကျောင်းသားတွေဟာ ဟားဗတ်တက္ကသိုလ်နဲ့ တက္ကသိုလ်ရဲ့ ရည်မှန်းချက်တွေကို သိသိသာသာ ထင်ထင်ရှားရှား အကျိုးပြုနေတာ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 24, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၇ ရက်မှ ၂၃ ရက်အထိ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဘတ် ၁၀ ဘီလီယံ ပေးလျော်ဖို့ အမိန့်ချ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုနဲ့ပက်သပ်လို့ ဘတ် ၁၀ ဘီလီယံကျော် ပေးလျော်ဖို့ ဗဟိုတရားရုံးချုပ်က မေ ၂၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။  ယင်လတ်ဝန်ကြီးချုပ်လက်ထက်မှာ ဆန်စပါးကို ဈေးတင်ဝယ်ယူမှုနဲ့ နိုင်ငံခြားတင်ပို့ရောင်းချမှုမှာ ဘတ် ၃၅ ဘီလီယံကျော် အရှုံးပေါ်မှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး သူ့ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ယင်လတ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ထိုင်းနိုင်ငံရဲ့ ၂၈ ယောက်မြောက် […]