ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘန်းလမွတ်တွင် စစ်ကောင်စီလမ်းကင်းကို ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်

Dawei Watch

May 21, 2025

တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာတွင်ရှိသည့် စစ်ကောင်စီလမ်းကင်းကို ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကြောင်း မြေပြင်တော်လှန်ရေးရဲဘော်များက ပြောသည်။ မေလ ၂၀ရက် မွန်းလွဲ ၁နာရီဝန်းကျင်နှင့် ညနေ ၄ နာရီဝန်းကျင်တို့တွင် ဘန်းလမွတ်ကျေးရွာရှိ လမ်းကင်းချထားသည့် စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တနင်္သာရီမြို့နယ် ပကဖဇုန် (၅) မှ တောဗုံးကြီးတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။ ပထမအကြိမ် ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာရပြီး ညနေပိုင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ၎င်းက ပြောသည်။ သေဆုံး ထိခိုက်ဒဏ်ရာရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇဝဲကျေးရွာအခြေစိုက် (၅၅၆) တပ်ရင်းသို့ သယ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ညနေပိုင်း ဒရုန်းဖြင့်တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီလမ်းကင်းနှင့် မော်တုန်းအခြေစိုက် […]

မြန်မာတစ်ဦးအပါအဝင် ရွှေ့ပြောင်းများကို ထရမ့်အစိုးရက တောင်ဆူဒန်သို့ တရားမဝင်ပို့ဆောင်

Dawei Watch

May 21, 2025

မြန်မာနှင့် ဗီယက်နမ်အပါအဝင် နိုင်ငံအချို့မှ ရွှေ့ပြောင်းအခြေချသူ တစ်ဒါဇင်ဝန်းကျင်ကို ထရမ့်အစိုးရက တောင်ဆူဒန်နိုင်ငံသို့ တရားမဝင် ပြည်နှင်ဒဏ်ပေး ပို့ဆောင်လိုက်ကြောင်း ရွှေ့ပြောင်းအခြေချသူအရေး လှုပ်ရှားသူများက စွပ်စွဲလိုက်သည်။ ၎င်းတို့ကို ပြန်ခေါ်ယူပေးရန် ရွှေ့ပြောင်းအခြေချသူများအရေးဆောင်ရွက်ပေးနေသည့် ရှေ့နေများက တရားသူကြီးထံ တင်ပြထားကြောင်း The Guardian သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါ ရှေ့နေများက အမေရိကန်ခရိုင်တရားသူကြီး ဘရိုင်ယန်မာဖီအား ယင်းကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် တင်ပြထားကြောင်း သိရသည်။ တရားသူကြီး ဘရိုင်ယန်မာဖီသည် ရွှေ့ပြောင်းအခြေချသူများအား တရားရုံးတွင် ကြိုတင်ကြားနာခြင်းမရှိဘဲ ၎င်းတို့၏ ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ လျင်မြန်စွာ နှင်ထုတ်ပို့ဆောင်ခြင်းကို တားမြစ်သည့်အမိန့် ချမှတ်ထားသူ ဖြစ်သည်။ ရွှေ့ပြောင်းအခြေချသူများအား ဇာတိနိုင်ငံမဟုတ်သည့် အခြားနိုင်ငံတစ်ခုသို့ နှင်ထုတ်ပို့ဆောင်လိုက်လျှင် ထိုနိုင်ငံ၌ ၎င်းတို့အား ဖိနှိပ်အနိုင်ကျင့်မှုအန္တရာယ်များ တွေ့ကြုံရနိုင်သောကြောင့် ယင်းသို့ အမိန့်ချမှတ်တားမြစ်ထားခဲ့ခြင်း […]

ယူရိုပါလိဂ်ဗိုလ်လုပွဲကြည့်ရန် စပိန်သို့ရောက်နေသော မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွား

Dawei Watch

May 21, 2025

ယူရိုပါလိဂ်ဗိုလ်လုပွဲ ကြည့်ရှုရန် စပိန်နိုင်ငံသို့ ရောက်ရှိနေသော မန်ယူနှင့် စပါးပရိသတ်များသည် ဗိုလ်လုပွဲမတိုင်မီတွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။ စပိန်နိုင်ငံတွင် ကျင်းပမည့် ယူရိုပါလိဂ်ဗိုလ်လုပွဲကိုကြည့်ရှုရန် မန်ယူနှင့် စပါးပရိသတ်စုစုပေါင်း ၈၀,၀၀၀ နီးပါး စပိန်နိုင်ငံသို့ ရောက်ရှိနေပြီး ဆန်ဆီဘက်စ်တီယန်မြို့တွင် မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မန်ယူနှင့် စပါးပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့သော ဆန်ဆီဘက်စ်တီယန်မြို့သည် ယူရိုပါလိဂ်ဗိုလ်လုပွဲကျင်းပမည့် ဘီလ်ဘာအိုမြို့နှင့် ၄၈ မိုင်အကွာတွင် တည်ရှိပြီး စပိန်သတင်းရင်းမြစ်များက မန်ယူနှင့် စပါးပရိသတ်များမှာ ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၂၀ ဝန်းကျင်၌ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မန်ယူနှင့် စပါးပရိသတ်များသည် အပြန်အလှန် အော်ဟစ်ဆဲဆိုကာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန်ပြုခဲ့ကြပြီး စားသောက်ဆိုင်အတွင်းရှိ ခုံများ၊ အရာဝတ္ထုများနှင့် […]

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ် စက်ချို့ယွင်းပြီးပျက်ကျဟု စစ်ကောင်စီပြော

Dawei Watch

May 21, 2025

ကချင်တပ် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ် ပျက်ကျမှုကို စက်ချို့ယွင်းပြီးပျက်ကျခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မေလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။ ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို ထောက်ပို့သွားသည့် ရဟတ်ယာဉ်တစ်စင်း ဗန်းမော်မြို့ အနောက်တောင်ဘက် မီတာ ၁၄၀၀ ခန့် အကွာတွင် ရုတ်တရက် စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရဟတ်ယာဉ်ပျက်ကျသည့်နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။ မေလ ၂၀ ရက် မွန်းလွဲပိုင်းက ဗန်မော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့သည့် Mi17 ရဟတ်ယာဉ် သုံးစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပစ်ခတ်ရာ နှစ်စင်းထိမှန်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက […]

လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်း ဖမ်းခေါ်သွားသည့် ဒေသခံကိုးဦးပြန်လွတ်

Dawei Watch

May 20, 2025

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ဖမ်းခေါ်သွားသည် ဒေသခံ အမျိုးသား၊ အမျိုးသမီးကိုးဦး ပြန်လည်လွတ်မြောက်လာကြောင်း မြို့ခံတစ်ဦးနှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ လောင်းလုံးမြို့မရဲစခန်းက အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည့် ယနေ့ မေလ ၂၀ ရက် နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားကို စစ်ကြောင်းထိုးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ယင်းသို့ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံနှင့် လမ်းပေါ်တို့တွင် သွားလာလုပ်ကိုင်နေကြသည့် လောင်းလုံးမြိုခံ ရှစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။ ယင်းနောက် လောင်းလုံးမြို့နှင့် စမ်းလှန်းရွာကြားရှိ လတ်ခတ်တောင်စခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းမှတစ်ဆင့် ညနေ ၃နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “အခုပဲ ဘုန်းကြီးကားတွေနဲ့ ပြန်ပို့ပေးနေတယ်” ဟု […]

ထားဝယ် အညာဖျားကျေးရွာအုပ်စုကို လေယာဥ်ဖြင့်ဗုံးကြဲ

Dawei Watch

May 20, 2025

ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာအုပ်စုကို ယနေ့ မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ အညာဖျားကျေးရွာအုပ်စု ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဂျက်တိုက်လေယာဥ်ဖြင့် ကျေးရွာအုပ်စုဝန်းကျင်တွင် ဝဲပျံ၍ ဗုံးကြဲချခဲ့သည့်အပြင် လေယာဥ်ပေါ်က စက်သေနတ်ဖြင့်ပါ နှစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည် ။ “လေယာဥ်ပုံစံက အရင်တစ်ခေါက်လာကြဲတဲ့ လေယာဥ်ပုံစံပဲ။ အရင်တစ်ခါက အသံကြားပြီးတာနဲ့ ခေါင်းပေါ်ရောက်နေပြီ။ အခုတစ်ခေါက်က သေချာ တစ်ပတ်၊ နှစ်ပတ်လောက်ဝဲပြီးမှ ကြဲချတာ။ ပစ်ချတဲ့နေရာကတော့ အရင်ပစ်တဲ့နေရာနဲ့နီးတယ်” ဟု ဗုံးကြဲချစဥ်ဖြစ်စဥ် အနီးရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ […]

စစ်ရဟတ်ယာဉ်နှစ်စင်းကို KIA ပစ်ချ

Dawei Watch

May 20, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကူလာပို့သည့် ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများသို့ အတည်ပြုပြောဆိုသည်။ ဗန်းမော် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့စဉ် ပစ်ခတ်တိုက်ခိုက်ရာ နှစ်စင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိမှန်သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းမှာ ရွှေကူမြို့သို့ မရောက်မီ ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားပြီး နောက်တစ်စင်းမှာ ရွှေကူလေဆိပ်တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။ ပစ်ခတ်မှု မထိမှန်ခဲ့သည့် ကျန်ရဟတ်ယာဉ်တစ်စင်းမှာ မြစ်ကြီးနား နမ့်ပေါင်လေတပ်သို့ ဆင်းသက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက […]

တနင်္သာရီတိုင်းစစ်ကောင်စီ ကုန်ပစ္စည်းများဆက်တိုက်ဖမ်းဆီး

Dawei Watch

May 20, 2025

တနင်္သာရီတိုင်းစစ်ကောင်စီသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုသည့်အဖွဲ့ကို ဖွဲ့စည်းကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။ အဆိုပါအဖွဲ့ ကို ဖွဲ့စည်းပြီးနောက် ယခုလပိုင်းအတွင်း ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တို့တွင် စက်သုံးဆီ၊ လူသုံးကုန်များအပါအဝင် ကုန်ပစ္စည်းများကို တရားမဝင်ကုန်ပစ္စည်းများဖြစ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၃၀ ရက်က ထားဝယ်မြို့နယ်တွင် ဓာတ်ဆီ ဂါလန် ၃၀၀ နှင့် ဒီဇယ်ဆီ ဂါလန် ၁၅၀ တို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ မေလ ၁ ရက်တွင်လည်း မြိတ်မြို့ အင်းလေမြိုင်စက်မှုဇုန်ရှိ ဂိုဒေါင်တစ်လုံးတွင် စားသောက်ကုန်ပစ္စည်းများကို ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယင်းအပြင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ဂိုဒေါင်တစ်လုံးရှိ လူသုံးကုန်ပစ္စည်းများ၊ အေးရိပ်ငြိမ်ရပ်ကွက် ကမ်းနားဆိပ်တွင် လုပ်ငန်းသုံးပစ္စည်းများလည်း မေလထဲတွင် ဆက်တိုက် ဖမ်းဆီးခဲ့သည်။ အထက်ပါ ဖမ်းဆီးမှုဖြစ်စဉ်များမှာ […]