ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် ရာသီတုပ်ကွေးအဖြစ်များနေ

Dawei Watch

May 20, 2025

မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်ကစပြီး ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားမှု များပြားလာကြောင်း ကျန်းမာရေးဝန်ထမ်းနှင့် ဒေသခံတို့ထံမှ သိရသည်။ နွေရာသီအကုန် မိုးရာသီအဝင်ကာလတွင် ရာသီတုပ်ကွေး ကူးစက်ဖြစ်ပွားသူ သိသိသာသာ များပြားလာပြီး အထူးသဖြင့် ကိုယ်ခံအားနည်းသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင် ရောဂါဖြစ်ပွားမှု ပြင်းထန်သည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ “ရာသီအကူးအပြောင်းကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးပေါ့၊ အခုဆိုရင် အတော်များများဖြစ်နေတာတွေ့ရတယ်။ ဆေးရုံ၊ ဆေးခန်းတွေဆိုရင်လည်း ရာသီတုပ်ကွေးနဲ့ ရောက်လာတာများတယ်။ သူက ကိုယ်ခံအားရှိနေတဲ့လူအတွက်က သိပ်စိုးရိမ်စရာမရှိပေမယ့် ကလေးတို့ သက်ကြီးရွယ်အိုတို့ဆိုရင် ဂရုစိုက်သင့်ပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။ ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ရာသီတုပ်ကွေးကူးစက်မှုကို သက်ကြီးရွယ်များ၊ ကလေးသူငယ်များတွင် အဖြစ်များနေပြီး အချို့ဆိုလျှင် ဝမ်းပျက် ဝမ်းလျှောပါ ဖြစ်ပွားနေကြောင်း […]

ဒူတာတေးမိသားစုနှင့် ရင်ကြားစေ့ရန် လမ်းဖွင့်ထားဟု ဖိလစ်ပိုင်သမ္မတပြော

Dawei Watch

May 20, 2025

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ၎င်းအနေဖြင့် ဒုတိယသမ္မတ ဆာရာဒူတာတေး၏ မိသားစုနှင့် ဆက်ဆံရေး ပြန်အဆင်ပြေလိုကြောင်း မေလ ၁၉ ရက်နေ့က ပြောကြားလိုက်သည်။ ပြီးခဲ့သည့်အပတ်က ဆီးနိတ်ရွေးကောက်ပွဲတွင် ဆာရာဒူတာတေး ကျောထောက်နောက်ခံပြုထားသည့် ကိုယ်စားလှယ်များက မျှော်မှန်းခဲ့သည့်အရေအတွက်ထက် နေရာပိုများစွာ အနိုင်ရခဲ့ပြီးနောက် ၎င်းက ယင်းသို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။ မေလ ၁၉ ရက်နေ့က မားကို့စ်ဂျူနီယာ၏ Facebook စာမျက်နှာပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ရန်သူအစား မိတ်ဆွေများသာ လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ “ကျွန်တော်တို့ လုပ်စရာရှိတာတွေကို လုပ်နိုင်အောင် တည်ငြိမ်မှု ၊ ငြိမ်းချမ်းမှုကို ရနိုင်သလောက် လိုချင်တယ်” ဟု ၎င်းက ဆိုသည်။ မားကို့စ်ဂျူနီယာက ၎င်းနှင့် ဒူတာတေးမိသားစုအကြား အကွဲအပြဲကိစ္စနှင့် ပတ်သက်၍ ရေးကြီးခွင်ကျယ်လုပ်သည့် အသေးအမွှားကိစ္စဟု ယခင်ကလည်း […]

ဘန်ကောက်အနီး ကာရာအိုကေဆိုင်တွင် လုပ်ကိုင်နေသော မြန်မာ ၇ ဦး ဖမ်းဆီးခံရ

Dawei Watch

May 20, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နွန်ထဘူရီမြို့ရှိ ကာရာအိုကေဆိုင်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၇ ဦး ယနေ့ မေလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နွန်ထဘူရီမြို့ ဘန်းကရာစိုဒေသရှိ နွန်းဘိုင်ဖိန်းကာရာအိုကေဘားကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းစဉ် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ဟုဆိုသည်။ ယင်းကာရာအိုကေသည် ဆိုရှယ်မီဒီယာပေါ်တွင် နိုင်ငံခြားသားများကြား နာမည်ကြီး‌ ရေပန်းစားပြီး နိုင်ငံခြားသား အမျိုးသမီး အများစု လုပ်ကိုင်နေကြောင်း သတင်းပေးတိုင်ကြားလာသဖြင့် ထိုင်းလဝကရဲတပ်ဖွဲ့က အသွင်ယူစုံစမ်းထောက်လှမ်းခဲ့ခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကာရာအိုကေထဲ ဝင်သွားသောအခါ နိုင်ငံခြားသား အမျိုးသမီးများက ဧည့်သည်များကို ထိုင်စကားပြောခြင်း၊ သီချင်းဆိုခြင်းများဖြင့် ဝန်ဆောင်မှုပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ဟုဆိုသည်။ ယင်းအလုပ်အကိုင်များက ထိုင်းအလုပ်သမားဥပဒေများကို ချိုးဖောက်နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ ရဲတပ်ဖွဲ့ဝင်က ငွေရှင်းစဉ် အမျိုးသမီးတစ်ဦး ယူလာပေးသော QR […]

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာ ၄၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

May 20, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၄၄ ဦး ယနေ့ မေလ ၂၀ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၄ နာရီက တာခ့်ခရိုင် ဖို့ဖရာ့ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်များက ကင်းလှည့်နေစဉ် တောထဲ ပုန်းနေသော မြန်မာနိုင်ငံသားများကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၆ ဦး၊ အမျိုးသမီး ၁၀ ဦးနှင့် ကလေးငယ် ရှစ်ဦးပါဝင်ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ၎င်းတို့သည် ဘန်ကောက်နှင့် အခြားခရိုင်များတွင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ပွဲစားခ ဘတ် ၂၀၀၀၀ အကုန်ကျခံ၍ ဝင်ရောက်လာကြသည်ဟု မြန်မာနိုင်ငံသားများ၏ ထွက်ဆိုကြောင်း ဖော်ပြသည်။ […]

အင်ဒိုနီးရှားတွင် မူးယစ်ဆေး ကန်ဒေါ်လာသန်းလေးရာကျော်ဖိုးသယ်လာသည့်စက်လှေပေါ် မြန်မာလေးဦးဖမ်းဆီးခံရ

Dawei Watch

May 20, 2025

အင်ဒိုနီးရှားနိုင်ငံတွင် မူးယစ်ဆေးများ မှောင်ခိုတင်သွင်းလာသော ငါးဖမ်းလှေတစ်စီး ဖမ်းဆီးခံရပြီး ယင်းငါးဖမ်းလှေပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား လေးဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းနှင့် နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက် အရ သိရသည်။ မြန်မာနိုင်ငံသားလေးဦးနှင့် ထိုင်းနိုင်ငံသားတစ်ဦးလိုက်ပါလာသော “အောင်တိုးတိုး” အမည်ရှိ ငါးဖမ်းလှေကို မူးယစ် ဆေးဝါးများနှင့်အတူ မေလ ၁၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ရီအုကျွန်းအနီးတွင် အင်ဒိုနီးရှားရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ငါးဖမ်းလှေပေါ်တွင် ၂ တန်ခန့် အလေးချိန်ရှိသော မူးယစ်ဆေးနှင့်နှင့် ကိုကင်းများကို စစ်ဆေးတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂၈ သန်းခန့် (ဘတ် ၁၄ ဘီလီယံခန့်) တန်ဖိုးရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသော ငါးဖမ်းလှေသည် ထိုင်းနိုင်ငံအလံလွှင့်ထူထားပြီး ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားကာ ငါးဖမ်းသမား ခေါင်းဆောင်သည်လည်း ထိုင်းနိုင်ငံသားဖြစ်ကြောင်း […]

VOA ရုံးချုပ်အဆောက်အအုံကို ထရမ့်အစိုးရက အရောင်းစာရင်းတင်

Dawei Watch

May 20, 2025

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့ရှိ VOA ရုံးချုပ်အဆောက်အအုံကို ထရမ့်အစိုးရက မေလ ၁၆ ရက်နေ့တွင် အရောင်းစာရင်းတင်လိုက်ကြောင်း သိရသည်။ ယင်းမှာ အမေရိကန်အစိုးရပိုင် အဆောက်အအုံများကို လျှင်လျှင်မြန်မြန် ထုတ်ရောင်းရန် ထရမ့်အစိုးရ၏ အစီအစဉ်များထဲမှ တစ်ခု ဖြစ်သည်ဟု Bloomberg က ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် VOA က စာချုပ်ဖြင့် ငှားရမ်းထားသည့် လုပ်သား ၆၀၀ ကိုလည်း ထရမ့်အစိုးရက ထုတ်ပယ်လိုက်သည်။ ယင်းမှာ VOA သတင်းဌာနကို ဖျက်သိမ်းရန် ထရမ့်အစိုးရ၏ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်သည်ဟု The New York Times က ဆိုသည်။ Wilbur Cohen Federal Building ဟု ယခင်က ခေါ်ဆိုခဲ့ကြသည့် အဆိုပါ အဆောက်အအုံကို မေလ […]

တနင်္သာရီ၊ သိန်းခွန်တွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူခိုလှုံ

Dawei Watch

May 20, 2025

တနင်္သာရီမြို့နယ်၊ သိန်းခွန်တိုက်ပွဲ ရှေ့တန်းစစ်မျက်နှာပြင်မှ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၃ ထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာခဲ့သည်ဟု ယင်းတပ်ရင်းက ယနေ့ မေလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ဘက်ပြောင်းခိုလှုံလာသူသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်အခြေစိုက် ခမရ ၄၃၁ စစ်ကောင်စီတပ်ရင်းမှ တပ်သားချစ်ကို ဖြစ်ပြီး မေလ ၁၅ ရက်တွင် ရှေ့တန်းစစ်မျက်နှာပြင်မှ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကိုချစ်ကို သည် ဘက်ပြောင်းခိုလှုံလာစဥ် MA 1 သေနတ် တစ်လက်နှင့် ကျည်ဘောက်သုံးခု ယူဆောင်လာနိုင်ခဲ့သဖြင့် ယခုရက်သတ္တပတ်အတွင်း ဆုကြေးငွေချီးမြှင့်ပေးနိုင်ရန်စီစဥ်နေကြောင်း မြိတ်ခရိုင်တပ်ရင်း ၃ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် နေထိုင်သူ ကိုချစ်ကို သည် စစ်ကောင်စီတပ်၏ […]

သရက်ချောင်း ဝင်းကဖော်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

May 19, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းကဖော်ရွာတစ်ဝိုက်ကို နေ့လယ် ၁၂ နာရီခွဲခန့်တွင် K8W ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။ ဒေသခံအချို့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဝင်းကဖော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ “ဗုံးလေးလုံး လာကြဲသွားတယ်လို့ပဲ ကြားတယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောသံမကြားဘူး” ဟု ဝင်းကဖော်ကျေးရွာအနီးက အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပထမအကြိမ်တွင် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ပတ်ပျံပြီး ဒုတိယအကြိမ်တွင် ဗုံးနှစ်လုံး […]