ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တောစစ်မြေပြင်တွင် စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဘက်ပြောင်းခိုလှုံ

Dawei Watch

May 17, 2025

ထားဝယ်မြို့နယ် ၊ အရှေ့တောဒေသသို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် လိုက်ပါလာသည့် စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ ဒေါနတပ်ရင်း ၊ တပ်ခွဲ ၇ ထံ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာခဲ့သည်ဟု ယင်းတပ်ခွဲက မေလ ၁၆ ရက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများ အရှေ့တောဒေသတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့် မေလ ပထမအပတ်တွင် လက်နက်နှင့်အတူ ထွက်ပြေးကာ ဘက်ပြောင်းခိုလှုံလာခြင်းဖြစ်ကြောင်း ယင်းတပ်ရင်းထံမှသိရသည် ။ ထွက်ပြေးလာသူနှစ်ဦးမှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၈ သင်တန်းဆင်း ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ စစ်ကောင်စီ တပ်ရင်းမှ ကိုရန်ရှင်းနှင့် မြိတ်အခြေစိုက် ခမရ ၁၀၁ စစ်ကောင်စီတပ်ရင်းမှ ကိုသူရဝင်းတို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦးသည် တနင်္သာရီတိုင်းဒေသခံများမဟုတ်ဘဲ တစ်ဦးမှာ ခရီးသွားရင်း ပဲခူးတိုင်းအတွင်း စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံရကာ […]

ထားဝယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

May 16, 2025

ထားဝယ်မြို့ပေါ်တွင် မေလ ၁၅ရက် ညက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် ကိုနေလင်းထက်သည် ကုန်တင်ကုန်ချ အလုပ်လုပ်ပြီး ည ၁၀ နာရီမှ အိမ်ပြန်လာသောကြောင့် အိမ်ပြန်နောက်ကျသည့်အတွက် ဇနီးဖြစ်သူနှင့် စကားများခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။ ယင်းနောက် ဇနီးဖြစ်သူသည် ရက် ၁၀၀ အရွယ် သားဖြစ်သူနှင့်အတူ အိပ်ခန်းအပြင် ထွက်အိပ်နေရာ ခင်ပွန်းဖြစ်သူ ထွက်မလာသဖြင့် ည ၁၁ နာရီခန့်တွင် အိပ်ခန်းထဲ ပြန်ဝင်ကြည့်ရာ ခင်ပွန်းဖြစ်သူ ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရ ြ ၆ယ၆ယကြောင်း ဖြစ်စဉ်ကိုသိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။ “ကျွန်တော်တို့လည်း မနက်မှသိတယ်။ ကြိုးတွေလည်း ဖြုတ်ပြီးနေပြီး။ ကျွန်တော်တို့ ရောက်သွားတော့လေ ကလေး ပုခက်ချည်ထားတဲ့ကြိုးကို ကွင်းလုပ်ပြီး ကြိုးဆွဲချထားတဲ့အနေထားပေါ့” […]

စူပါရေချမ်းကို မူဂါဆီတိုနှင့် ပွဲတည်ပေး

Dawei Watch

May 16, 2025

ONE Championship သည် မြန်မာဖိုက်တာ စူပါရေချမ်း ကို အဲမွီထံတွင် အရေးနိမ့်ထားသော ဂျပန်ဖိုက်တာ မူဂါဆီတိုနှင့် ပွဲတည်ပေးလိုက်ကြောင်း ထုတ်ပြန်အသိပေးလိုက်ပြီဖြစ်သည်။ စူပါရေချမ်းနှင့် မူဂါဆီတို တို့သည် မေလ ၃၀ ရက်နေ့၌ ကျင်းပရန်ရှိနေသော ONE Friday Fights 110 ပြိုင်ပွဲကြီးတွင် ယှဉ်ပြိုင်ကြရလိမ့်မည်ဖြစ်ပြီး မူဂါဆီတိုမှာ ONE တွင် ၂ ပွဲနိုင်၊ ၁ ပွဲရှုံးထားသည့် ဖိုက်တာတစ်ဦးဖြစ်သည်။ မူဂါဆီတို သည် အနိုင်ရရှိသောပွဲစဉ်များကို အလဲထိုးဖြင့် အနိုင်ရခဲ့ပြီး အရေးနိမ့်သောပွဲစဉ်ကိုလည်း အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ အဲမွီနှင့်ယှဉ်ပြိုင်ခဲ့ရသောပွဲစဉ်တွင် မူဂါဆီတိုက အသာစီးမှနေ၍ ပွဲကို ထိုးနိုင်ခဲ့သော်လည်း မူဂါဆီတို အလစ်အငိုက်မိသွားစေခဲ့သော အဲမွီ၏လက်သီးချက်တစ်ချက်က ပွဲရလဒ်ကို ပြောင်းပြန်ဖြစ်သွားစေခဲ့သည်။ အဲမွီသည် ပထမပွဲချီနှင့် ဒုတိယပွဲချီ ထက်ဝက်ခန့်သို့ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 16, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၀ ရက်မှ ၁၆ ရက်အထိ ဂျပန်မှာ လေ့ကျင့်ရေး စစ်လေယာဉ်ပျက်ကျ ဂျပန်နိုင်ငံအလယ်ပိုင်း အိုက်ချီစီရင်စုမှာရှိတဲ့ ရေကန်ထဲကို လေ့ကျင့်ရေး စစ်လေယာဉ်တစင်း မေလ ၁၄ ရက်နေ့က ပျက်ကျသွားခဲ့ပါတယ်။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေတပ်မှ T4 လေ့ကျင့်ရေးလေယာဉ် ပျက်ကျခြင်းဖြစ်ပြီး လေယာဉ်ပေါ် တပ်ဖွဲ့ဝင် နှစ်ဦး လိုက်ပါသွားတာပါ။ တပ်ဖွဲ့ဝင် နှစ်ဦးနဲ့အတူ လေယာဉ်ကို အခြားလေ့ကျင့်ရေးလေယာဉ် ၂၀၀ လောက်နဲ့ မေလ ၁၆ ရက်နေ့အထိ ရှာဖွေနေဆဲလို့ ဆိုပါတယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ အခြေအနေကို မသိရသေးပါဘူး။ လေယာဉ်ပျက်ကျတဲ့ အနီးတဝိုက်က အခြေအနေနဲ့ ပျက်ကျရတဲ့ အကြောင်းရင်းကို မသိရသေးဘူးလို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ […]

မြန်မာနိုင်ငံတောင်ပိုင်းတွင် မုတ်သုန်စဝင်ပြီ

Dawei Watch

May 16, 2025

မြန်မာနိုင်ငံတောင်ပိုင်းသို့ အနောက်တောင်မုတ်သုန်လေသည်ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ ဝင်ရောက်နေပြီဖြစ်သဖြင့် မိုးရာသီစတင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးဇလဌာနက ထုတ်ပြန်ထားသည်။ ‌အနောက်တောင်မုတ်သုတ်လေသည် မြန်မာနိုင်ငံငံတောင်ပိုင်းရှိ ကော့သောင်းမြိုနယ်သို့ ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ မှစ၍ဝင်ရောက်ခဲ့ကြောင်း မိုးလေဝသလေ့လာသူ ဦးဌေးတင့်၏ လူမှုကွန်စာမျက်နှာတွင် ဖော်ပြထားသည်။ ယင်းကြောင့် တနင်္သာရီတိုင်းထဲရှိ ကော့သောင်း၊ထားဝယ်၊မြိတ်နှင့် ပုလော မြို့နယ်များတွင် မုတ်သုန်မိုးများ စတင်ရွာသွန်းနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ” ဒီအပတ်ထဲ မိုးရွာတယ်လွန်ခဲ့တဲ့ လေးရက်လောက်က၊ ရက်ဆက်ရွာနေတာတော့မဟုတ်ဘူး “ဟု ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ ထားဝယ်ခရိုင်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း ပြီးခဲ့သည့်မေလဆန်းပိုင်းက စပြီး မိုးများစတင်ရွာသွန်းနေကြောင်း ဒေသခံများကပြောသည်။ အနောက် တောင်မုတ်သုန်လေမှာ ပြီးခဲ့သည့် နှစ်ထက် ယခုနှစ် အဝင်စောခဲ့ပြီး ၂၀၂၄ ခုနှစ်က အနောက်တောင်မုတ်သုန်လေမှာ မေလ […]

ဖမ်းထားသည့် စမ်းလှမ်းဒေသခံများ အရေးယူမည့်ကိစ္စ NUG ထံ တင်ပြမည်ဟု လောင်းလုံးပကဖပြော

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားသည့် စမ်းလှမ်းကျေးရွာဒေသခံ ငါးဦးကိစ္စအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တင်ပြမည်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။ NUG က ထုတ်ပြန်ထားသည့် စစ်ကောင်စီထောက်တိုင် သတ်မှတ်အချက်အတိုင်း အရေးယူနိုင်ရန် ထိုကဲ့သို့ တင်ပြခြင်းဖြစ်ပြီး NUG က ညွှန်ကြားသည့်အတိုင်းသာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ရဲ့ သဘောဆန္ဒအတိုင်း အရေးယူမှာ မဟုတ်ဘူးပေါ့နော်။ NUG ကို တင်ပြပြီး သူတို့ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ဆက်သွားမယ်” ဟု ကိုရှဲဒိုးက ပြောဆိုသည်။ မေလ ၁၀ရက်တွင် စမ်းလှမ်းကျေးရွာဒေသခံခြောက်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်ဦးကိုမူ ပြန်လွှတ်လိုက်ပြီဖြစ်သည်။ ယင်းအနက် အသက် ၆၀ အရွယ် ဒေါ်အုန်းရီနှင့် သမီးဖြစ်သူ အသက် […]

အင်းဝန်းရွာတွင် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ သုံးဦးအနက် တစ်ဦးသေဆုံး

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူ အမျိုးသားသုံးဦးအနက် တစ်ဦး သေဆုံးသွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။ သေဆုံးသူသည် သာယာကုန်းရွာသား အသက် ၃၀ ကျော်အရွယ် ကိုဗဒင်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “သူက လည်ပင်းထိတော့ ဒဏ်ရာပြင်းတယ်။ (လမ်း) တစ်လျှောက်လုံး လုံးဝသတိမရတော့ဘူး။ ဆေးရုံရောက်တာနဲ့ ဆုံးသွားတယ်။ အလောင်းကတော့ အခုထိ အိမ်မရောက်လာသေးဘူး” ဟု ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူ နောက်ထပ်အမျိုးသားနှစ်ဦးမှာလည်း ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ထားဝယ်မြို့ပေါ်ရှိ နတလ ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် အင်းဝန်းရွာကို ယနေ့ မေလ ၁၆ ရက် နေလယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ […]

ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး အသက်အန္တရာယ်စိုးရိမ်ရ

Dawei Watch

May 16, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားအချင်းချင်း အဓမ္မပြုကျင့်ခဲ့ပြီး ပြုကျင့်ခံရသူ အမျိုးသမီးမှာ ဆေးရုံတွင် အရေးပေါ် ကုသမှုခံယူနေရပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း အဆိုပါကိစ္စကို လိုက်ပါကူညီနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မေလ ၁၁ ရက် နေ့လယ်ပိုင်းက ဘန်ကောက်မြို့၊ ဘန်ဘောနယ်မြေတွင် အသက်၂၇ နှစ်အရွယ် မြန်မာအမျိုးသမီး တစ်ဦးတည်း အခန်းထဲရှိနေစဉ် စက်ရုံအတူ လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦး ဝင်ရောက်ကာ အဓမ္မပြုကျင့်ခဲ့ ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်သူမှာ ကိုစိုးမိုးကျော် ဆိုသူဖြစ်ပြီး ဆိုဖာစက်ရုံတွင် အလုပ် အတူလုပ်ကိုင်နေသူဖြစ်ကာ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကို တစ်ဖတ်သတ် ချစ်ကြိုက်နေသူဖြစ်ကြောင်း MHAC အဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်ခံရမှုကြောင့် အမျိုးသမီးသည် အပြင်းအထန်ဒဏ်ရာရရှိထားပြီး ဘန်ကောက်မြို့ရှိ ဆေးရုံကြီးတစ်ခုတွင် ခွဲစိတ်ကုသခဲ့ရကြောင်းMHAC မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက […]