ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး အင်းဝန်းရွာထိပ်တွင် လက်နက်ကြီးကျပြီး အမျိုးသားသုံးဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

May 16, 2025

လောင်းလုံးမြို့နယ်၊ အင်းဝန်းကျေးရွာ ရွာထိပ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသားသုံးဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း ဒေသခံများက ပြောသည်။ ယနေ့ မေလ ၁၆ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ရွာထိပ်တွင်ရှိသော အလူမီနီယံအလုပ်ရုံရှေ့တွင် ရပ်ထားသည့် ဗွီဂိုးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ကားပေါ် ကျတယ် ။ အခု ကားမီးလောင်နေတယ်။ လူနာတွေလည်း ဆွဲထုတ်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အလူမီနီယံအလုပ်ရုံအနီး ကွမ်းယာ ရောင်းနေသည့် အင်းဝန်းရွာသား ကိုနိုင်စိုး၊ သာယာကုန်းရွာသား ကိုဗဒင်နှင့် ကွမ်းယာဝယ်နေသည့် သောကြာပြင်ရွာသား အမျိုးသားတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ “ကိုဗဒင်က လည်ပင်းမှာထိတယ်။ ဒဏ်ရာပြင်းတယ်။ ကိုနိုင်စိုးက နံကိုင်းမှာ […]

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိုက်ထိုတွင် စစ်ဘေးရှောင် သုံးထောင်ထပ်တိုး

Dawei Watch

May 16, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူ ၃၀၀၀ နီးပါး ဘေးလွတ်ရာသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ မေလ ၁၄ ရက်နေ့က ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစု၊ အညာစု အစရှိသည့် ကျေးရွာများဘက်ကို အမတ ၃၁၀ တပ်ရင်းမှ နံနက် ၈ နာရီခွဲဝန်ကျင်ခန့်မှ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်အထိ လက်နက်ကြီး ၁၂၀-မမ ၇ လုံး ပစ်ခတ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။ ယင်းအပြင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဆင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့မှလည်း ဝင်းကံကျေးရွာအုပ်စုအတွင်း လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့သည်။ ယင်းနေ့တွင်ပင် […]

ထားဝယ်မြို့တွင် အမျိုးသားတစ်ဦး တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

Dawei Watch

May 16, 2025

ထားဝယ်မြို့ ၊ ကရပ်ပြင်ရပ်ကွက်ရှိ စတိုးဆိုင်တစ်ဆိုင်၏ အပေါ်ထပ်မှ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း ကာယကံရှင်မိသားစု နှင့် မြို့ခံများထံမှသိရသည်။ မေလ ၁၅ ရက် ညနေပိုင်းတွင် ပြုတ်ကျ သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ထားဝယ်မြို့နယ် ၊ ကနိုင်းဒါအုပ်စု ၊ အလယ်ကုန်းရွာမှ အဲယားကွန်း ပြုပြင်ရေးလုပ်ကိုင်သူ ကိုဂျွန်ဟာလင်း ဖြစ်သည်။ အဲယားကွန်းပြုပြင်ရင်း စတိုးဆိုင်၏ နှစ်လွှာမှ ခြေချော်ကာ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ၏ မိသားစုကဆိုသည်။ “အဲယားကွန်းပြင်ဖို့ မူလီ နှစ်လုံးလောက်ပဲ ဖြုတ်ရသေးတယ်။ ရပ်ထားတဲ့ နေရာကနေ ခြေချော်ပြီး ပြုတ်ကျသွားတယ်။ လည်ပင်းကျိုးသွားတယ်။ လက်တစ်ဖက်က ကြေသွားတယ်။ လူကတော့ ပြုတ်ကျကတည်းက သတိမရှိတော့ဘူး ” ဟု မိသားစုဝင်တစ်ဦး ကပြောသည်။ ပြုတ်ကျသူအား […]

အစ္စရေး၏ ပိတ်ဆို့မှုကြောင့် ဂါဇာတွင် စားနပ်ရိက္ခာခက်ခဲ၊ အစုလိုက်အပြုံလိုက် အငတ်ဘေးဖြစ်လာနိုင်

Dawei Watch

May 16, 2025

ဂါဇာသို့ အရေးပေါ်လူသားချင်းစာနာမှုအကူအညီများ မဝင်ရောက်နိုင်ရန် အစ္စရေးဘက်က သုံးလနီးပါးကြာ ပိတ်ဆို့လာခဲ့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေး ဖြစ်ပွားရန် အလွန်နီးကပ်လာနေကြောင်း Integrated Food Security Phase Classification (IPC) အဖွဲ့က သတိပေးလိုက်သည်။ အစ္စရေး၏ လနှင့်ချီ ပိတ်ဆို့ထားမှုကြောင့် ဂါဇာတွင် လူငါးဦးလျှင် တစ်ဦးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်ဟု နိုင်ငံတကာ အငတ်ဘေးဆိုင်ရာလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သည့် IPC အဖွဲ့က ဆိုသည်။ ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးတွင် အစုလိုက်အပြုံလိုက်အငတ်ဘေးသင့်မည့် အန္တရာယ်မှာ မြင့်မားသည့် အခြေအနေ ရောက်နေကြောင်း ၊ အငတ်ဘေးအကျပ်အတည်း၏ အဆိုးရွားဆုံးအဆင့်နှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း IPCအဖွဲ့က တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် ၎င်းတို့၏ အစီရင်ခံစာတွင် သတိပေးလိုက်သည်။ စက်တင်ဘာလမကုန်မီ ဂါဇာ၌ အစုလိုက်အပြုံလိုက်ငတ်မွတ်မှုဘေး ဖြစ်ပေါ်နိုင်ချေ အလွန်မြင့်မားနေကြောင်း IPC အဖွဲ့က ဆိုသည်။ […]

ဘန်ကောက်အဆောက်အအုံပြိုကျမှု အီတာလျံ-ထိုင်း ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်

Dawei Watch

May 16, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် စာရင်းစစ်ချုပ်ရုံး ပြိုကျမှုနှင့်ပတ်သက်၍ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ဥက္ကဋ္ဌ အပါအဝင် ၁၇ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta အပါအဝင် အဆောက်အအုံ ဆောက်လုပ်ရေးတွင် တာဝန်ယူခဲ့သော အခြားပညာရှင် ၁၇ ဦးကို တရားရုံးက ဝရမ်းထုတ်ထားကြောင်း မေလ ၁၅ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။ ဖမ်းဝရမ်းထုတ်ခံရသူများတွင် အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးကြီးကြပ်သူများနှင့် China Railway No.10 ကုမ္ပဏီလည်း ပါဝင်ပြီး ဆောက်လုပ်ရေးစည်းမျဉ်း စည်းကမ်း ချိုးဖောက်မှုအတွက် တစ်ဦးချင်းရော ကုမ္ပဏီအနေနှင့်ပါ တရားရင်ဆိုင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဝရမ်းထုတ်ခံရသော အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Premchai Karnasuta က ယနေ့ […]

သတ္တုလုပ်ကွက်ရှိသည့် ပုလော၊ ဇာဒီဝင်းရွာကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

May 15, 2025

သတ္တုလုပ်ကွက်ရှိသည့် ပုလောမြို့နယ်၊ ဇာဒီဝင်းရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ယနေ့ (မေလ ၁၅ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါဗုံးအချို့မှာ ဇာဒီဝင်းရွာအပြင်ဘက်ရှိ ဥယျာဉ်ခြံအတွင်းကျရောက် ပေါက်ကွဲခဲ့သည့်အတွက် လူနှင့်အဆောက်အအုံ ထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။ “ထိခိုက်မှုတော့ မရှိပါဘူး။ ဂျက်ဖိုက်တာနဲ့ လေးလုံးလောက် တစ်ကြိမ်တည်းကြဲသွားတာ”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင် နောက်တစ်ဦးကလည်း ဇာဒီဝင်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲသည်မှာမှန်ကန်ပြီး ကြဲချသည့် ဗုံး ၄လုံးအနက် မပေါက်ကွဲသည့် ဗုံးသီးများလည်း ရှိကြောင်း ပြောဆိုသည်။ ဇာဒီဝင်းရွာတွင် ဧကတစ်ထောင်နီးပါးကျယ်သည့် သတ္တုလုပ်ကွက်ရှိသည်။ ပြီးခဲ့သည့် မေလ ၆ရက်နေ့ကလည်း […]

သရက်ချောင်းမြို့နယ် ဘုတ်တောင်ပေါ်က KNLA စခန်းကို စစ်ကောင်စီဗုံးကြဲ

Dawei Watch

May 15, 2025

သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ပေါ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ခွဲတစ်ခု၏ စခန်းကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၅ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း KNLA တပ်ဖွဲ့ဝင်နှင့် ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဘုတ်တောင်အခြေတွင် KNLA က စစ်ဆေးရေးဂိတ် ဖွင့်ထားသည်မှာ ကာလအတော်ကြာပြီဖြစ်ပြီး ယင်းဘုတ်တောင်အပေါ်က စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ဆက်သွယ်မေးမြန်းချက်အရ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိဟု ကနဦးကြားသိရကြောင်း KNLA တပ်ရင်း ၁၂ တပ်ခွဲ(၂)က ဒုတပ်ခွဲမှူး (ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ) ကိုချိုင်က ပြောသည်။ “အခုဆိုရင် ဘုတ်တောင်မှာတောင်မှလိုက်ချနေပြီ ကျန်တဲ့နေရာတွေမှာလည်း ကျွန်တော်တို့အနေနဲ့ ဂိတ်တွေမှာသတိဝီရိယရှိဖို့တော့ လိုလာပြီပေါ့နော်၊ ဂိတ်တိုင်းဂိတ်တိုင်းပေါ့နော်” ဟု […]

ထားဝယ်တွင် သွေးလိုလူနာများကို ပစ်မှတ်ထား ငွေရှာသည့်အဖွဲ့ပေါ်လာ

Dawei Watch

May 15, 2025

ထားဝယ်မြို့တွင် ဆေးရုံတက်ပြီး သွေးသွင်းကုသရမည့်လူနာအချို့ ငွေကြေးပေးပြီး သွေးရှာရကြောင်း မြို့ခံများနှင့် သွေးအလှူရှင်အသင်းများထံမှ စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကဆေးရုံ၊ အစိုးရဆေးရုံအနီးဝန်းကျင်တွင် ကျက်စားနေသည့် သွေးရှာဖွေပေးသည့် အဖွဲ့တစ်ဖွဲ့ထံ သွေးတစ်လုံး ရရှိရန်အတွက် ငွေကျပ် သိန်းဂဏန်းပေးရကြောင်း ၎င်းတို့က ပြောသည်။ မေလ ပထမပတ်အတွင်း၌ လူနာတစ်ဦးအတွက် သွေးတစ်ပုလင်းရရှိရန် အကူအညီတောင်းခံခဲ့ရာ ငွေကျပ်တစ်သိန်းကျော် ကုန်ကျခဲ့ကြောင်း ကိုယ်တိုင်ကြုံရသည့် မြို့ခံတစ်ဦးက ဆိုသည်။ “စာအိတ်တွေနဲ့ ပေးတယ်။ (သွေးအလှူရှင်) အကြိုအပို့အတွက်၊ သွေးအလှူရှင်အတွက်၊ အသင်းအတွက် အလှူငွေ အားလုံး တစ်သိန်းကျော်တယ်” ဟု ၎င်းက ပြောဆိုသည်။ အစိုးရဆေးရုံးအပါအဝင် ဆေးရုံများတွင် လူနာများ သွေးလိုလျှင် ကိုယ်တိုင်ရှာဖွေကြရပြီး အထက်ပါအဖွဲ့ကမူ သွေးလို သူများကို လာရောက်ချိတ်ဆက်လေ့ရှိပြီး သွေးရရှိလျှင် စာအိတ်များပေးပြီး ငွေကြေးတောင်းယူကြောင်း ကိုယ်တိုင် ကြုံရသူများက […]