မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာများကို ပိုမိုတင်းကျပ်၊ ဥပဒေမညီလျှင် ကျောင်းများကို ရပ်ဆိုင်းမည်ဟုဆို
Dawei Watch
May 15, 2025ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသအတွင်းရှိ မြန်မာကလေးငယ်များ သင်ယူနေသော ရွှေ့ပြောင်းသင်ကြားရေး စင်တာများကို ထိုင်းအစိုးရဌာနများက ယခုစာသင်နှစ်တွင် ပိုမိုတင်းကျပ်လာကြောင်း ထိုင်းသတင်းဌာနများနှင့် သင်ကြားရေးစင်တာက ဆရာများထံမှ သိရသည်။ ခရိုင်အတွင်းရှိ ရွှေ့ပြောင်းသင်ကြားရေးစင်တာ (Learning Center) များကိုလည်း ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းရှိမရှိ လာမည့် မေလ ၁၇ ရက်မှစ၍ ကွင်းဆင်းကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမည်ဖြစ်ကြောင်း စမွတ်စခွန်ခရိုင် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ မေလ ၁၃ ရက်က ပြုလုပ်သော စမွတ်စခွန်အုပ်ချုပ်ရေးမှူးအပါအဝင် ပညာရေးဝန်ထမ်းများ၊ လဝကအရာရှိများနှင့် အခြားဝန်ထမ်းများ၏ အစည်းအဝေးတွင် ခရိုင်ထဲရှိ သင်ကြားရေးစင်တာများကို စစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ သင်ကြားရေးစင်တာများအနေဖြင့် ဥပဒေနှင့်အညီ ဖွင့်လှစ်ထားခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက ချက်ချင်းရပ်ဆိုင်းမည် ဖြစ်ကြောင်း စမွတ်စခွန်အရာရှိများရုံးက ထုတ်ပြန်ထားသည်။ သင်ကြားရေးစင်တာများကို ခွင့်ပြုထားသည့် သတ်မှတ်အဆောက်အအုံတွင် […]


