ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် အလုံပိတ်ကားထဲ လိုက်ပါလာသော မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

Dawei Watch

May 14, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် အလုံပိတ်ကားဖြင့် တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ယနေ့ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသားများကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် ကန်ချနဘူရီခရိုင် ထိုးဖားဖမ်းဒေသတွင် ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းတွင် ဂိတ်ချ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် မသင်္ကာစရာ အလုံပိတ်ထားသော ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ရာမှ ကားထဲတွင် ပြည့်ကျပ်စွာ လိုက်ပါလာသော မြန်မာနိုင်ငံသား ၂၆ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ ၎င်းတို့အားလုံးတွင် တရားဝင် ခရီးသွားခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများကို ထိုင်း-မြန်မာနယ်စပ်တစ်နေရာက သွားရောက်ခေါ်ဆောင်လာပြီး ချွန်ဘူရီခရိုင်သို့ ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း၊ ပို့ဆောင်ခအနေဖြင့် ဘတ် ၂၅၀၀၀ […]

ရေဖြူတွင် ယာဥ်တိုက်မှုဖြစ်ပြီး လူ ၂၀ထက်မနည်းဒဏ်ရာရ၊ ကားထဲတွင် ညှပ်နေသူများရှိ

Dawei Watch

May 14, 2025

ရေဖြူမြို့နယ်၊ ရာဖူးရွာတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး ၂၀ ဦးခန့် ဒဏ်ရာရပြီး ကားထဲတွင် ညှပ်နေသူများ ရှိနေသေးကြောင်း အရေးပေါ် ကယ်ဆယ်ရေးလုပ်နေသည့် တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲထံမှ သိရသည်။ ရာဖူးရွာလယ်၌ ယနေ့ မေလ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခရီးသည်များ လိုက်ပါလာကြသည့် Vigo ကားနှင့် အန်စာတုံးကားတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ ဒဏ်ရာရရှိသူများကို လက်ရှိတွင် ကလိန်အောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းက ဆိုသည်။ ဒဏ်ရာရရှိသူများကို ကလိန်အောင်တိုက်နယ်ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ ဆက်လက်သယ်ဆောင်ရန် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထားဝယ်မြို့အမှ အရေးပေါ်လူနာတင်ယာဉ် ၁၁စီးထွက်ခွာလာကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ […]

ဂျာမနီတွင် ဘုရင်အဖြစ်ကြေညာပြီး စင်ပြိုင်အစိုးရ တည်ထောင်ရန် ကြိုးစားသူကိုဖမ်းဆီး

Dawei Watch

May 14, 2025

ဂျာမနီနိုင်ငံတွင် ဘုရင်အဖြစ် ကြေညာပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်းရန် ကြိုးစားသူနှင့်အပေါင်းအပါများကို အစိုးရက ဖမ်းဆီးလိုက်ပြီဖြစ်သည်။ ‘Reichsbürger’(အင်ပါယာနိုင်ငံသားများ) ဟု အမည်ပေးထားသည့်အဖွဲ့က ‘ဂျာမနီဘုရင့်နိုင်ငံ’ ဟု အဓိပ္ပါယ်ရသည့် Königreich Deutschland ကို တည်ထောင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု သတင်းများက ဖော်ပြသည်။ အဆိုပါ အဖွဲ့သည် ဂျာမနီနိုင်ငံတွင် နောက်ထပ်အစိုးရတစ်ခု တည်ထောင်ရန် ကြိုးစားလျက်ရှိသည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါးဒေါ့ဘရင့်တ်က ဆိုသည်။ အဆိုပါအဖွဲ့က ၎င်းတို့အပေါ် လူအများထောက်ခံလာစေရန် ဂျူးမုန်းတီးရေး ဝါဒဖြန့်လျက်ရှိကာ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။ တရားမဝင် စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် အဖွဲ့ရန်ပုံငွေကို ဖန်တီးခဲ့သည်ဟု ဂျာမနီပြည်ထဲရေးဝန်ကြီးဌာနက ဆိုသည်။ အင်္ဂါနေ့က ဖမ်းဆီးခံခဲ့ရသည့် ပီတာဖစ်ဇက်သည် ၎င်းကိုယ်၎င်း ဘုရင်အဖြစ် ခေါ်ဝေါ်သုံးစွဲလေ့ ရှိပြီး ၎င်းအား သစ္စာခံသည့် […]

ထားဝယ်၊ ကျောက်ရပ်ရွာတွင် သစ်ဆိုင်မှအမျိုးသားကိုဖမ်းပြီး ဆိုင်နှင့်အိမ်ကို စစ်ကောင်စီတပ် သိမ်းထား

Dawei Watch

May 14, 2025

ထားဝယ်မြို့ အဝင်အထွက်တံတားဖြစ်သည့် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတားဂိတ် အနီးရှိ သစ်အရောင်းဆိုင်တွင်နေထိုင်သူ ဦးသန်းအောင်ကို စစ်ကောင်စီ ကဖမ်းဆီးပြီး ယင်းဆိုင်တွင် တပ်စခန်းချထားကြောင်း ရွာသားများထံမှသိရသည်။ မေလ ၇ ရက်က ပေါက်တိုင်းတံတားဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ရက်အကြာ မေလ ၁၀ ရက်တွင် ဦးသန်းအောင်ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဆိုင်မှသစ်သားများကို စစ်ကောင်စီတပ်သားများ ယူဆောင်သွားကြောင်း၊ သစ်အရောင်းဆိုင်နှင့် ယင်းဆိုင်မှ ပိုင်သည့် သုံးထပ်တိုက်တွင် စစ်ကောင်စီတပ်သားများ ယနေ့ မေလ ၁၄ ရက်အထိ တပ်စွဲနေထိုင်ဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသော ရွာသားများက ဆိုသည်။ ” သစ်သားဆိုင်နဲ့ ဘေးက သုံးထပ်တိုက်ကို စနေနေ့မှာ ဝင်လာပြီး ဆိုင်က ဦးသန်းအောင်ကို ဖမ်းခေါ်သွားတယ်။ သစ်တွေလည်း အကုန်ယူသွားတယ်။ ပြီးတော့ အဲဒီသုံးထပ်တိုက်မှာ သူတို့ဝင်နေကြတယ်။ သုံးထပ်တိုက်က […]

ဖလိုရီယန်ဝစ်ဇ် ကို ခေါ်ယူရန်အတွက် ၎င်း၏မိဘများနှင့်တွေ့ဆုံဆွေးနွေးရန် မန်စီးတီး စီစဉ်

Dawei Watch

May 14, 2025

မန်စီးတီးအသင်းသည် လေဗာကူဆင် ကွင်းလယ်တိုက်စစ်ကစားသမား ဖလိုရီယန်ဝစ်ဇ် ကို ခေါ်ယူရန်အတွက် ၎င်း၏မိဘများနှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်လိုက်ပြီဖြစ်ကြောင်း Daria Sport က ဖော်ပြထားသည်။ ဖလိုရီယန်ဝစ်ဇ် သည် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ ယတိပြတ်ဆုံးဖြတ်ချက်တစ်ရပ်ကို မချမှတ်ရသေးသော်လည်း နည်းပြ အလွန်ဆို မရှိတော့သည့်အချက်က လေဗာကူဆင်ကိုစွန့်ခွာ၍ အသင်းပြောင်းရွှေ့ရန် မန်စီးတီးအတွက် တွန်းအားဖြစ်နေသည်။ ဖလိုရီယန်ဝစ်ဇ်၏မိဘများသည် လက်ရှိအချိန်၌ အင်္ဂလန်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး မန်စီးတီးတာဝန်ရှိသူများနှင့် ဖလိုရီယန်ဝစ်ဇ်၏မိဘများ တွေ့ဆုံမှုမှာ ယနေ့ပင်လျှင် အထမြောက်ဖွယ်ရှိနေသည်။ ဖလိုရီဝန်ဝစ်ဇ်ကို ခေါ်ယူရန်အတွက် အသင်းပေါင်းများစွာက စောင့်ကြည့်အကဲခတ်လျက်ရှိပြီး ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ယူရန် ရာနှုန်းပြည့်သေချာသွားခဲ့ပြီဖြစ်သော အလွန်ဆိုကလည်း ၎င်း၏တပည့်ဖြစ်သူ ဖလိုရီယန်ဝစ်ဇ်ကို ရီးရဲလ်မက်ဒရစ်ထံသို့ ခေါ်ယူလိုလျက်ရှိသည်။ မန်စီးတီးသည် ဖလိုရီယန်ဝစ်ဇ်၏မိဘများနှင့် ဆွေးနွေးမှုအဆင်ပြေခဲ့ပါက လေဗာကူဆင်အသင်းတာဝန်ရှိသူများနှင့် ဆက်လက် တွေ့ဆုံ၍ ဖလိုရီယန်ဝစ်ဇ်၏အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ပြောင်းရွှေ့ကြေး ညှိနှိုင်းတော့မည်ဖြစ်သည်။ လေဗာကူဆင်သည် […]

စစ်ကောင်စီက တနင်္သာရီတိုင်းတွင် ပျူစောထီး ၆၀၀ ဝန်းကျင်ကို အရန်အင်အားအဖြစ်စုဖွဲ့

Dawei Watch

May 13, 2025

ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းအတွင်း ပျူစောထီးအင်အား ၆၀၀ ဝန်းကျင်အထိ စုဖွဲ့ထားပြီး အရန်အင်အားအဖြစ် သတ်မှတ်ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ပြည်သူ့စစ်ဟု စစ်ကောင်စီကခေါ်ဝေါ်သည့် ပျူစောထီးများကို ခရိုင်အလိုက်စုဖွဲ့ထားခြင်းဖြစ်ပြီး ၎င်းတို့ကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲခြင်းဖြစ်ကြောင်း Dawei Watch ၏ သတင်းအရင်းအမြစ်က ဆိုသည်။ တနင်္သာရီတိုင်းအတွင်း ထားဝယ်၊မြိတ်နှင့် ကော့သောင်းခရိုင်ရှိပြီး ခရိုင်တစ်ခုလျှင် လက်နက်တပ်ဆင်ထားသည့် ပျူစောထီး ၁၅၀ ဝန်းကျင်နှင့် လက်နက်တပ်ဆင်ထားခြင်းမရှိသည့် ပျူစောထီးဆယ်ချီရှိကြောင်း ၎င်းက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူးရဲဘော်စတားကလည်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တွင် သင်တန်းဆင်းစတပ်သားသစ်များအပြင် ပျူစောထီးများကိုပါ တွေ့လာရသည်ဟု ဆိုသည်။ “အရင်ကဆို ပျူစောထီးတွေဆိုရင် ကိုယ့်ရဲ့နယ်မြေမှာပဲ ကာကွယ်ရေးလုပ်ဖို့(စကစ)ပြောတယ်။ အခုတော့ ရှေ့တန်းဖက်ပါ လိုက်နေရပြီ”ဟု ရဲဘော်စတားက ပြောသည်။ ထိုသို့ ပျူစောထီးများကို လက်နက်တပ်ဆင်ပြီးအသုံးချလာခြင်းမှာ […]

ရခိုင် ရသေ့တောင်မြို့နယ်တွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၀ကျော်သေဆုံး

Dawei Watch

May 13, 2025

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။ စစ်တွေ-ရသေ့တောင် ကားလမ်းပေါ်တွင်တည်ရှိသည့် ထွန်းရဝေရွာဟောင်းကို ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ကာ ပေါင်း ၅၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ ကျော်လည်း ပျက်စီးကြောင်း ဆိုသည်။ ထိခိုက်သေဆုံးသူများတွင် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပြီး အပျက်အစီးကြားထဲတွင် သေဆုံးနေသူများ ထပ်မံရှိနိုင်သေးကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ ရသေ့တောင်မြို့နယ်မှာ AA […]

အဏုမြူဓာတ်အားပေးစက်ရုံတည်ဆောက်ရေး လက်မှတ်ထိုးရန် ဗီယက်နမ်နှင့် ရုရှားသဘောတူ

Dawei Watch

May 13, 2025

ဗီယက်နမ်နိုင်ငံတွင် အဏုမြူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် နှစ်နိုင်ငံသဘောတူညီချက်များရရှိရေး အမြန်ဆုံး ညှိနှိုင်းလက်မှတ်ရေးထိုးကြရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ရုရှားနှင့် ဗီယက်နမ် နှစ်နိုင်ငံပူးတွဲထုတ်ပြန် ကြေညာသည်။ အဆိုပါ ထုတ်ပြန်ချက်သည် ဗီယက်နမ်ခေါင်းဆောင် တိုလမ်၏ မော်စကိုခရီးစဉ်အပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရုရှားနိုင်ငံက ရေနံကြမ်းနှင့် သဘာဝဓာတ်ငွေ့ရည်ကို ဗီယက်နမ်သို့ တင်ပို့ရေးအပါအဝင် နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ ရုရှားနှင့် ဗီယက်နမ်အကြား တစ်နိုင်ငံက စွမ်းအင်ကုမ္ပဏီများ တစ်နိုင်ငံတွင် အပြန်အလှန် တိုးချဲ့ဖွင့်လှစ်ရေးကိုလည်း အားပေးမြှင့်တင်သွားမည်ဖြစ်သည်။ အဏုမြူဓာတ်အားပေးစက်ရုံများ တည်ဆောက်ရာတွင် အဏုမြူနှင့် ရေဒီယိုသတ္တိကြွမှု လုံခြုံရေးစည်းမျဉ်းများကို တင်းကျပ်စွာ လိုက်နာသွားမည် ဖြစ်ကြောင်း၊ ယင်းအဏုမြူဓာတ်အားပေးစက်ရုံများမှာ လူမှုစီးပွားဖွံ့ဖြို့တိုးတက်ရေး အတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရပ်ဆိုင်းထားခဲ့သည့် အဏုမြူဓာတ်အားပေးစက်ရုံ […]