ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာတစ်ဦးကို လူသတ်မှုဖြင့် ဝရမ်းထုတ်

Dawei Watch

May 12, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသက် ၇၀ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးကို သတ်ပြီး ထွက်ပြေးနေသည်ဟုဆိုကာ မြန်မာနိုင်ငံသားတစ်ဦးကို ဆုငွေထုတ်၍ ဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၃ နှစ်အရွယ် ကိုစိုင်းဟန်ကို မေလ ၁၀ ရက်တွင် ထွန်ဘူရီတရားရုံးက လူသတ်မှုဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်သည်။ အခင်းဖြစ်သော မေလ ၁၀ ရက်က ကိုစိုင်းဟန်သည် ဘန်ခေးနယ်မြေရှိ ကိုယ်ဝန်သည်ဇနီးဖြစ်သူ နေထိုင်လုပ်ကိုင်နေသော ထိုင်းအလုပ်ရှင်အိမ်သို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူနှင့် လာတွေ့ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကိုစိုင်းဟန်သည် ဇနီးဖြစ်သူထံမှ ငွေတောင်းခံသည်ကို မရသဖြင့် သူမကို သတ်ဖြတ်မည်ဟု ရန်လိုခဲ့ကြောင်း ဇနီးဖြစ်သူက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားကြောင်း ဖော်ပြသည်။ ယင်းအချိန် ထိုင်းအလုပ်ရှင်က သူမကို အန္တရာယ်ပြုမည်စိုးသဖြင့် ကိုစိုင်းဟန်ကို အိမ်အပြင်နှင်ထုတ်ခဲ့ပြီး အထဲသို့ […]

ထိုင်းတောင်ပိုင်းတွင်လည်း ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

Dawei Watch

May 11, 2025

မြန်မာရွှေ့ပြောင်းလုပ်သား အများစုရှိသည့် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ယနေ့(မေလ ၁၁) ရက်တွင် ပြုလုပ်ခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင်ဘုန်းတော်ကြီးကျောင်းတွင် ညောင်ရေသွန်းပွဲနှင့်အတူ စတုဒီသာကျွေးခြင်းလည်း ပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၊ ကဆုန်လပြည့်နေ့ ညနေပိုင်းမြင်ကွင်းများ

Dawei Watch

May 11, 2025

ထားဝယ်မြို့ရှိ ရွှေတောင်စားစေတီ ၊ လောကမာရဇိန်ဘုရားကြီး ၊ အောင်စည်ပင်ဘုရားတို့တွင် ယနေ့ မေလ ၁၁ ရက် (ကဆုန်လပြည့်နေ့) ညနေပိုင်းတွင် ဘုရားဖူးလာသူများဖြင့် စည်ကားနေသည်။ ဘုရားများတွင် စတုဒိသာ ကျွေးမွေး ဧည့်ခံနေသူများ ၊ ညောင်ရေလာသွန်းကြသူများ၊ ဘုရားဖူးများကို တွေ့ရသည် ။ ယင်းအပြင် မြို့ပေါ်ရပ်ကွက်အချို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို ရေပန်းအလှဆင်၍ ရပ်ကွက်အလိုက် မြို့ပတ်လှည့်လည်ပူဇော်ခံနေသည်ကိုလည်းတွေ့ရသည်။ ထားဝယ်ဘုရားကြီးဝင်းအတွင်းရှိ မဟာဓမ္မာရုံတွင် ညတရားပွဲသုံးည ကျင်းပနေသည်။ ယနေ့ နံနက်ပိုင်းတွင်မူ တနင်္သာရီတိုင်းစစ်ကောင်စီအဖွဲ့က လုံခြုံရေး တင်းကျပ်၍ ကဆုန်ညောင်ရေသွန်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ညင်းမော်ကျေးရွာက ညောင်ရေသွန်းပွဲ

Dawei Watch

May 11, 2025

လောင်းလုံးမြို့နယ်၊ ညင်းမော်‌ကျေးရွာတွင် ယနေ့ကျင်းပနေသည့် ညောင်ရေသွန်းပွဲတော်၌ ပွဲဇံလှည့်ပွဲကို ပြန်လည်ထည့်သွင်း ကျင်းပခဲ့ပြီး ဧည့်ပရိသတ်များစွာဖြင့် စည်ကားခဲ့သည်။ ခေတ်ကိုထင်ဟပ်သရုပ်ဖော် ဖျော်ဖြေသော ပွဲဇံလှည့်ပွဲကို အာဏာသိမ်းပြီးချိန်မှ စတင်ကာ ထည့်သွင်းကျင်းပခြင်း မရှိတော့ဘဲ ယနေ့ကျင်းပသည့် ၆၉ ကြိမ်မြောက် ညင်းမော်ကျေးရွာ ညောင်ရေသွန်းပွဲတွင်မှ ပြန်လည်ထည့်သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ထားဝယ်မြို့ပေါ်တွင် သွေးလွန်တုပ်ကွေးအဖြစ်များနေ၍ ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်

Dawei Watch

May 11, 2025

သွေးလွန်တုပ်ကွေးအဖြစ်များနေသည့် ထားဝယ်မြို့ပေါ်တွင် ခရိုင်ကျမ်းမာရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ မေလ ၁၁ ရက်နေ့မှစကာ ရောဂါကာကွယ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်နေကြသည်။ သွေးလွန်တုပ်ကွေးကာကွယ်နိုင်ရန်အတွက် ခြင်ဆေးဖြန်းခြင်း၊ Abate ( ပိုးလောက်လန်း သေဆေး)ခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ပြုလုပ်နေခြင်းဖြစ်သည်။ ထားဝယ်မြို့ပေါ် ရှိ သွေးလွန်တုပ်ကွေး အဖြစ်များနေသည့် တလိုင်းမ၊တလိုင်းထိန်ရပ်ကွက်နှင့် ဝဲကျွန်းရပ်ကွက်များတွင် ဆောင်ရွက်နေကြောင်း သိရသည်။ တလိုင်းမ ရပ်ကွယ်ရှိ ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်သည့် နေအိမ်နှင့် ကိုက်တစ်ရာအကွာ၌ရှိသော နေအိမ်များ၏ပတ်ဝန်းကျင်နှင့် ရေကန်၊ရေဝပ်သောနေရာများတွင် ယနေ့ မေလ ၁၁ ရက်နေ့ နံနက်ပိုင်း၌ ခြင်းဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဝဲကျွန်းရပ်ကွက်တွင် မေလ ၁၂ ရက်နေ့ မနက်ဖြန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအ‌ […]

အာဏာသိမ်းလေးနှစ်အတွင်း မြိတ်မြို့တွင်လောင်းကစားဒိုင် အများအပြားထပ်တိုး

Dawei Watch

May 11, 2025

အာဏာသိမ်ပြီး လေးနှစ်တာကာလအတွင်း မြိတ်မြို့တွင် ဘောလုံး၊ နှစ်လုံး၊ သုံးလုံး စသည့် လောင်းကစားဒိုင် အရေအတွက် အများအပြားထပ်တိုးလာကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လက်ရှိတွင် မြိတ်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုလျှင် လောင်းကစားဒိုင် ၅ ခုထက်မနည်းရှိနေပြီး စစ်ကောင်စီတာဝန်ရှိသူများကို လိုင်းကြေး(ငွေ)ပေးကာ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။ အာဏာမသိမ်းမမီက မြိတ်မြို့ တစ်မြို့လုံးတွင် ဘောလုံး၊ နှစ်လုံး၊ သုံးလုံးစသည့် လောင်းကစားဒိုင် ၁၅ ဒိုင် ဝန်းကျင်သာရှိရာက လက်ရှိတွင် ဒိုင်အရေအတွက် ဆယ်ချီတိုးလာကြောင်း မြို့ခံများက ပြောသည်။ “ဘိတ်(မြိတ်)က ရဲတွေကို အပီပေါင်းပြီး လစဉ်လိုင်းကြေးသာပေးနေ ကြိုက်သလောက်ထီဒိုင်တွေ ရောင်းလို့ရတယ်။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းပဲ။ သွားတိုင်လို့ အရေးယူပေးမယ့် သူလည်းမရှိဘူး။ အားလုံးတစ်ဖက်သားတည်း ပေါင်းစားနေကြတာ”ဟု မြို့ခံတစ်ဦးက ဆိုသည်။ ဘောလုံး၊ နှစ်လုံးနှင့် […]

ထီးခီးနယ်စပ်မှတစ်ဆင့် စားနပ်ရိက္ခာတင်သွင်းခွင့် ထိုင်းခွင့်မပြု

Dawei Watch

May 11, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ထီးခီးနယ်စပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သော်လည်း နယ်စပ်မှတစ်ဆင့် စားနပ်ရိက္ခာတင်သွင်းခွင့်ကို ထိုင်းနယ်ခြားစောင့်တပ်က ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်ကြောင်း စစ်ရှောင်အရေးကူညီနေသူအချို့ထံမှ သိရသည်။ တိုက်ပွဲစဖြစ်ချိန်မှ ထီးခီးစခန်းသိမ်းပြီး လက်ရှိအချိန်အထိ ကြက်ဥ၊မာမား၊ ဆန်ကဲ့သို့ အခြေခံစားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့တင်သွင်းခွင့်ကို ထိုင်းနယ်ခြားစောင့်တပ်က တင်းတင်းကျပ်ကျပ် တားမြစ်ထားကြောင်း စစ်ရှောင်ကူညီနေသူအချို့က ဆိုသည်။ ထီးခီးနယ်စပ်ဂိတ်အပါအဝင် ဗောဓိနယ်စပ်ဂိတ်နှင့် အနီးဝန်းကျင်ရှိ နယ်စပ်တစ်လျှောက်တွင် ပိတ်ပင်ကန့်သတ် ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထီးခီးနယ်စပ်စခန်းကို KNU အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များကို မေလ ၁ ရက်နေ့တွင်စတင်တိုက်ခိုက်ပြီး ၉ ရက်နေ့တွင် သိမ်းပိုက်ခဲ့သည်။ “မာမားတွေ ကြက်ဥတွေခဏထားဦး။ မုန့်လေးတစ်ထုပ်တောင်သယ်လို့မရဘူး။ စားနပ်ရိက္ခာဆိုရင် အဲလောက်အထိတောင် တင်းကျပ်ပစ်လိုက်တယ်”ဟု အထက်ပါ စစ်ရှောင်ကူညီနေသူက ပြောသည်။ တစ်ဖက်တွင်လည်း ထားဝယ်ဘက်မှ စားနပ်ရိက္ခာသယ်ဆောင်ခွင့်ကို ထားဝယ်-မေတ္တာလမ်းပိုင်းရှိ စစ်ကောင်စီတပ် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၄ ရက်မှ ၁၀ ရက်အထိ မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ခွင့်ရ နှစ် ၈၀ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံး ပျက်စီးမှုအပေါ် တရုတ်နိုင်ငံက အကူအညီပေးနေတဲ့ အခြေအနေကို ရှီကျင့်ဖျင်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်စွာနဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုကို​ ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ […]