အိန္ဒိယနှင့် ပါကစ္စတန်အကြား အပစ်ရပ်သဘောတူညီပြီး နာရီပိုင်းအကြာတွင် ပေါက်ကွဲမှုဖြစ်၊ အပြန်အလှန်စွပ်စွဲ
Dawei Watch
May 11, 2025နှစ်နိုင်ငံ အပစ်ရပ်သဘောတူညီချက် ရရှိခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သဘောတူညီချက်ကို ချိုးဖောက်သည်ဟု အိန္ဒိယနှင့် ပါကစ္စတန်အကြား အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ အပစ်ရပ်သဘောတူညီချက် စတင်အသက်ဝင်ပြီးနောက် နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားတွင် ပေါက်ကွဲသံများ ပေါ်ထွက်လာခဲ့သည်။ ယင်းနောက် အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဗီကရမ်မိစရီက အပစ်ရပ်သဘောတူညီချက်ကို ပါကစ္စတန်ဘက်မှ ထပ်ခါထပ်ခါ ချိုးဖောက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းအပေါ် အိန္ဒိယတပ်ဖွဲ့များက သင့်လျော်သည့် တုံ့ပြန်မှု လုပ်ဆောင်နေကြောင်း ၊ ပါကစ္စတန်အနေဖြင့် ၎င်းတို့ဘက်မှ အပစ်ရပ်သဘောတူညီချက် ချိုးဖောက်မှုကို ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ ယင်းနောက် အချိန်အနည်းငယ်အကြာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယဘက်မှ နေရာအချို့တွင် အပစ်ရပ်သဘောတူချက်ကို ချိုးဖောက်မှုရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ပါကစ္စတန်အနေဖြင့် အပစ်ရပ်သဘောတူညီချက်ကို သစ္စာရှိရှိ အကောင်အထည်ဖော်သွားမည်ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ အပစ်ရပ်သဘောတူညီချက်ကို […]


