စမ်းလှမ်း ဒေသခံငါးဦးကို လောင်းလုံးပကဖ ဖမ်းဆီးစစ်ဆေး
Dawei Watch
May 13, 2025လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာက ဒေသခံငါးဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း ယင်းတပ်ဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။ မေလ ၁၁ ရက် ညောင်ရေသွန်းပွဲတော်နေ့ နံနက်ပိုင်းတွင် စမ်းလှမ်းရွာသို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း စမ်းလှမ်းရွာသားတစ်ဦးက ပြောသည်။ လာရောက်ဖမ်းဆီးစဉ်ကမူ ဖမ်းဆီးခံရသူ ငါးဦးထက်မနည်း ရှိသော်လည်း အချို့ကို စစ်ဆေးပြီး ချက်ချင်းပြန်လွှတ် ပေးခဲ့ကာ ငါးဦးကိုမူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆိုသည်။ “ဘယ်အဖွဲ့က ဖမ်းတယ်။ ဘာဖြစ်လို့ ဖမ်းတယ်ဆိုတာတော့ ကျွန်တော်တို့လည်း မမေးရဲဘူးလေ။ စစ်တပ်ကလာပြီး စစ်လား ဆေးလား လုပ်မှာစိုးလို့တောင် ကျွန်တော်တို့ ညောင်ရေသွန်းပွဲ သွားမလို့ လုပ်ထားတာတောင် မသွားဖြစ်တော့ဘူး” ဟု စမ်းလှမ်းဒေသခံက ပြောဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကမူ စမ်းလှမ်းဒေသခံငါးဦးကို […]


