ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦး ထပ်မံသေဆုံး

Dawei Watch

May 28, 2025

ထားဝယ်တွင် သွေးလွန်တုပ်ကွေးကြောင့် မေလ ၂၇ ရက်နေ့ ညနေပိုင်းက ကလေးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ စုံစမ်းသိရှိရသည်။ သေဆုံးသူကလေးငယ်မှာ ထားဝယ်မြို့ ၊ကျောက်မော်ရပ်ကွက်၊ မြစေတီဘုရားလမ်းတွင် နေထိုင်သည့် အသက် ၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ထားဝယ်ဆေးရုံကြီး၌ အဖျားရောဂါဖြင့် ဆေးကုသနေမှုခံယူနေစဉ် မေလ ၂၇ ရက်နေ့ ညနေပိုင်း၌ သွေးလွန်တုပ်ကွေးလက္ခဏာဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “ကျွန်တော် ဒီမနက် သွေးလိုအပ်လို့ သွေးလာပို့ပေးတော့မှာ ကလေးက ဆုံးသွားပြီလို့ သိရတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ထားဝယ်မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့် ပုဂ္ဂလိကဆေးရုံများတွင် ယခုသီတင်းပတ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများ မြင့်တက်လျက်ရှိပြီး လသားအရွယ်မှ ဆယ်ကျော်သက်အရွယ်ရှိ ကလေးများ ဖြစ်ပွားနေကြောင်း၊ သွေးရရှိရန်အရမ်းခက်ခဲနေကြောင်း သွေးလှူရှင်အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။ “သွေး ၁၀ လုံးတောင်းရင် […]

ကျောင်းသားဗီဇာ လျှောက်ထားသူများကို ရက်ချိန်းပေးမှု အမေရိကန် ရပ်ဆိုင်း

Dawei Watch

May 28, 2025

နိုင်ငံတကာရှိ အမေရိကန်သံရုံးများတွင် ကျောင်းသားဗီဇာလျှောက်ထားသူများအတွက် ရက်ချိန်းပေးမှုကို ရပ်ဆိုင်းရန် ထရမ့်အစိုးရက မေလ ၂၇ ရက်နေ့က အမိန့်ထုတ်လိုက်သည်။ ယင်းမှာ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားရန် ကျောင်းသားဗီဇာလျှောက်ထားသူများ၏ ဆိုရှယ်မီဒီယာအကောင့်များတွင် ထရမ့်အစိုးရကို ဝေဖန်ထားခြင်းရှိမရှိ စစ်ဆေးကြည့်ရှုရန်အတွက် ယင်းသို့ အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ အင်္ဂါနေ့က ထုတ်ပြန်လိုက်သည့် အဆိုပါ အမိန့်မှာ နောက်ထပ်ညွှန်ကြားချက် မထွက်ပေါ်သရွေ့ ဆက်ရှိနေမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောဆိုကြောင်း သိရသည်။ အမေရိကန်တက္ကသိုလ်ကျောင်းသားဗီဇာနှင့် နိုင်ငံခြား exchange program ဗီဇာများအတွက် ဆိုရှယ်မီဒီယာအကောင့်များအား စစ်ဆေးကြည့်ရှုမှုကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ရက်ချိန်းမရသေးသည့် ကျောင်းသားဗီဇာလျှောက်ထားမှုအားလုံးကို ပယ်ဖျက်ရန် ၊ ရက်ချိန်းရထားပြီးသား ဗီဇာလျှောက်ထားမှုများကို ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ညွှန်ကြားထားကြောင်း သိရသည်။ ကျောင်းသားဗီဇာလျှောက်ထားသူအားလုံး၏ ဆိုရှယ်မီဒီယာအကောင့်များကို စစ်ဆေးစောင့်ကြည့်မှုများ တိုးချဲ့ဆောင်ရွက်သွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက […]

ကော့သောင်းတွင် မိုးသည်း၍ နှစ်ချို့မန်ကျည်းပင်ကြီး ဘုန်းကြီးကျောင်းပေါ်လဲကျ

Dawei Watch

May 28, 2025

ကော့သောင်းမြို့တွင် မေလ ၂၇ ရက်‌ နေ့က မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ချို့ မန်ကျည်းပင်ကြီး အမြစ်ကျွတ်ထွက်ပြီး ဘုန်းကြီးကျောင်းဆောင်ပေါ်လဲကျခဲ့ကြောင်း တနင်္သာရီတိုင်းမီးသတ်ဦးစီးဌာနက ယနေ့ နံနက်ထုတ်ပြန်သည်။ အဆိုပါ မန်ကျည်းပင်မှာ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိပြီး မေလ ၂၇ နေ့လယ် ၁၀ နာရီဝန်းကျင်၌ မိုးသည်းထန်စွာရွာနေချိန် အမြစ်မှကျွတ်ထွက်လဲကျသွားခြင်းဖြစ်ကြောင်း ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။ “ဒီအပင်က ယောက်ျားတစ်ယောက် လက်နှစ်ပွေ့ လောက်ရှိတယ်၊ ကျောင်းနံဘေးကကုန်းပေါ်မှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ရှိနေတာ၊ မနေ့ကမိုးကကြီးတော့ အမြစ်ကနေ ကျွတ်ထွက်ပြီး ကျောင်းပေါ် လဲကျသွားတာ”ဟု ယင်းအမျိုးသားကပြောသည်။ ယင်းမန်ကျည်းပင်မှာ လုံးပတ် ၉ ပေနှင့် အမြင့် ပေ ၅၀ ခန့်ရှိပြီး ဘုန်းကြီးကျောင်းဆောင်ပေါ် လဲကျခြင်းခြင်းကြောင့် ဘုန်းကြီးကျောင်း အမိုးနှင့် ကျောင်းဆောင်အတွင်း […]

တနင်္သာရီအပါအဝင် နိုင်ငံအနှံ့ မိုးကြီးရေလျှံနှင့် မြေပြိုမှုအန္တရာယ်ရှိနိုင်ကြောင်း သတိပေး

Dawei Watch

May 28, 2025

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုန်လေ အားကောင်းခြင်းတို့ကြောင့် ဇွန်လဆန်းအထိ တနင်္သာရီတိုင်းအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးထစ်ချုန်းခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်နိုင်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်) တွင် မေလ ၂၇ ရက်က စဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ကာ ပိုမိုအားကောင်း လာနိုင်ကြောင်း မိုးဇလက ယနေ့ မေလ ၂၈ ရက် နံနက်တွင် ထုတ်ပြန်ထားသည် ။ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ၊ မြစ်ချောင်းများအနီးတွင် နေထိုင်ကြ သူများ ကြိုတင်သတိပြုရှောင်ရှားရန် အထူးမိုးလေဝသ သတိပေးချက်ဖြင့် မေလ ၂၇ရက်ညတွင် […]

ဘီးလင်း-နတ်ကြီးကားလမ်းရှိ တံတားတစ်စင်း မိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေးပြတ်

Dawei Watch

May 27, 2025

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဘီးလင်း-နတ်ကြီး-ဖာပွန်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် (၃/၁၇) သံကူကွန်ကရစ် အမျိုးအစားသည် မေလ ၂၆ ရက် နံနက်ပိုင်းတွင် မိုင်းခွဲဖျက်ဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ အဆိုပါ သံကူကွန်ကရစ်တံတားသည် မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံးနီးပါး ပြိုကျပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ “မိုင်းခွဲခံထားရတဲ့ တံတားက တစ်စင်းလုံးနီးပါးပဲ ပြိုကျသွားတယ်။ အခုက လူရော၊ ကားတွေရော ဖြတ်သန်းသွားလာလို့ မရတော့ဘူး” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါတံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်ကိုမူ တိတိကျကျ […]

မြန်မာတစ်နိုင်ငံလုံး အပစ်ရပ်ပြီး အားလုံးပါသည့် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် အာဆီယံတိုက်တွန်း

Dawei Watch

May 27, 2025

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာမှုအကျပ်အတည်းအကြား မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ အားလုံးပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးရေး ဖန်တီးဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်တွင် အာဆီယံခေါင်းဆောင်များက ယင်းသို့ တညီတညွတ်တည်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ကိုယ်တိုင်ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ထွန်းလာရန် ယုံကြည်မှုတည်ဆောက်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။ မြန်မာပြည်အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့၏ သံန္နိဌာန်ကိုလည်း အဆိုပါ ကြေညာချက်တွင် ထပ်လောင်း အတည်ပြုဖော်ပြခဲ့သည်။ အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အာဆီယံအဖွဲ့က ကိုင်စွဲထားသည့် အဓိကမူဘောင်တစ်ရပ် ဖြစ်သည်။ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ထိရောက်စွာဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံဥက္ကဋ္ဌနှင့် […]

မြိတ်မြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းပြီး ကျပ်သိန်း ၁၇၀ ကျော် ခိုးယူ

Dawei Watch

May 27, 2025

မြိတ်မြို့တွင် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရပြီး ငွေကျပ် ၁၇၄ သိန်းကျော် ခိုးယူခံရကြောင်း ဖုန်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးသည် မေလ ၂၄ရက် ည ၁၁နာရီဝန်းကျင်တွင် Sky Mobile ဖုန်းဆိုင် အတွင်း ဖောက်ထွင်းဝင်ရောက် ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားတွင် ခြေထောက်နှစ်ဖက်ကို ပတ်တီးအဖြူရောင်စည်းထားသည်ကို CCTV မှတ်တမ်းတွင် တွေ့ရကြောင်း ဖုန်းဆိုင်ပိုင်ရှင်က ပြောဆိုသည်။ “အိမ်ရှေ့တံခါးမကို သော့အရင်ဖျက်ပြီး နံဘေးတံခါးကနေဝင်တာ။ သူခိုးကတော့ ကြိုလေ့လာထားသူဖြစ်ပုံရတယ်။ သူကဝင်လာကတည်းက ပိုက်ဆံထားတဲ့ ကောင်တာကို တန်းပြီးသွားတာ။ အဲဒီမှာ သော့ဖျက်ပြီး ငွေသားတွေ ယူသွားတာ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ဖုန်းဆိုင်ရှိ တန်ဖိုးကြီးဖုန်းများကိုမူ တစ်လုံးမျှ ခိုးယူသွားခြင်းမရှိကြောင်း ၎င်းက […]

မြိတ်မြို့တွင် ငါးလအတွင်း မူးယစ်ဆေးပြား နှစ်သိန်းကျော်ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

Dawei Watch

May 27, 2025

မြိတ်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ မေလ ၂၇ ရက်နေ့အထိ ငါးလဝန်းကျင်အတွင်း စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေနှစ်သိန်းခွဲခန့် ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ၏ မြန်မာနိုင်ငံ မူးယစ်ဆေး ထိန်းချုပ်ရေးဗဟိုကော်မတီ(CCDAC)က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၃၁ ရက်နေ့က မြိတ်မြို့ မြို့ခံအမျိုးသားနှစ်ဦးထံမှ စိတ်ကြွမူးယစ်ဆေးဝါး အလုံးရေ နှစ်သိန်းကျော် ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၂၉ ရက်က မြိတ်မြို့တွင် စိတ်ကြွမူးယစ်ဆေး အလုံးရေ နှစ်သောင်းတစ်ထောင်နီးပါး ဖမ်းမိခဲ့ပြီး၊ မေလထဲတွင်မူ နောက်ထပ်သုံးသိန်းနီးပါး ထပ်မံဖမ်းဆီးမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းငါးလဝန်းကျင်ထဲ မြိတ်မြို့နယ်တစ်ခုတည်းတွင်သာ မူးယစ်ဆေးဝါးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး တိုင်းအတွင်းရှိ အခြားဒေသများအခြေအနေကို ထုတ်ပြန်ထားခြင်းမရှိပေ။ အထက်ပါမူးယစ်ဆေးဝါးတို့နှင့်အတူ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားငါးဦးကို ဖမ်းဆီးထားကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ CCDAC အဖွဲ့က စိတ်ကြွမူးယစ်ဆေးဝါးတစ်လုံးကို ငွေကျပ်သုံးထောင်ဖြင့်တွက်ချက်ထားပြီး မူယစ်ဆေးဝါး […]