လောင်းလုံးမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်
Dawei Watch
May 30, 2025လောင်းလုံးမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့(မေ ၃၀) နံနက် ၉ နာရီဝန်းကျင်ခန့်မှစ၍ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်၌ရှိသော အောင်တံခွန်ငါးဈေးနှင့် ကာစတန်ဘက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သလို လောင်းလုံးမြို့၏အနောက်ဘက် ပင်လယ်ရှိ ရေတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း လောင်းလုံးမြို့အနီး ကျေးရွာတစ်ရွာ၌နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ “အချက်ရေ နှစ်ဆယ်လောက်ရှိပြီ ပစ်နေတာ မနေရဲသူတွေကလည်း ဘေးလွတ်ရာ သွားကုန်ကြပြီ”ဟု ယင်းဒေသခံကပြောသည်။ အဆိုပါလက်နက်ကြီး ကျည်ဆန်များမှာ လောင်းလုံးမြို့အနီးရှိ သဗျာရွာနှင့် ညင်းဝကျေးရွာ များအနီးကျရောက်ပေါက်ကွဲနေပြီး လူနှင့်နေအိမ်ထိခိုက်မှုရှိမရှိကိုမူ မသိရသေးကြောင်း ဒေသခံတို့ကပြောသည်။ KNU/KNLA တပ်များနှင့် PDF တပ်များက လောင်းလုံးမြို့ကို မြို့သိမ်းတိုက်ပွဲတိုက်ရန် မြို့အနီး အခြေချနေကြောင်း၊ စစ်ကောင်စီလော်ဘီ အမဲလိုက်မုဆိုးကြီး တယ်လီဂရမ် ချန်နယ်မှ မေလ ၂၉ ရက်နေ့မှစ၍ […]


