ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

June 8, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြိုနယ်၊ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာတွင် ဇွန်လ ၄ ရက်မှ ၆ ရက်နေ့အထိ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသက် ၅၃ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက တိုးလိုက်ဆုတ်လိုက်နဲ့ဖြစ်နေတယ်။ သူတို့ဘက်က လာပစ်တာပဲများတယ်” ဟုအထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက်ခြမ်း(မောတောင်ဘက်)ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ အနောက်ဘက်ခြမ်း(ချောင်းနှစ်ပေါက်ရွာဘက်)ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ စစ်ကောင်စီဘက်က တိုက်ပွဲအတွင်း လက်နက်ကြီးများပစ်ခတ်သည့်အပြင် ဒရုန်းများဖြင့် ဗုံးသီးအဆက်မပြတ်ကြဲချခဲ့ကြောင်း အသက်၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ လက်ရှိတွင် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညအချိန်တွင်လည်း ဒရုန်းဖြင့် ကင်းထောက်နေကြောင်း ၎င်းကပြောသည်။ […]

ကော့သောင်းတွင် ကျောင်းသားအချင်းချင်း ရန်ဖြစ်ပြီး တုတ်ဖြင့်ခေါင်းရိုက်လိုက်၍ ဒဏ်ရာပြင်းထန်

Dawei Watch

June 8, 2025

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားအချင်းချင်းရန်ဖြစ်ပြီး ပေါက်တူးရိုးဖြင့် ဦးခေါင်းကိုရိုက်ခဲ့သည့်အတွက် ဒဏ်ရာအပြင်းအထန်ရသွားကြောင်း မြို့ခံအချို့နှင့် အရိုက်ခံရသည့်ကျောင်းသား၏ မိသားစုနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ မေလ ၅ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စာသင်ခန်းအတွင်း G- 9 ကျောင်းသား မောင်ပြည့်ဖြိုးမောင်မောင်ကို အတန်းဖော် ကျောင်းသားတစ်ဦးက ပေါက်တူးရိုး(သစ်သား)ဖြင့် ဦးခေါင်းကို အနောက်မှဝင်ရိုက်ခဲ့ကြောင်း ခံရသူမိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးရန်စရှိတယ် ဘာညာတော့မသိဘူး။ဒါပေမဲ့ ခံရတဲ့ကလေးမှာတော့ တော်တော် ထိခိုက်သွားတယ်။ခေါင်းမကွဲသွားဘဲနဲ့ အမြင်အာရုံကြော‌နဲ့ နားကိုကို ထိသွားတယ်။ နားထဲက သွေးတွေလည်း ကျနေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ကော့သောင်းမြို့ခံတစ်ဦးကလည်း ယခုပညာသင်နှစ်တွင်မှ အခြားကျောင်းမှ ပြောင်းလာသည့် ကျောင်းသားအသစ်တစ်ဦးကို ကျောင်းသားဟောင်းက ရိုက်နှက်ခဲ့သည်ကို ကြားသိရသည်ဟု ဆိုသည်။ […]

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ အလဲထိုးနိုင်ပွဲနဲ့အတူ ၄ ပွဲဆက် အနိုင်ယူပြလိုက်ပြီ

Dawei Watch

June 8, 2025

UFC 313 ပြိုင်ပွဲကြီးမှာ မြန်မာပရိသ၊တ်တွေ စိတ်အဝင်စားဆုံးဖြစ်နေခဲ့တာက ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ရဲ့ ပွဲစဉ်ပါပဲ။ ဂျိုရှူအာဗန် ဟာ ဘရာဇီးဖိုက်တာ ဘရူနိုဆေးလ်ဗားနဲ့ ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီပွဲမှာ ဂျိုရှူအာဗန်က ပွဲအစ ပထမအချီကနေ တတိယအချီကိုရောက်တဲ့အထိ အသာစီးကနေ ထိုးပြသွားခဲ့ပါတယ်။ အထူးသဖြင့် ဂျိုရှူအာဗန်ရဲ့ Kickboxing လက်သီးတွဲလုံးတွေဟာ တစ်ပွဲထက်တစ်ပွဲ အရမ်းကို တိုးတက်လာတာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ဂျိုရှူအာဗန်ရဲ့ အားပါပြင်းထန်လှတဲ့ ထောက်လက်သီးချက်တွေ ထိမှန်ပြီး ပထမပွဲချီကတည်းက ဘရူနိုဆေးလ်ဗားရဲ့မျက်နှာဟာ ဖူးယောင်သွားခဲ့တာပါ။ တတိယပွဲချီမှာတော့ ဘရူနိုဆေးလ်ဗားကို အမှောက်သိပ်ပြီး ဂျိုရှူအာဗန်က အလဲထိုးနိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဂျိုရှူအာဗန်ဟာ ၂၀၂၅ ခုနှစ်ထဲမှာ ထိုးတဲ့နှစ်ပွဲလုံး အနိုင်ရပြီး နောက်ဆုံး ၄ ပွဲဆက် အနိုင်ရရှိတဲ့မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ရရှိသွားခဲ့ပါပြီ။ အခုလို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 7, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁ ရက်မှ ၇ ရက်အထိ စစ်ကောင်စီကို အရေးယူဖို့ ILO ဆုံးဖြတ် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူဖို့ အပြည်အပြည်ဆိုင်ရာအလုပ်သားရေးရာအဖွဲ့ချုပ် (ILO) က ဇွန်လ ၅ရက်မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၁၁၃ကြိမ်မြောက် ILO ညီလာခံမှာ အခုလိုအရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၃၃နဲ့ အရေးယူမှာကို ရုရှား၊ တရုတ်၊ ဘီလာရုစ်နဲ့ လာအိုတွေက ကန့်ကွက်ခဲ့ကြပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်း ချက် ၈၇ နဲ့ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၂၉ စတဲ့ ILO […]

ချင်းမိုင်တွင် ကြောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အိပ်နေသော ကြောင်တစ်ကောင်ကို ရေမြောင်းထဲ ကန်ချခဲ့သော မြန်မာနိုင်ငံသားတစ်ဦးကို ဇွန်လ ၆ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရ သိရသည်။ ဖမ်းဆီးခံရသူသည် အသက် ၁၉ နှစ်အရွယ် ကိုကျိုင်စိုင်းအမည်ရှိ မြန်မာနိုင်ငံသားဖြစ်သည်။ ပြီးခဲ့သော ဇွန်လ ၁ ရက်နေ့ မနက် ၂ နာရီခန့်က ကိုကျိုင်စိုင်းအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးသည် ရေမြောင်းဘေး လမ်းလျှောက်လာစဉ် လမ်းဘေးအိပ်နေသော ကြောင်တစ်ကောင်ကို ကိုကျိုင်စိုင်းက ရေမြောင်းထဲသို့ ကန်ချလိုက်သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။ ယင်းဖြစ်စဉ်ကို CCTV မှတ်တမ်းတွင် ရိုက်မိထားပြီး ထိုင်းနိုင်ငံသား ကြောင်ပိုင်ရှင်က Facebook ပေါ်သို့ တင်လိုက်ရာမှ လူအများကြား ဝေဖန်မှုများ မြင့်လာခြင်းဖြစ်သည်။ ကြောင်သည် နှစ်နှစ်သားအရွယ်ရှိပြီး ကြောင်ပိုင်ရှင်က ဇွန်လ […]

မြန်မာတွေဝင်နွှဲတဲ့ ထိုင်းတောင်ပိုင်းက LGBTQ+ များ၏ အထိမ်းအမှတ်ပွဲ

Dawei Watch

June 7, 2025

ထိုင်းတောင်ပိုင်း စူရတ်ဌာနီတွင် LGBTQ+ များစုပေါင်းပြီး ချီတက်လမ်းလျှောက်ပွဲကို ယနေ့ ဇွန် ၇ရက် ညနေပိုင်းတွင် ကျင်းပသည်။ အဆိုပါပွဲတော်တွင် မြန်မာနှင့် ထားဝယ်ဒေသခံများလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။ စူရတ်ဌာနီမြို့အတွင်း လမ်းလျှောက်လှည့်လည်ကြပြီးနောက် ကမ်းနားလမ်းရှိ နာရီစင်အနီးတွင် ရပ်နားခဲ့ကြသည်။ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာက LGBTQ+ များနှင့် ထောက်ခံသူများသည် ဇွန်လတစ်လျှောက်လုံးကို LGBTQ+ အထိမ်းအမှတ်လ (Pride Month) အဖြစ် ဆင်နွှဲလေ့ရှိသည်။

မြိတ်တွင် ရှပ်(ဂုံး)ငုပ်သူ ခြောက်ဦးရေနစ်၊ သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး

Dawei Watch

June 7, 2025

မြိတ်မြို့နယ် ၊ မြိတ်တောင်ကျေးရွာ ၊ အဆောင်ကောင်းကုမ္ပဏီ ပတ်ဝန်းကျင်ရှိ တံတားတစ်ခုအနီးတွင် ရေငုပ်၍ ရှပ်(ဂုံး) ရှာဖွေသူ ခြောက်ဦး ယနေ့ ဇွန်လ ၇ ရက် နေ့လယ်ပိုင်းတွင် ရေနစ်ကြောင်း ကူညီကယ်ဆယ်ရေး သွားရောက် လုပ်ဆောင်ပေးခဲ့ရသူများထံမှ သိရသည်။ ရေနစ်မြုပ်သူ ခြောက်ဦးအနက် မဇာဇာချိုနှင့် ၎င်း၏သားနှင့်သမီးဖြစ်သည့် မောင်သော်မူးခန့်၊ မဆောင်းသုန္ဒြေစံတို့သုံးဦး သည် ဆေးရုံအရောက်တွင် သေဆုံးကြောင်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းဝင်တစ်ဦးက ပြောသည် ။ နောက်ထပ် ရေနစ်မြုပ်ခဲ့သည့် အမျိုးသမီးနှစ်ဦးသည် မြိတ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ကျန်တစ်ဦးမှာမူ ပျောက်ဆုံးနေကြောင်း ၎င်းကဆိုသည်။ “ရှပ်သွားငုပ်ရင်း ရေနစ်သွားကြတာ။ အဲဒီအနီးအနားက လူတွေက ဆယ်ပေးပြီး တံတားအပေါ်မှာ တင်ပေးထားတယ်။ ကျွန်တော်တို့က နေ့လယ်တစ်နာရီလောက်သွားသယ်ပေးရတယ်။ ယောက်ျားတစ်ယောက်၊ မိန်းမလေးယောက် […]

ကော့စမွေတွင် ဆိုင်ကယ်ခိုးသည်ဆိုသော မြန်မာစုံတွဲ ဖမ်းဆီးခံရ

Dawei Watch

June 7, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့စမွေကျွန်းတွင် ဆိုင်ကယ်ခိုးယူသည်ဟူသော စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား လင်မယားနှစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၂၄ နှစ်အရွယ် ကိုလမင်းနှင့် အသက် ၂၅ နှစ်အရွယ် မချစ်နှင်းအိစံတို့ဖြစ်ကြပြီး ၎င်းတို့နေထိုင်ရာ ဘိုဖွတ်ဒေသရှိ အခန်းထဲတွင် သက်သေများနှင့်အတူ ဇွန်လ ၆ ရက်နေ့ ညနေက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ပြီးခဲ့သော ဇွန်လ ၃ ရက်နေ့ညက ထိုင်းနိုင်ငံသားတစ်ဦးသည် ဆိုင်ကယ်ကို အိမ်အပြင်တွင် ရပ်ထားခဲ့ပြီးနောက် မနက်မိုးလင်း အိပ်ယာက နိုးသောအခါ ဆိုင်ကယ်ပျောက်သွားသဖြင့် ဘိုဖွတ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။ ရဲတပ်ဖွဲ့က အနီးရှိ CCTV မှတ်တမ်းများကို စစ်ဆေးရာ အမျိုးသား၊ အမျိုးသမီးနှစ်ဦး Honda scoopy ပန်းရောင်ဆိုင်ကယ်ကို ခိုးယူတွန်းသွားခဲ့ပြီး […]