ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်ပါကဖမ်းမည်ဟုဆို၍ တပ်ဆင်သူများနေ

Dawei Watch

June 21, 2025

ထားဝယ်တွင် ဆိုင်ကယ်၏ အရှေ့နှင့်အနောက်ဘက်တွင် နံပါတ်ပြားမတပ်ပါက စစ်ဆေးဖမ်းဆီးနေသည်ဆိုသော သတင်းကြောင့် တပ်ဆင်သူများပြားနေကြောင်း စုံစမ်းသိရှိရသည်။ မြို့ခံတစ်ဦးက Facebook လူမူကွန်ရက်ပေါ်တွင် လိုင်စင်အပြည့်အစုံပါသော်လည်း ဆိုင်ကယ်ရှေ့နောက် နံပါတ်ပြားမတပ်ထားသဖြင့် အဖမ်းခံရကြောင်း ပို့စ်တင်ပြီးနောက် ထိုကဲ့သို့ တပ်ဆင်သူများလာခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောဆိုသည်။ ထားဝယ်တွင် ဆိုင်ကယ်များမှာ နံပါတ်ပြား တစ်ခုသာ တပ်ဆင်ထားကြပြီး ကညနရုံးကလည်း ဖောင်းကြွနံပါတ်ပြား တစ်ခုသာထုတ်ပေးသဖြင့် အရှေ့၊အနောက် တပ်ဆင်လေ့မရှိပေ။ Dawei Watch အနေဖြင့် ဆိုင်ကယ်လိုင်စင်လုပ်ပေးနေသည့် ပွဲစားအချို့နှင့် ထားဝယ်မြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတို့ထံ ဆက်သွယ်မေးမြန်းရာတွင်မူ နံပါတ်ပြားရှေ့နောက် မတပ်ဆင်ပါက အရေးယူရန် ညွှန်ကြားထားခြင်းမရှိကြောင်း ပြောဆိုသည်။ “အဲဒါလူတွေ သက်သက်အွန်လိုင်းပေါ် လျှောက်ဖွနေတာပါ။ ဘာမှဖမ်းဖို့ ညွှန်ကြားထားတာမရှိဘူး။ ကညန ကလည်း မညွှန်ကြားဘူး။ ယာဉ်ထိန်းရုံးကလည်း ညွှန်ကြားထားတာမရှိဘူး” ဟု ကညနရုံးနှင့်နီးစပ်သည့် […]

ရေဖြူ၊ ပယရွာက နေအိမ်တစ်လုံးကို စစ်ကောင်စီဖြိုချ

Dawei Watch

June 21, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာ၊ ရှားကုန်းရပ်ကွက်မှ နေအိမ်တစ်လုံး ကို စစ်ကောင်စီတပ်က မြေတူးစက်ဖြင့် ဖြိုချကာ ဖျက်ဆီးပစ်လိုက်ကြောင်း ရွာသားများထံမှသိရသည်။ ဖျက်ဆီးခံရသည့်နေအိမ်သည် စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးနေသည့် ပယရွာမှ ဇနီးမောင်နှံ၏ မိသားစု(မိဘ)ပိုင် တစ်ထပ်တိုက်ဖြစ်ပြီး ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။ ” ပယရွာက စစ်တပ်ဂိတ်မှာပဲ လင်မယားနှစ်ယောက်စလုံး ရိုက်နှက်စစ်ဆေးပြီးမှ မောရဝတီကိုထပ်ခေါ်သွားတယ်။ သူတို့မိဘအိမ်ကိုလည်း ဘတ်ဟိုး(မြေတူးစက်)နဲ့လာဖြိုသွားတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦး ကပြောသည်။ ပယရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီးနောက် ဇွန်လ ၁၇ ရက်တွင် ရှားကုန်းရပ်ကွက်မှ ဇနီးမောင်နှံနှစ်ဦးနှင့် ခွေးမဖောရွာမှ သားအဖနှစ်ဦးတို့ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။ ခွေးမဖောရွာမှ သားအဖနှစ်ဦးသည် ဇွန်လ ၁၈ ရက်တွင် ပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

June 20, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁၄ ရက်မှ ၂၀ ရက်အထိ ထိုင်းဝန်ကြီးချုပ်နုတ်ထွက်ပေးဖို့ အစိုးရအိမ်တော်ရှေ့ ဆန္ဒပြ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ် ရာထူးက နုတ်ထွက်ပေးရေး ဇွန်လ ၁၉ ရက်နေ့ကနေစလို့ ထိုင်းပြည်သူတွေက အစိုးရအိမ်တော်ရှေ့ ဆန္ဒပြနေကြပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးတဲ့နောက် ထိုင်းနိုင်ငံရေးမှာ ဝန်ကြီးချုပ်ကို ဖိအားပေးလာကြတာပါ။ တိုင်းပြည်လုံခြုံရေးကို ထိုင်းဝန်ကြီးချုပ်ကနေ အပေးအယူလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပြီးတော့ ဝန်ကြီးချုပ်က နုတ်ထွက်ရေး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ ထိုင်းပြည်သူများအနေနဲ့ တိုင်းပြည်ကာကွယ်ရေးအတွက် စည်းလုံးညီညွတ်ကြဖို့ ညွန့်ပေါင်းအစိုးရအဖွဲ့ကနေ ပါတီတွေကလည်း နုတ်ထွက်ကြဖို့ ဆန္ဒပြပြည်သူတွေကနေ […]

ထိုင်းသို့ တရားမဝင်လာသော မြန်မာ ၃၀ကျော်နှင့် လက်ခံထားသော ဆရာတော်နှစ်ပါး ဖမ်းဆီးခံရ

Dawei Watch

June 20, 2025

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ဘုန်းကြီးကျောင်းထဲတွင် ကလေးငယ်များအပါအဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၄ ဦး ဖမ်းဆီးခံရပြီး လက်ခံထားသော ဆရာတော်နှစ်ပါးကိုလည်း လူဝတ်လဲစေကာ ဖမ်းဆီးကြောင်း ထိုင်းသတင်းဌာနများ တွင် ဖော်ပြသည်။ ဇွန်လ ၁၈ရက်တွင် စိုင်ယွတ်ဒေသမှ ကန်ချနဘူရီမြို့ထဲသို့ ကားတစ်စီး မောင်းနှင်လာသည်ကို တွေ့ရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့ကြောင်း ဆိုသည်။ သို့သော်လည်း ကားသည် အစစ်အဆေးမခံဘဲ မောင်းပြေးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က နောက်ကလိုက်လံစစ်ဆေးစဉ် ကားသည် အစပျောက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထို့ကြောင့် နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ရှာဖွေစဉ် ကန်ချနဘူရီမြို့ထဲရှိ ဘုန်းကြီးကျောင်းထဲတွင် ကားရပ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ ထို့နောက် အာဏာပိုင်များက ဘုန်းကြီးကျောင်းကို ဝင်ရောက်စစ်ဆေးရာ ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊ […]

ထိုင်းနိုင်ငံသားက မြန်မာလုပ်သားများကို သေနတ်ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရ

Dawei Watch

June 20, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖပဲဒဲန်ဒေသ ဘန်းကစိုနေရာတွင် ဇွန်လ ၁၈ ရက် ညက မြန်မာအလုပ်သမားများသည် နေထိုင်ရာ အခန်းများရှေ့ အတူဝိုင်းဖွဲ့ စားသောက်၍ စကားပြောနေကြစဉ် ထိုင်းနိုင်ငံသားက အခန်းတွဲရှေ့သို့ လာရောက်ပြီး သေနတ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် ၃၄ နှစ်အရွယ် မဝေဝေလွင်နှင့် အသက် ၁၈ နှစ်အရွယ် မောင်ရန်ပိုင်တို့နှစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များက ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးစဉ် မဝေဝေလွင်သည် လမ်းတွင်ပင် သေဆုံးခဲ့ကြောင်း သတင်းများတွင်ဖော်ပြသည်။ သေနတ်ပစ်ခတ်သူသည် အသက် […]

ရမ်းဖိုရွာတွင် စစ်ကောင်စီ စစ်ကူနှင့် ရိက္ခာတင်လာသည့် ယာဉ်တန်းမိုင်းဆွဲခံရ

Dawei Watch

June 20, 2025

တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် စစ်ကောင်စီတပ် ရိက္ခာနှင့် စစ်ကူတင်ဆောင်လာသည့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၏ ပြောဆိုချက်နှင့် ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ ၁၉ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် မြိတ်မြို့ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် အဆိုပါစစ်ကောင်စီ ယာဉ်တန်းကို ရမ်းဖိုရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ အဆိုပါယာဉ်တန်းတွင် မော်တော်ယာဉ် ခြောက်စီးပါဝင်ပြီး ရမ်းဖိုရွာနှင့် ကမ်းတိုရွာကြားရှိ ဆီအုန်းကုန်းအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါယာဉ်တန်းတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မော်တော်ယာဉ် သုံးစီးနှင့် ရိက္ခာတင်ယာဉ် သုံးစီးပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ အထက်ပါ ယာဉ်တန်းမလာမီ ဇွန်လ ၁၇ ရက်မှစတင်ကာ စစ်ကောင်စီတပ်သားများက ပြည်ထောင်စုလမ်းတစ်လျှောက် လမ်းကင်းများချထားကြောင်း ၎င်းက ဆိုသည်။ […]

လောင်းလုံးမြောက်ပိုင်း ဆင်ပုနစ်ရွာကို စစ်ကြောင်းဝင်လာသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

June 20, 2025

လောင်းလုံးမြို့၏ မြောက်ဘက်ပိုင်းတွင်ရှိသည့် ဆင်ပုနစ်ရွာသို့ ယနေ့ ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ စစ်ကြောင်းသည် ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာများတွင် ယာယီတပ်စွဲပြီးနောက် ယနေ့ နံနက်ပိုင်းတွင် ဆင်ပုနစ်ရွာသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုတော့ ဘုန်းကြီးကျောင်းမှာ ထမင်းချက်စားနေကြတယ်။ လူဖမ်းတာ၊ သေနတ်ပစ်တာတော့ မရှိဘူး။ မနက်က သူတို့နဲ့ တွေ့တဲ့ သူတွေကို တော့ ထွက်မပြေးကြနဲ့ ရွာမှာပဲ အေးဆေးနေကြဆိုပြီး ပြောလိုက်တယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဆင်ပုနစ်ရွာသည် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ် ကြားတွင်ရှိသည်။ စစ်‌ကြောင်းမှာ မည်သည့် မြို့နယ်ဘက်သို့ ဆက်လက်၍ စစ်ကြောင်းထိုးမည်ကို မသိရသောကြောင့် အနီးဝန်းကျင်ရှိ […]

ထိုင်း-မြန်မာနယ်စပ်လမ်းရှိ သိန်းခွန်းရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်

Dawei Watch

June 20, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး တနင်္သာမြို့နယ် မောတောင်နယ်စပ်လမ်းပိုင်းရှိ သိန်ခွန်းကျေးရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန်လ ၁၉ ရက် နံနက် ၁၀နာရီဝန်းကျင်မှစတင်ကာ မွန်းလွဲ ၁ နာရီအထိ လေးနာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်း တွင်လည်း ကြိုကြားကြိုကြား တစ်ရက်လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှုများရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲအချိန်ကြာတယ်။ ကိုယ့်ဘက်ကလည်း မဆုတ်ဘူး။ သူတို့ဘက်ကလည်း မဆုတ်ဘူး။ တစ်နေ့လုံးနီးပါး ပစ်လိုက်နားလိုက်ပဲ” ဟု အထက်ပါရဲဘော်က ပြောသည်။ တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုအခြေအနေကို မသိရသေးပေ။ ဇွန်လ ၁၇ ရက် နံနက်စောစောကလည်း သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာကြားတွင် စစ်ကောင်စီတပ်သားများ စုပြီး တပ်စွဲထားသည့် နေအိမ်ကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်ကောင်စီဘက်က အထိနာကြောင်း […]