အီရန်ကို တိုက်ခိုက်မည့် အစီအစဉ် ထရမ့်သဘောတူ၊ နောက်ဆုံးအမိန့် မချသေး
Dawei Watch
June 19, 2025အီရန်နိုင်ငံအပေါ် တိုက်ခိုက်ရေးအစီအစဉ်များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သဘောတူထားပြီဖြစ်သော်လည်း အီရန်ဘက်က နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်းရှိမရှိကို စောင့်ကြည့်၍ နောက်ဆုံးအမိန့်ကို လက်ကိုင်ထားဆဲဖြစ်ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ဖော်ပြသည်။ အစ္စရေး-အီရန် ပဋိပက္ခ ဆက်ဖြစ်နေသည့်အချိန်တွင် အမေရိကန်ဘက်က အီရန်နိုင်ငံကို တိုက်ခိုက်ရေးအပါအဝင် ၎င်းတို့အတွက် ရွေးချယ်နိုင်မည့် အစီအစဉ်များကို ဇွန်လ ၁၇ ရက်နေ့နောက်ပိုင်းတွင် ချပြလာခြင်းဖြစ်သည်။ အီရန်နိုင်ငံ၏ မြေအောက်တွင် တည်ဆောက်ထားသော Fordow အဆောက်အအုံသည် အမေရိကန်အတွက် အဓိက ပစ်မှတ်ဖြစ်နိုင်ကြောင်း သတင်းများတွင် ဖော်ပြသည်။ Fordow သည် အီရန်နိုင်ငံ၏ မြေအောက်ယူရေနီယံသန့်စင်ရေးစက်ရုံဖြစ်ပြီး တောင်ကြီးအောက်တွင် အခိုင်အမာ တည်ဆောက်ထားသော အဆောက်အအုံဖြစ်သည်။ အကယ်၍ အီရန်ကို တိုက်ခိုက်မည်ဆိုပါက နျူးကလီးယားအဆောက်အအုံများကို တိုက်ခိုက်ခြင်းရှိမရှိ သမ္မတ ထရမ့်ကို မေးမြန်းရာ “တိုက်ချင်တိုက်မယ်၊ မတိုက်ချင် မတိုက်ဘူး” […]


