ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အစ္စရေး – အီရန် စစ်ပွဲတွင် အမေရိကန် ဝင်မပါရန် ရုရှားသတိပေး

Dawei Watch

June 20, 2025

အမေရိကန်အနေဖြင့် အီရန်ကို စစ်ရေးအရ အရေးယူဆောင်ရွက်ခြင်း မပြုလုပ်ရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၁၉ ရက်တွင် သတိပေးလိုက်သည်။ အစ္စရေး – အီရန် စစ်ပွဲအတွင်း အမေရိကန်က အစ္စရေးဘက်က ဝင်တိုက်နိုင်သည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေချိန် ရုရှားက ယင်းသို့ သတိပေးလိုက်ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အစ္စရေးဘက်ကနေ၍ အီရန်ကို တိုက်ခိုက်သွားရန် စဉ်းစားနေကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ “အမေရိကန်အစိုးရအနေနဲ့ လက်ရှိအခြေအနေမှာ စစ်ရေးအရ ကြားဝင်မစွက်ဖက်ဖို့ ကျွန်မတို့ သတိပေးလိုပါတယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက သတင်းထောက်များကို ပြောကြားခဲ့သည်။ အမေရိကန်၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုသည် ကြိုတင်မခန့်မှန်းနိုင်သည့် အနုတ်လက္ခဏာအကျိုးဆက်များ ဖြစ်ပေါ်လာစေနိုင်ပြီး အင်မတန် အန္တရာယ်ကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်လာလိမ့်မည်ဟု သူမက ဆိုသည်။ ရုရှားသမ္မတပူတင်နှင့် […]

အမေရိကန်သတိပေးသော်လည်း အစ္စရေး-အီရန်စစ်ပွဲတွင် ကြားနေမည်မဟုတ်ဟု ဟစ်ဇ်ဘိုလာခေါင်းဆောင်ပြော

Dawei Watch

June 20, 2025

အစ္စရေး-အီရန်စစ်ပွဲတွင် မပါဝင်ရန် အမေရိကန်က သတိပေးထားသော်လည်း မိမိတို့ သဘောဆန္ဒအတိုင်း ပြုမူသွားမည်ဖြစ်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့ခေါင်းဆောင် ရှိတ်ခ်နာအီခါဆန်က တုံ့ပြန်လိုက်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် အစ္စရေး – အီရန် စစ်ပွဲတွင် ကြားနေအဖြစ် ရပ်တည်နေမည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိစစ်ပွဲသည် အစ္စရေးနှင့် အမေရိကန်၏ ရက်စက်သော ကျူးကျော်စစ်သာ ဖြစ်သည်ဟု ဟစ်ဇ်ဘိုလာအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် Tom Barrack က ဟစ်ဇ်ဘိုလာအဖွဲ့အား လက်ရှိစစ်ပွဲတွင် ပါဝင်ခြင်း မပြုရန် သတိပေးခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် စစ်ပွဲအတွင်း ပါဝင်လာလျှင် ယင်းမှာ အင်မတန် ဆိုးရွားလွန်းသည့် ဆုံးဖြတ်ချက် ဖြစ်လိမ့်မည်ဟု Tom Barrack က ဆိုသည်။ အီရန်က ကျောထောက်နောက်ခံပေးထားသည့် […]

မြိတ် ပသွေး-ပိတောက် လမ်းပိုင်းတွင် ဆီအုန်းကားတစ်စီးမှောက်၊ အမျိုးသားတစ်ဦး ဒဏ်ရာရ

Dawei Watch

June 20, 2025

မြိတ်မြို့နယ် ၊ ပသွေး-ပိတောက် လမ်းပိုင်းရှိ ပသွေးကျေးရွာအနီးတွင် ဆီအုန်းတင်လာသည့် ကားတစ်စီး ဇွန်လ ၁၉ ရက် ညနေပိုင်းက တိမ်းမှောက်သွားကြောင်း သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရသူများနှင့် ဒေသခံများထံမှသိရသည်။ မြိတ်မြို့ဘက်သို့ ဦးတည် မောင်းလာစဥ် ပသွေးရွာအနီးရှိ လမ်းကွေ့တစ်ခုတွင် လမ်းဘေးထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းအမျိုးသားတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သူများကဆိုသည်။ ” ရွာနဲ့ နီးနီးလေးမှာ ဖြစ်တာပါ။ တစ်ခုခုကို ရှောင်လိုက်တဲ့အချိန် ကားက ဝိတ်(အလေးချိန်) များပြီး အကွေ့မှာ လမ်းဘေးကျသွားတယ်။ လမ်းက အကွေ့များတယ်။ ကားပေါ်မှာတော့ ဆီအုန်းတွေ အပြည့်ပဲ။ ကားက ကျောက်တွေ၊ သဲတွေ တင်တဲ့ ကားအမျိုးအစားပါ” ဟု သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သူတစ်ဦးက ပြောသည်။ ကားတိမ်းမှောက်ကာ ကားခေါင်းခန်းတွင် ကားသမားပိတ်မိနေ၍ ကရိန်းဖြင့် မကာ […]

အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်သွားမည်ဟု ရှီအိုက်လက်နက်ကိုင်အဖွဲ့ဆို

Dawei Watch

June 20, 2025

အစ္စရေး-အီရန်စစ်ပွဲတွင် အမေရိကန် ဝင်ပါမည်ဆိုလျှင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်စခန်းများကို တိုက်ခိုက်သွားမည်ဟု ခါတာအိဘ်ဟစ်ဇ်ဘိုလာအဖွဲ့က ယနေ့ (ဇွန် ၂၀) တွင် ပြောဆိုလိုက်သည်။ ယင်းအဖွဲ့သည် အီရန်ကျောထောက်နောက်ခံပေးထားသည့် အီရတ်ရှိ ရှီအိုက်အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။ “အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေဟာ ကျွန်တော်တို့အတွက် အင်မတန် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်” ဟု ခါတာအိဘ်ဟစ်ဇ်ဘိုလာအဖွဲ့(Kataib Hezbollah)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒါကို ပိုရှင်းအောင် ပြောထားချင်တယ်၊ အမေရိကန်က စစ်ပွဲထဲ ဝင်ပါရင်တော့ ရူးနေတဲ့ သမ္မတထရမ့်အနေနဲ့ ဒီဒေသကနေ သိမ်းပိုက်မယ်ဆိုပြီး သူ အိပ်မက်မက်ထားတဲ့ ပိုက်ဆံ ဒေါ်လာထရီလီယံ ပေါင်းများစွာကို ဆုံးရှုံးရလိမ့်မယ်။ ဒီအတွက် စစ်ရေးအစီအစဉ်တွေကို ကျွန်တော်တို့ ရေးဆွဲထားပြီး ဖြစ်တယ်”ဟု အဖွဲ့၏ ကာကွယ်ရေးခေါင်းဆောင် Abu Ali […]

အစ္စရေး-အီရန် စစ်တွင် အမေရိကန် ဝင်ပါမပါ နှစ်ပတ်အတွင်း ဆုံးဖြတ်မည်ဟု ထရမ့်ဆို

Dawei Watch

June 20, 2025

အစ္စရေး – အီရန် လေကြောင်းစစ်ပွဲတွင် အမေရိကန် ပါဝင်တိုက်ခိုက်သွားရန်ရှိမရှိ ဆိုသည်ကို လာမည့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၉ ရက်နေ့က ပြောကြားလိုက်သည်။ ထရမ့်၏ ယင်းသို့ ပြောဆိုမှုကြောင့် စကားဝိုင်းဆွေးနွေးပွဲတွင် အီရန်အပေါ် ဖိအားပိုမိုသက်ရောက်လာသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထရမ့်၏ ကြာသပတေးနေ့ ပြောကြားချက်ကို ကိုးကား၍ အိမ်ဖြူတော် သတင်းစာရှင်းလင်းရေးအတွင်းရေးမှူး Karoline Leavitt က “အီရန်နဲ့ ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ခြေရှိတာကြောင့် ဒီစစ်ပွဲထဲမှာ ကျွန်မတို့ ပါဝင်သွားဖို့ ရှိမရှိဆိုတာကို လာမယ့်နှစ်ပတ်အတွင်း ဆုံးဖြတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် အစ္စရေး – အီရန်စစ်ပွဲနှင့် ပတ်သက်၍ ၎င်း၏ အစီအစဉ်များကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားထားခြင်း မရှိပေ။ အမေရိကန်အနေဖြင့် အစ္စရေး – […]

အဖမ်းအဆီးများနေသည့်အတွက် မဲဆောက်က မြန်မာဈေးသည်များ အခက်အခဲဖြစ်

Dawei Watch

June 19, 2025

ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တွင် အထောက်အထား မပြည့်စုံဘဲ စျေးရောင်းနေသူများကို တင်းကျပ်စွာ ဖမ်းဆီးလာသည့်အတွက် စျေးရောင်းရပ်ထားရကြောင်း မြန်မာဈေးသည်အချို့က ပြောသည်။ မဲဆောက်မြို့အတွင်း ဇွန်လဆန်းပိုင်းမှစပြီး လျှပ်စစ်စက်ဘီးများ၊ လုပ်ငန်းလိုင်စင်မရှိသည့် သုံးဘီးဆိုင်ကယ် မောင်းသူများကို စစ်ဆေးဖမ်းဆီးမှု ပြုလုပ်လျက်ရှိသည်။ ယင်းအပြင် လုပ်ငန်းလိုင်စင်မရှိဘဲ စျေးရောင်းချနေသူများနှင့် ဆိုင်ဖွင့်ထားသူများကိုလည်း ဖမ်းဆီးမှု တင်းကျပ်လာကြောင်း စျေးရောင်းချနေသူအချို့က ပြောသည်။ “ကျွန်မက ထားဝယ်မြို့ပေါ်ကပဲ ဝရမ်းထွက်ပြီး ဒီဘက်ထွက်ပြေးလာတာ။ အခု(မဲဆောက်မြို့)ဘတ်နူရာ စျေးထဲမှာ ထားဝယ်ငပိထောင်းနဲ့ ဟင်းသီးဟင်းရွက်၊ ခရမ်းချဉ်သီးအစုံပေါ့။လမ်းဘေးစျေးသည်အနေနဲ့ ရောင်းနေတာ။ အခု စျေးသည်တွေကို ဖမ်းတော့ စျေးရောင်းမထွက်ရဲဘူး”ဟု မဲဆောက်မြို့ ဘတ်နူရာဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ရောင်းချနေသည့် ထားဝယ်သူတစ်ဦးကပြောသည်။ ၎င်းအမျိုးသမီးသည် ထားဝယ်မြို့ပေါ်တွင်နေထိုင်သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်သဖြင့် ထိုင်းနိုင်ငံထဲ တိမ်းရှောင်လာသူတစ်ဦးဖြစ်သည်။ စျေးရောင်းရန်အတွက် စျေးကောက်အဖြစ် တစ်ရက်က […]

အီရန်နှင့် ဥရောပ အင်အားကြီး သုံးနိုင်ငံ အဏုမြူလက်နက်ကိစ္စဆွေးနွေးမည်

Dawei Watch

June 19, 2025

အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဂျာမဏီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့ မနက်ဖြန် ဇွန်လ ၂၀ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ အဏုမြူလက်နက်ကိစ္စရပ်များ ဆွေးနွေးမည် ဖြစ်သည်။ အစ္စရေး – အီရန် စစ်ပွဲ ပိုမိုဆိုးရွားကျယ်ပြန့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာချိန် အဆိုပါတွေ့ဆုံပွဲ ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆိုပါ တွေ့ဆုံပွဲပေါ်ပေါက်လာစေရန် ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် အမေရိကန်တို့ ကမကထပြု စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ အဏုမြူစီမံကိန်းများကို စစ်ရေးရည်မှန်းချက်အတွက် မဟုတ်ဘဲ အရပ်ဘက်အတွက်သာ အသုံးပြုမည်ဟု အီရန်ဘက်က ကတိပြုလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi နှင့် မတွေ့ဆုံမီ ဥရောပအင်အားကြီး သုံးနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများက ဥရောပသမဂ္ဂဆိုင်ရာ ဂျာမဏီအမြဲတမ်းသံအမတ် Kaja Kallas နှင့် […]

နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ဖြင့် အစ္စရေးကို အီရန်တိုက်ခိုက်

Dawei Watch

June 19, 2025

အစ္စရေးကို တိုက်ခိုက်ရန် နည်းပညာမြင့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုနေပြီဖြစ်ကြောင်း အီရန်ဘက်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ရက်ပိုင်း တိုက်ခိုက်မှုများတွင် Haj Qassem ဟုခေါ်သည့် ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို စတင်အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု အီရန်အစိုးရနှင့် ဆက်နွှယ်သည့် FARS သတင်းဌာနက ဖော်ပြသည်။ အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်ကို အီရန်ဘက်က မေလ အစောပိုင်းကတည်းက ချပြခဲ့သည်။ အဆိုပါ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် အစ္စရေးတွင် ချထားသည့် အမေရိကန်စစ်တပ်၏ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းတိုက်ခိုက်နိုင်သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက မေလ ၄ ရက်နေ့က ပြောဆိုခဲ့ဖူးသည်။ ယင်းအပြင်အစ္စရေးက အသုံးပြုနေသည့် အမေရိကန်စစ်တပ်၏ Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် အခြားနည်းပညာများကိုလည်း ဖောက်ထွင်းတိုက်ခိုက်နိုင်ကြောင်း ၎င်းက ပြောသည်။ အီရန်၏ ပဲ့ထိန်းဒုံးအမျိုးအစားသစ်သည် ၁၂၀၀ ကီလိုမီတာအမြင့်တွင် ပျံသန်းနိုင်ပြီး […]