အလုပ်သမားဝန်ကြီး နုတ်ထွက်ထားသဖြင့် ဘန်ကောက်တွင် တစ်ရက်လုပ်ခ ဘတ် ၄၀၀ ရရန် မသေချာ
Dawei Watch
June 23, 2025လာမည့် ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် တစ်ရက်လုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်ရေးမှာ ထိုင်းအလုပ်သမား ဝန်ကြီး ရာထူးက နုတ်ထွက်ထားသဖြင့် မရေရာ မသေချာဖြစ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇူလိုင်လ ၁ ရက်မှစ၍ ဘန်ကောက်တွင် လုပ်ကိုင်နေသော အလုပ်သမားအားလုံးကို တစ်ရက် အခြေခံလုပ်အားခ ဘတ် ၄၀၀ သို့ တိုးမြှင့်သတ်မှတ်ပေးရန် ဇွန်လ ၁၇ ရက်တွင် လုပ်အားခတိုးမြင့်ရေးကော်မတီက အတည်ပြုခဲ့သည်။ လက်ရှိတွင် အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့ထဲက ဒုတိယအကြီးဆုံးပါတီဖြစ်သော Bhumjaithai ပါတီသည် ညွန့်ပေါင်းအဖွဲ့က ဇွန်လ ၁၉ ရက်တွင် ခွဲထွက်သွားခဲ့ပြီး ပါတီက တာဝန်ယူထားသော ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် ဒုဝန်ကြီးနေရာအားလုံးကိုလည်း ရာထူးက နုတ်ထွက်ခဲ့သည်။ နုတ်ထွက်ထားသော နေရာများတွင် အလုပ်သမားဝန်ကြီး […]


