ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ဆင်ထိုးကြီးရွာ ခရီးသည်နားနေဆောင်အနီး မိုင်းပေါက်ကွဲပြီး အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

June 24, 2025

ပုလောမြို့နယ် ထားဝယ်-မြိတ် ကားလမ်းပေါ်က ဆင်ထိုးကြီးရွာ ခရီးသည်နားနေဆောင်အနီးတွင် မိုင်းပေါက်ကွဲပြီး အရပ်သားအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၂ ရက် ညနေပိုင်းတွင် ကျောက်တောင်ရွာက အသက် ၄၀ ခန့် အမျိုးသမီးတစ်ဦးသည် ပစ္စည်းလက်ခံယူရန် ထားဝယ်မှ ပုလောသို့လာသည့် ကားကို ဆင်ထိုးကြီးရွာလမ်းဆုံရှိ ခရီးသည်နားနေဆောင်တွင် သွားရောက်စောင့်ဆိုင်းခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ခရီးသည်နားနေဆောင်မှာ သွားစောင့်နေရင်း အပေါ့အလေးသွားချင်လာတော့ နားနေဆောင်ဘေးက လူမရှိတဲ့အိမ်ခြံထဲက အိမ်သာကို သွားတာမှာ မိုင်းကြိုးခလုတ်တိုက်ပြီး မိုင်းထပေါက်ကွဲတယ်။ ဒဏ်ရာတော့ မပြင်းထန်ဘူး” ဟု ၎င်းက ပြောဆို သည်။ ပြီးခဲ့သည့် မေလကလည်း ပုလောမှ ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး ခရီးသည်နားနေဆောင်အနီးက နေအိမ်တွင် အပေါ့ဝင်သွားစဉ် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာအနည်းငယ်ရခဲ့သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲပြင်းထန်

Dawei Watch

June 24, 2025

လောင်းလုံးမြို့ပေါ်တွင် ယနေ့ ဇွန်လ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် လဝကရုံးများ တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှစ၍ တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးသံလည်း များတယ်၊ လက်နက်ငယ်သံလည်း များတယ်။ (မွန်းလွဲ) ၁ နာရီလောက်က (ပစ်ခတ်တာ) တစ်ကြိမ်ရပ်ပြီးပြီ။ အခုပြန်ပစ်နေကြတယ်။ ကျွန်မတို့ ပြေးမခံတော့ (ထွက်ပြေးဖို့ မမီလိုက်) လို့ ပုန်းနေရတယ် “ဟု ယနေ့ မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားနေသည်မှာ သုံးနာရီ […]

ကြက်ဝိုင်းကို ထိုင်းရဲတပ်ဖွဲ့ ဝင်ဖမ်း၊ မြန်မာများအပါအဝင် လူ ၁၀ကျော် ဖမ်းဆီးခံရ

Dawei Watch

June 24, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖော်ခရိုင်ရှိ ဆီအုန်းခြံထဲတွင် တရားမဝင် ပြုလုပ်နေသော ကြက်ဝိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသားများ အပါအဝင် ၁၂ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ လန်စွမ်းဒေသရှိ ဆီအုန်းခြံထဲတွင် ကြက်ဝိုင်းလုပ်နေသည်မှာ ကြာနေပြီဟု သတင်းပေးတိုင်ကြားလာသဖြင့် ချွန်ဖော်ခရိုင် ရဲတပ်ဖွဲ့က ဇွန်လ ၂၂ ရက် ညနေက သွားရောက်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ကြက်ဝိုင်းအဝင်ဝတွင် ဆိုင်ကယ်နှင့် ကားများ ရပ်နားထားကြပြီး လူ ၃၀ ခန့်က အော်ဟစ်၍ ကြက်တိုက်နေသည်ကို စစ်ဆေးတွေ့ရှိခဲကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့များ ဝင်ရောက်လာသောအခါ အားလုံးသည် ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံဖမ်းဆီးစဉ် ကြက်တိုက်ဝိုင်းထဲက ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံသားငါးဦး၊ လာအိုတစ်ဦးနှင့် ထိုင်းနိုင်ငံသား ခြောက်ဦးတို့ […]

အစ္စရေး-အီရန် အပစ်ရပ်ပြီ

Dawei Watch

June 24, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြေညာခဲ့သည့် အပစ်ရပ်အစီအစဉ်ကို အစ္စရေးနှင့် အီရန်က ယနေ့ ဇွန်လ ၂၄ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်သည်။ ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ အပစ်ရပ်အစီအစဉ်ကို သမ္မတထရမ့်က ကြေညာခဲ့သည်။ အဆိုပါ အပစ်ရပ်အစီအစဉ်ကို လက်မခံမီ ယနေ့ နံနက်အစောပိုင်းအထိ အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးများဖြင့် နေက်ဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် အစ္စရေးတွင် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ရသည်။ တစ်ချိန်တည်းမှာပင် အစ္စရေးကလည်း ယနေ့ နံနက်အရုဏ်မတက်မီအချိန်တွင် အီရန်မှ နေရာတော်တော်များများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ယင်းနောက်အီရန်နှင့် အပစ်အခတ်ရပ်စဲရန် သဘောတူလက်ခံလိုက်ပြီဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ဆိုသည်။ ၁၂ ရက်ကြာ စစ်ဆင်ရေးအတွင်း အီရန်၏ အဏုမြူစီမံကိန်းများကို ဖယ်ရှားရေးအပါအဝင် စစ်ရေးရည်မှန်းချက်အားလုံး ရရှိအောင်မြင်ခဲ့ပြီဟု […]

ထရမ့်၏ အပစ်ရပ်ကြေညာချက် အသက်မဝင်သေး၊ အစ္စရေး – အီရန် အပြန်အလှန် တိုက်ခိုက်နေဆဲ

Dawei Watch

June 24, 2025

အစ္စရေးနှင့် အီရန်အကြား ၁၂ နာရီကြာ အပစ်ရပ်လိုက်ပြီဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇွန်လ ၂၃ ရက်နေ့က ကြေညာလိုက်သည်။ ကာတာနိုင်ငံရှိ အမေရိကန်စစ်စခန်းတစ်ခုကို အီရန်က တနင်္လာနေ့က တိုက်ခိုက်လိုက်ပြီးနောက် ထရမ့်၏ အဆိုပါ အပစ်ရပ်ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် အစ္စရေးနှင့် အီရန်အကြား တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ တနင်္လာနေ့က အပစ်ရပ်ကြေညာချက်သည် ခြွင်းချက်မရှိ လုံးဝအပစ်ရပ်မှုဖြစ်သည်ဟု ထရမ့်က ၎င်း၏ Truth လူမှုကွန်ရက်စာမျက်နှာပေါ်မှတစ်ဆင့် ရေးသားခဲ့သည်။ အင်္ဂါနေ့ အစောပိုင်းတွင် အီရန်က အစ္စရေးကို မစ်ဆိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထရမ့်၏ အပစ်ရပ်ကြေညာချက်ထွက်ပေါ်လာပြီးနောက် အီရန်၏ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့သည်ဟု အစ္စရေးဘက်က ဆိုသည်။ အစ္စရေးကလည်း ၎င်းတို့ကို တိုက်ခိုက်ခဲ့သည်ဟု အီရန်ဘက်က […]

တနင်္သာရီတွင် တပ်ချိန်းပြီးပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ် တိုက်ခိုက်

Dawei Watch

June 24, 2025

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာမှ တပ်ချိန်းပြီး တနင်္သာမြို့သို့ပြန်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။ ဇွန် ၂၃ရက် နံနက်စောစောတွင် သိန်ခွန်းရွာမှ တပ်ချိန်းပြီးပြန်လာသည့် ကားလေးစီးပါ စစ်ကောင်စီကားတန်းကို သမုတ်ချုံးရွာတွင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ပြန်ဆင်းလာတဲ့ ကားလေးစီးနဲ့ ဖြစ်ကြတယ်။ လူနာတွေလည်းပါတယ်။ လမ်းကင်းတွေလည်း ဖြစ်ကြတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ စစ်ကောင်စီတပ်က ဇွန်လ ၂၁ရက်တွင် သိန်ခွန်းရွာသို့ ရိက္ခာနှင့် စစ်ကူကားများ တက်သွားပြီး တပ်ချိန်းကာ ပြန်လာစဉ် လူနာများကိုလည်း သယ်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းကို ပြန်စိုးမိုးရန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်မှာ ၆ လ ကျော် လာပြီဖြစ်သော်လည်း ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာတွင်ပင် […]

ရော့ထန်နဲ့ တာကေးရုတို့ အပြန်အလှန် စိန်ခေါ်ကြပြီ

Dawei Watch

June 24, 2025

ရော့ထန်နဲ့ တာကေးရု တို့ဟာ ဒီနေ့ပဲ စိန်ခေါ်စကားတွေ အပြန်အလှန်ပြောခဲ့ကြပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့ရောက်ရင် ဂျပန်နိုင်ငံမှာ ONE 173 ပြိုင်ပွဲကြီးကို ONE Championship က ကျင်းပတော့မှာပါ။ ဒီပြိုင်ပွဲကြီးမှာ ရုရုနဲ့ မာလီခင် တို့ကို စိတ်မကျေပွဲ တည်ပေးထားပြီး စူပါဘွန်းနဲ့ နွိုင်ရီ တို့ရဲ့ ပေါင်းစည်းခါးပတ်လုပွဲကြီးလို့ ပါဝင်နေပါပြီ။ ဒါဟာ သိပ်ကိုလှပတဲ့အခင်းအကျင်းပါပဲ။ နောက်ထပ်ပွဲစဉ်တွေကို ONE ဘက်က ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် ONE ဘက်က ဂျပန်မှာကျင်းပမယ့်ပြိုင်ပွဲကို ဂျပန်ပရိသ၊တ်တွေ စိတ်ဝင်စားမှုမြင့်တက်အောင် ဂျပန်ဖိုက်တာတွေ အတော်များများ ထည့်သွင်းပြီး ပွဲဆိုင်းတွေ စီစဉ်မယ့်သဘောရှိနေပါတယ်။ ရော့ထန်နဲ့ တာကေးရု တို့ကို စိတ်မကျေပွဲ ပြန်တည်ပေးရင် ကောင်းမယ်လို့ ပရိသ၊တ်တွေက တောင်းဆိုနေချိန်မှာပဲ ရော့ထန်နဲ့ တာကေးရုတို့ကိုယ်တိုင်က […]

အမေရိကန်ဗီဇာလျှောက်သူများ မိမိဆိုရှယ်မီဒီယာအကောင့်ကို public ဖွင့်ထားရမည်

Dawei Watch

June 23, 2025

ထိုင်းနိုင်ငံမှတစ်ဆင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာအမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးအတွက် စည်းကမ်းချက်အသစ်တစ်ရပ်ကို ဘန်ကောက်မြို့ရှိ အမေရိကန်သံရုံးက ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန်ချက်သစ်အရ သတ်မှတ်ထားသည့် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားသုံးခုကို လျှောက်ထားသူအားလုံးသည် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို လူတိုင်း ကြည့်ရှုနိုင်ရန် ဖွင့်ထားရမည် ဖြစ်သည်။ “ဗီဇာလျှောက်ထားသူများ မည်သူမည်ဝါဖြစ်ကြောင်း သိစေရန် ၊ ဥပဒေအရ အမေရိကန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပေးနိုင်ခြင်းရှိမရှိ စစ်ဆေးစောင့်ကြည့်မှု ပြုလုပ်နိုင်ရန် အမေရိကန်နိုင်ငံသို့ F ဗီဇာ ၊ M ဗီဇာ ၊ J ဗီဇာ လျှောက်ထားသူအားလုံးသည် မိမိ၏ ဆိုရှယ်မီဒီယာအကောင့်များ၏ ပုဂ္ဂလိကလုံခြုံမှုအပြင်အဆင်များကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားရမည်” ဟု ဘန်ကောက်မြို့ ၊ အမေရိကန်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ရေးသားဖော်ပြထားသည်။F ဗီဇာသည် […]