ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ မော်တုန်းနှင့် ပဝရွာတို့ကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်

Dawei Watch

June 26, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာနှင့် ပဝရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၆ အမြောက်တပ်ရင်းက ဇွန်လ ၂၅ ရက် နံနက် ၁၁နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မော်တုန်းရွာအတွင်းကို ဒရုန်းဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး ပဝရွာကို ၁၂၀ မမ လက်နက်ကြီးကျည် နှစ်လုံးပစ်ခတ်ခဲ့ကြောင်း အသက် ၄၀နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ မော်တုန်းရွာနေ ဒေသခံတစ်ဦးကလည်း “မော်တုန်းရွာမှာက ကူးတို့ဆိပ်မှာ လာကျတယ်။ လူထိခိုက်မှုတော့ မရှိဘူး။ လက်နက်ကြီးတွေလည်း ပတ်ရမ်းပစ်နေတယ်” ဟု ပြောသည်။ […]

လက်နက်ကြီးပစ်ခတ်နေသောကြောင့် ကံပေါက်တိုက်နယ်က စစ်ရှောင်များ နေရပ်မပြန်ရဲ

Dawei Watch

June 26, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်ရှိ ဇာဒီနှင့် နတ်ကြီးစင်ကျေးရွာအုပ်စုတို့တွင် တိုက်ပွဲမဖြစ်တော့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်ရဲကြသေးကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။ ဇာဒီချောင်းဝသို့ ရောက်ရှိနေသည့် စစ်သင်္ဘောက ဇွန်လ ၂၅ရက် တစ်ရက်တည်းတွင် လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ် သလို နတ်ကြီးစင်အုပ်စုနှင့် ဆက်စပ်လျက်ရှိသည့် ရာဖူးကျေးရွာအုပ်စု၊ သာယာမွန်ရွာဘက်သို့လည်း ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ်တစ်ခုက လက်နက်ကြီးနှစ်ချက် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်များသည် ဇာဒီအုပ်စုရှိ ကျောက်ထရံရွာနှင့် ရာဖူးကျေးရွာအုပ်စုရှိ သာယာမွန်ရွာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ၎င်းတို့ကဆိုသည်။ ဇွန်လ ၁၇ရက်ကလည်း စစ်ကောင်စီတပ်က နတ်ကြီးစင်အုပ်စု၊ ရေငံကြီးရွာဘက်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း နတ်ကြီးစင်ရွာမှ ဒေသခံများထံမှ သိရသည် ။ […]

သရက်ချောင်း၊ မင်းဒပ်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်များတိုက်ခိုက်

Dawei Watch

June 26, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ဝင်းဝစခန်းအနီးတွင်ရှိသည့် မင်းဒပ်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီခန့်မှ ညနေ ၃ နာရီခန့်အထိ မင်းဒပ်ရွာထဲတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံအချို့က ပြောသည်။ “လက်နက်ကြီးက ရွာထဲကိုပဲအကျများတယ်။ ဝင်းဝရဲစခန်းက ထုပေးနေတာကိုး၊ သေနတ်သံကြားတဲ့နေရာကို လိုက်ပစ်ချနေတယ်” ဟု မင်းဒပ်ရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မင်းဒပ်ရွာဘက်က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ခန့်နှင့် လက်နက်ငယ် ပစ်ခတ်သံများ ကြားနေရသဖြင့် ထွက်ပြေးတိမ်းရှောင်ရန် အဝတ်ထုတ်ပြင်ပြီး အခြေအနေကို စောင့်ကြည့်နေသည်ဟု ဝဲရစ်ရွာမှ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။ “ထမင်းတွေဘာတွေ တည်ထားပြီးပြီ၊ အဝတ်ထုပ်တောင် မဖြည်ရဲဘူး။ အခြေအနေကို […]

စစ်ကောင်စီတပ်သားက အသက် ၇၀ အရွယ်အဖွားကို အကြိမ်ကြိမ်မုဒိမ်းကျင့်

Dawei Watch

June 26, 2025

လောင်းလုံးမြို့နယ်က ကျေးရွာအချို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့မှ တပ်သားတစ်ဦးက အသက် ၇၀ ကျော်အရွယ် ကညုံကျွန်းရွာသူ အဖွားတစ်ဦးကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ကြောင်း သိရသည်။ လတ်‌တလောတွင် လုံခြုံရေးအခြေအနေအရ ကာယကံရှင်အဖွားမှာ ကညုံကျွန်းရွာတွင်မနေတော့ဘဲ အခြားသို့ မိသားစုအလိုက် ပြောင်းရွှေ့သွားပြီဖြစ်သည်။ မုဒိမ်းကျင့်ခံရသည့်အဖွားနှင့် Dawei Watch က ဇွန်လ ၂၆ ရက်နေ့တွင် တိုက်ရိုက်စကားပြောခွင့် ရခဲ့သည်။ ကျူးလွန်ခံရသူအဖွား၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာထဲသို့ ဇွန်လ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ကြောင်း ဇွန်လ ၁၆ ရက်တွင် အရပ်ခပ်ပုပု အသက် ၄၀ ခန့်အရွယ် စစ်ကောင်စီတပ်သားတစ်ဦး အဖွားနေအိမ်သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါစစ်ကောင်စီတပ်သား၏ နာမည်ကိုမူ “ဖိုးချေ” ဟုခေါ်သံကြားရကြောင်း ရောက်ရောက်ချင်း နေအိမ်တွင်နှစ်ဦးတည်းရှိနေသည့် အသက် ၇၀ […]

ကမ္ဘာ့အပူချိန်နှင့် ပင်လယ်ရေမြင့်တက်မှု အရှိန်မြန်လာဟု သိပ္ပံပညာရှင်များ သတိပေး

Dawei Watch

June 26, 2025

ကမ္ဘာ့ပျမ်းမျှအပူချိန်သည် လာမည့် ၃ နှစ်ခန့်အတွင်း ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်ထက် ကျော်လွန်သွားနိုင်ကြောင်း ကမ္ဘာ့ထိပ်တန်းရာသီဥတုသိပ္ပံပညာရှင်များ၏ နောက်ဆုံးထွက်ပေါ်လာသည့် အစီရင်ခံစာက သတိပေးလိုက်သည်။ ကမ္ဘာ့လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် လေထုညစ်ညမ်းစေသည့် အခြားဓာတ်ငွေ့များ ထုတ်လွှတ်မှုပမာဏက လက်ရှိနှုန်းအတိုင်း ဆက်ရှိနေလျှင် ကမ္ဘာ့ပျမ်းမျှအပူချိန် ယင်းသို့ မြင့်တက်သွားနိုင်ကြောင်း အဆိုပါ အစီရင်ခံစာက ဖော်ပြသည်။ “မကြုံစဖူး အပြောင်းအလဲတွေ ကျွန်တော်တို့ မြင်နေရတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ ပင်လယ်ရေမြေမျက်နှာပြင်မြင့်တက်မှု အရှိန်မြန်လာတွေကိုလည်း ကျွန်တော်တို့ မြင်နေရတယ်” ဟု အဆိုပါ အစီရင်ခံစာကို ဦးဆောင်ရေးသားခဲ့သည့် ဗြိတိန်နိုင်ငံ ၊ University of Leeds မှ ရာသီဥတုသိပ္ပံပညာရှင် ပါမောက္ခ Piers Forster က ဆိုသည်။ အဆိုပါ အပြောင်းအလဲများကို ကြိုတင်ခန့်မှန်းထားခဲ့သည်မှာ အချိန်အတော်ကြာရှိခဲ့ပြီဖြစ်ကြောင်း […]

အဝေးပြေး ခရီးသည်ကားပေါ် လိုက်ပါလာသော မြန်မာ ၅၀ နီးပါး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

June 26, 2025

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် အဝေးပြေးဘတ်စ်ကားပေါ် လိုက်ပါလာသော တရားမဝင် နေထိုင်နေသည့် မြန်မာနိုင်ငံသား ၅၀ နီးပါးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၃ နာရီခွဲက ဘန်ကောက်မြို့မှ ကရဘီသို့ ပြေးဆွဲနေသော အဝေးပြေးဘတ်စ်ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးစဉ် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဘတ်စ်ကားကို ရဲတပ်ဖွဲ့များက ရပ်တန့်စစ်ဆေးခံရန် အချက်ပြစဉ် ကားသည် အစစ်အဆေးမခံဘဲ မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ ရပ်တန့်ဖမ်းဆီးခဲ့ရသည်။ ကားသမားသုံးဦးကို အပြင်ခေါ်ထုတ်၍ စစ်ဆေးစဉ် မသင်္ကာဖွယ်ရာ အပြုအမူများကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ကားပေါ်လိုက်ပါလာသူများကို စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာများကို ဖမ်းဆီးမိခြင်းဖြစ်သည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၀ ဦး၊ အမျိုးသမီး […]

လောင်းလုံးက စစ်ဘေးရှောင်များ ဆေးဝါးအကူအညီလို

Dawei Watch

June 26, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်က စစ်ဘေးရှောင်ဒေသခံများ ဆေးဝါးမလုံလောက်မှုကြုံနေရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့တစ်ခုမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။ တိုက်ပွဲများကြောင့် လောင်းလုံးမြို့နယ်ရှိ ကညုံကျွန်း၊ ညင်းမော်၊ လေးသွန်းခံ၊ ကထောင်းနီနှင့် စစ်ပြဲ စသည့် ကျေးရွာ ၇ ရွာက ဒေသခံထောင်နှင့်ချီ စစ်ဘေးရှောင်နေရသည်။ “စစ်မရှောင်ရတဲ့ အခြေအနေမှာတောင် ရပ်ရွာတွေမှာ ဆေးပေးခန်းတွေ မရှိတော့ဘူး။ ဆေးဝါးပြတ်လပ်တာတွေ၊ ဆေးဝါး မလုံလောက်တာတွေ ရှိတယ်” ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့တစ်ခု၏ တာဝန်ခံက Dawei Watch သို့ ပြောသည်။ စစ်ဘေးရှောင်များတွင် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများ အဖြစ်များနေကြောင်း ၎င်းက ဆိုသည်။ “မိုးရာသီဆိုတော့ နေရာကွက်ကြား ကလေး ၊ လူကြီး ရာသီတုပ်ကွေး ဖြစ်နေကြတယ်” ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် […]

လောင်းလုံး ကညုံကျွန်းရွာသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်အလောင်းစွန့်ပစ်

Dawei Watch

June 26, 2025

လောင်းလုံးမြို့နယ် ကညုံကျွန်းရွာက အမျိုးသားတစ်ဦး စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် သတ်ဖြတ်အလောင်းစွန့်ပစ်ထားကြောင်း ဒေသခံအချို့နှင့် မိသားစုဝင်တို့ထံမှ သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ ကညုံကျွန်းရွာသား အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင် (ခေါ်) ဦးမျိုးကြံအောင် ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ရက်မှစတင်ကာ လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာ၊ ထိုမှတစ်ဆင့် ကညုံကျွန်း ကျေးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုသို့စစ်ကြောင်းထိုးလာချိန် လမ်းတစ်လျှောက်ရှိ ဒေသခံ တစ်ရာခန့်ကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲတွင် ဦးမျိုးဇော်အောင် လည်း ပါဝင်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ “စစ်တပ်ရွာထဲဝင်လာတော့ ညီအစ်ကိုနှစ်ယောက်အတူတူပဲ ပြေးကြတာ။ နောက်မှ လူချင်းကွဲသွားပြီး (ဦးမျိုးဇော်အောင်) သူအဖမ်းခံလိုက်ရတာ” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာတွင် ဆယ်ရက်ခန့် တပ်စွဲနေထိုင်ခဲ့သည်။ ဇွန်လ ၂၄ […]