ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ရဲ့ပွဲက နိုင်တဲ့သူဟာ ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရမယ်လို့ ဒေနာဝှိုက် အာမခံလိုက်ပြီ

Dawei Watch

June 28, 2025

UFC 317 ပြိုင်ပွဲကြီးအတွက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဌကြီး ဒေနာဝှိုက် က အာမခံချက်တစ်ခု ပေးလိုက်ပါတယ်။ အဲ့ဒါကတော့ ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ ထိုးမယ့်ပွဲမှာ အနိုင်ရတဲ့သူကို ချန်ပီယံခါးပတ်စိန်ခေါ်ခွင့် ပေးလိုက်တော့မယ်ဆိုတာပါပဲ။ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ သတင်းထောက်တစ်ယောက်က ဘရင်ဒန် ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ ထိုးတဲ့ပွဲက အနိုင်ရတဲ့သူကို ချန်ပီယံခါးပတ်လုပွဲထိုးခွင့်ပေးမလားဆိုတဲ့မေးခွန်းကို ဥက္ကဌကြီး ဒေနာဝှိုက်က ဖြေကြားချိန်မှာ အခုလို ပြောသွားခဲ့တာပါ။ မနက်ဖြန်ထိုးရမယ့်ပွဲတွေကိုကြည့်လိုက်ရင် Co-Main ပွဲကလည်း ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ ဖြစ်နေပြီး အဲဒီမတိုင်ခင် ထိုးရမယ့် ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ရဲ့ပွဲကလဲ ဖလိုင်းဝိတ်တန်းပွဲ ဖြစ်လို့နေပါတယ်။ ဂျိုရှူအာဗန် ဟာ မာနယ်လ်ကိတ်ရဲ့နေရာကို Short Notice နဲ့ အစားဝိင်ရောက်ခွင့်ရရှိပြီး ရွိုင်းဗောလ်နဲ့ ထိုးဖို့ ဖြစ်လာတာပါ။ ရွိုင်းဗောလ် […]

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်မည်ဟု သတင်းထွက်သော်လည်း KNU ငြင်း

Dawei Watch

June 28, 2025

ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်ပေးရန် လုပ်ဆောင်နေသည်ဟု သတင်းများ ထွက်နေသော်လည်း ကရင်အမျိုးသားအစည်းအရုံး-KNU ကမူ ဖွင့်လို့မရသေးကြောင်း ပြန်လည်ဖြေကြားသည်။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်လည်ဖွင့်လှစ်နိုင်ရန် ထိုင်းဘက်မှ တာဝန်ရှိသူများနှင့် KNU က တာဝန်ရှိသူများ ဇွန်လ တတိယအပတ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု KNU နှင့်နီးစပ်သည့် ထီးခီးဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ထီးခီးနယ်စပ်လမ်းတွေ ပြန်ဖွင့်မယ်လို့တော့ ကြားသိရတယ်။ မနေ့က(ဇွန် ၂၅) အစည်းအဝေးမှာတော့ ဖွင့်ဖို့သေချာသလောက်တော့ရှိနေပြီလို့ သိရတယ်၊ KNU လူကြီးတွေနဲ့ ထိုင်းဘက်က သက်ဆိုင်ရာတွေအစည်းဝေးလုပ်တာ” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။ ထားဝယ်-ထီးခီးကားပြေးဆွဲနေသူ အမျိုးသားတစ်ဦးကလည်း အောက်တိုဘာလခန့်တွင် ထီးခီးနယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်မည်ဟု KNU ဘက်က သတင်းရရှိထားကြောင်း ဆိုသည်။ Dawei Watch အနေဖြင့် […]

ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ် ဈေးကျ

Dawei Watch

June 28, 2025

ကော့သောင်း-ရန်ကုန်လေယာဉ်လက်မှတ်နှုန်းထားမှာ အခုလအတွင်း ကျပ်ငါးသောင်းနီးပါး ဈေးကျလာကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။ ဇွန်လအစပိုင်းက ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ် ခြောက်သိန်းဝန်းကျင်ရှိရာမှ ဇွန်လ တတိယအပတ်ခန့်မှစကာ ငါးသိန်းခွဲဝန်းကျင် ဈေးရှိနေကြောင်း လက်မှတ်အရောင်းကိုယ်စားလှယ်အချို့က ဆိုသည်။ ပြည်ထောင်စုလမ်းတစ်လျှောက် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည့်အတွက် လေကြောင်းခရီးဖြင့် သွားလာသူများလာပြီး လေယာဉ်လက်မှတ်ခနှုန်းထားများလည်း တက်သွားခဲ့သည်။ “လေယာဉ်(လက်မှတ်)ဈေးနူန်းတွေ အရမ်းတက်တော့ နယ်ဘက်က လိုက်စီးတဲ့သူတွေနည်းတယ်။ မိုးရာသီလည်း ဖြစ်တော့ ခရီးအသွားအလာလည်းနည်းတယ်။ဒါကြောင့် လေယာဉ်ရုံးတွေဘက်က ဈေးချပေးတယ်ထင်တယ်။ ကျွန်မတို့အေးဂျင့်တွေက သူတို့ဈေးချရင်လိုက်ချပေးရတယ်”ဟု လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တစ်ဦးက ပြောသည်။ သို့ရာတွင် ရန်ကုန်-ကော့သောင်းလေယာဉ်လက်မှတ်ခမှာ ဈေးမကျဘဲ တစ်ဦးလျှင် ကျပ် ရှစ်သိန်းခွဲဝန်းကျင် ဈေးပေါက်နေကြောင်း ၎င်းက ဆိုသည်။ ကော့သောင်း-ရန်ကုန် ခရီးစဉ်ကို မြန်မာ့အမျိုးသားလေကြောင်းလိုင်းက တစ်ပတ်နှစ်ကြိမ်ပြေးဆွဲနေပြီး မင်္ဂလာလေကြောင်းလိုင်းက နေ့စဉ် ပြေးဆွဲနေကြောင်း […]

မင်းဒပ်ရွာမှ စစ်ကောင်စီတပ် ပြန်ထွက်သွားသော်လည်း အန္တရာယ်ရှိ၍ ဒေသခံများကို နေခွင့်မပြုသေးဟုဆို

Dawei Watch

June 28, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်း ဝင်းဝစခန်းအနီးရှိ မင်းဒပ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ပြန်ထွက်သွားပြီဖြစ်သော်လည်း အန္တရာယ်ရှိသေးသဖြင့် ဒေသခံများကို နေခွင့်မပြုသေးကြောင်း KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂)တပ်ခွဲမှူး စောဘဦးသစ်ကပြောဆိုသည်။ မင်းဒပ်ရွာတွင် မေလ ၂၈ ရက်နေ့မှစကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ဇွန်လ ၂၆ ရက်ညနေခန့်တွင် ရွာမှပြန်ထွက်သွားပြီဖြစ်၍ ဒေသခံများမှာ နေရပ်ပြန်လည် နေထိုင်လိုနေခြင်းဖြစ်သည်။ သို့သော် KNLA တပ်ဖွဲ့က နေထိုင်ခွင့် မပေးသေးသဖြင့် ဒေသခံများက မကျေနပ်ကြဘဲ ဝေဖန်ပြောဆိုနေကြသည်။ ယင်းနှင့်ပတ်သက်၍ Dawei Watchက ဆက်သွယ်မေးမြန်းရာတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုမပြီးသေးသဖြင့် ရွာသူရွာသားများ အန္တရာယ်ဖြစ်မည်စိုးသဖြင့် နေထိုင်ခွင့်မပြုခြင်းသာဖြစ်ကြောင်း စောဘဦးသစ်က ရှင်းပြသည်။ “ကျွန်တော်တို့က ပြည်သူတွေထိခိုက်နစ်နာမှာစိုးလို့မဝင်ခိုင်းတာ၊ အခုကျွန်တော်တို့ဝင်တယ် ကျွန်တော်တို့ရဲဘော်တွေတောင် မိုင်းထိသေးတယ်၊ ပြည်သူတွေထိခိုက်မှာစိုးလို့ ပြောတာကို အဲ့ဒီစေတနာကို သူတို့တွေနားမလည်ရင် […]

မြိတ်တည်းခိုခန်းတစ်ခု၏ မန်နေဂျာ ဓားဒဏ်ရာများဖြင့် သေဆုံး

Dawei Watch

June 28, 2025

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ တိုးချဲ့ရပ်ကွက်၊ စေတနာလမ်း ရှိ လှသီရိ – ၂ တည်းခိုခန်းတွင် ဓားထိုးခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်တွင် တွေ့ရှိရကြောင်း မြို့ခံများနှင့် ပရဟိတအသင်းများ ထံမှသိရသည်။ သေဆုံးသူသည် ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာမှ အသက် ၂၅ နှစ်အရွယ် ကိုမြတ်ထွေး ဖြစ်ပြီး ၎င်းသည် လှသီရိ တည်းခိုခန်းတွင် လွန်ခဲ့သည့် ငါးနှစ်ခန့်ကတည်းက မန်နေဂျာလုပ်နေသူဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူများနှင့် မိတ်ဆွေများကပြောသည်။ “တည်ခိုခန်းပိုင်ရှင်က အခန်း သော့ဖွင့်ကြည့်မှသိတယ်။ အပြင်သော့ခတ်ပြီး ထားခဲ့တယ်။ပိုက်ဆံတွေ ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်။ လုယက်မှု ဖြစ်နိုင်တယ်” ဟု သေဆုံးသူ၏ ဆွေမျိုး နီးစပ်သူတစ်ဦးက ပြောသည်။ သေဆုံးသူတွင် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

June 27, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၁ ရက်မှ ၂၇ ရက်အထိ ကင်ညာမှာ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်း ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ဇွန် ၂၅ ရက်ကနေစပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး အင်အားသုံးကာ လူစုခွဲခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တည်းက အခွန်တိုးမြှင့်လိုက်တဲ့ ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူတွေက လမ်းမပေါ် ထွက်လာခဲ့တာပါ။ ရဲအချုပ်ခန်းထဲမှာ ဆရာတစ်ဦး သေဆုံးပြီးတဲ့နောက် အခုလထဲမှာ တင်းမာမှုတွေ ပြန်မြင့်တက်လာဖြစ်ပါတယ်။ ဆန္ဒပြတဲ့အချိန် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှု အပြင်းအထန် ဖြစ်ပွားခဲ့လို့ လူပေါင်း အနည်းဆုံး ၁၆ ဦးအထိ သေဆုံးခဲ့ပြီး ၄၀၀ လောက် […]

တနင်္သာရီတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများခေါ်

Dawei Watch

June 27, 2025

တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်စိုးမိုးထိန်းချုပ်ရာဒေသများတွင် ဒေသခံများနှင့် စစ်ရှောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အထူးကုဆရာဝန်၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က ပြောသည်။ အာဏာသိမ်းကာလအစောပိုင်းကတည်းက အဆိုပါနယ်မြေများတွင် CDM လုပ်ထားသည့် ဆရာဝန်အပါအဝင် ကျန်းမာရေး ဝန်ထမ်းများရှိသော်လည်း လုံလောက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ “အထူးကုဆရာဝန်နဲ့ ဆရာဝန်ကတော့ လိုအပ်ချက်အများဆုံးပဲ။ ကျန်တဲ့ Position (ရာထူး) တွေကလည်းပဲ သူ့အတိုင်းအတာနဲ့ သူရှိတယ်ဆိုပေမယ့် လုံလောက်နေလားဆိုတော့ မလုံလောက်ဘူးပေါ့လေ” ဟု ဒေါက်တာထူးနေအောင်က ပြောဆိုသည်။ စစ်ရှောင်များကို ကူညီနေသူတစ်ဦးကလည်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးထိန်းချုပ်ဒေသတွင် ဆရာဝန်တစ်ဦးသာ ရှိသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံများ နေမကောင်းဖြစ်လာပါက ဆေးမြီးတိုနှင့် မြန်မာဆေးကိုသာ အားထားနေရကြောင်း ဆိုသည်။ “ပုံမှန်နေမကောင်းဖြစ်ရင်တော့နီးစပ်ရာ ဆေးမီးတိုတွေနဲ့ကုတာရှိတယ်။ […]

နှစ်နိုင်ငံ နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေရှာရန် အိန္ဒိယက တရုတ်ကိုတိုက်တွန်း

Dawei Watch

June 27, 2025

နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေတစ်ခု ရှာဖွေရန် အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား ဇွန်လ ၂၆ ရက်နေ့က တိုက်တွန်းလိုက်သည်။ ကြာသပတေးနေ့က တရုတ်နိုင်ငံ Qindao မြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun အား တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပြဿနာများကို လမ်းပြမြေပုံရေးဆွဲကာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား အလေးအနက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်သည် အဏုမြူလက်နက် ပိုင်ဆိုင်ထားကြပြီး နှစ်နိုင်ငံနယ်စပ်မှာ ၃၈၀၀ ကီလိုမီတာ ထိစပ်လျက် ရှိသည်။ နှစ်နိုင်ငံနယ်စပ်ရှိ ဟိမဝန္တာတောင်တန်း နယ်ခြားဒေသအများစုမှာ နယ်နိမိတ် တိတိကျကျ […]