ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်မီးပြန်ပေးနိုင်ရန်လုပ်ဆောင်နေဟု မြို့နယ်လျှပ်စစ်မှူးပြော

Dawei Watch

June 30, 2025

လောင်းလုံးမြို့နယ်အား လျှပ်စစ်ဓာတ်အား လုံးဝမပေးတော့ဘဲ ဖြတ်တောက်ထားသည်ဆိုသည်မှာ မဟုတ်ဘဲ လျှပ်စစ် ဓာတ်အား ပြန်ပေးနိုင်ရန်ဆောင်ရွက်နေကြောင်း လောင်းလုံးမြို့နယ် လျှပ်စစ်မှူးက Dawei Watch ကို ပြောသည်။ ပျက်စီးသွားသည့် အစိတ်အပိုင်းများအား ပြန်လည်ပြုပြင်ရန် လုံခြုံရေးအခြေအနေအရ ကြန့်ကြာမှုများရှိ‌ခြင်းကြောင့် လတ်တလော လောင်းလုံးမြို့နယ်အား လျှပ်စစ်မီးဖြန့်ဖြူးပေးရန် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “မီးလိုင်းတွေ ပြန်စစ်ပြီး ပြန်ပေးမှာပါ။ အခုက လုံခြုံရေးအခြေအနေအရ အခက်အခဲရှိနေလို့ပါ။ လုံးဝပြန်မပေးတော့ဘူး ဆိုတာတော့ မဟုတ်ပါဘူး” ဟု လောင်းလုံးမြို့နယ်လျှပ်စစ်မှူးက ‌ယနေ့ ဇွန်လ ၃၀ ရက်တွင် ပြောဆိုသည်။ မည်သည့်အချိန် လျှပ်စစ်မီးပြန်ရနိုင်ကြောင်း မေးမြန်းရာတွင်မူ လုံခြုံရေးအခြေအနေပေါ်တွင်သာမူတည်ပြီး အလွန်ဆုံး တစ်လအတွင်း လျှပ်စစ်ဖြန့်ဖြူးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။ လောင်းလုံးမြို့ပေါ်ကိုမူ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း ၎င်းက […]

မယ်သမီးထာရွာက ဒေသခံများကို ပြန်လည်ဝင်ရောက်နေထိုင်ရန် KNU ပြန်ခေါ်

Dawei Watch

June 29, 2025

ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ထီးခီးနယ်စပ်ဒေသတစ်ခုလုံးကို KNU ထိန်းချုပ်ထားပြီးနောက် မယ်သမီးထာရွာ(ထီးထ)မှ ဒေသခံများကို မူလမြေယာတွင် ပြန်လည်​နေထိုင်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄)က ပြန်လည်ခေါ်ယူနေသည်။ ထီးထ (ခေါ်) မယ်သမီးထာ ဒေသသည် ယခင်က KNU ၏ မြိတ်-ထားဝယ်ခရိုင်ဌာနချုပ် ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နယ်မြေဖြစ်သည်။ ယခု ၂၀၂၅ ခုနှစ် ဧပြီလ ၁၉ ရက်တွင် ထီးထဗျူဟာစခန်းကုန်းနှင့် မေလ ၉ ရက်တွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် တစ်ဆက်တည်းရှိသည့် ထီးခီးနယ်စပ်စခန်းများကို KNU တပ်မဟာ(၄)ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဌာနေတိုင်းရင်းသားများကို ယခုအခါ ထီးခီး၊ ထီးထနယ်စပ်တွင် စစ်ကောင်စီစခန်းကင်းစင်သွားပြီဖြစ်သဖြင့် ပြန်လည်နေထိုင်ကြရန် KNU တပ်မဟာ(၄)က ဇွန်လ […]

သရက်ချောင်း မင်းဒပ်ရွာမှာ အရပ်သားတစ်ဦး မိုင်းထိ

Dawei Watch

June 29, 2025

သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာတွင် ဇွန်လ ၂၇ ရက် မွန်းလွဲပိုင်းက အသက် ၆၀ ခန့်ရှိအမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “မင်းဒပ်ရွာအပြင်ဘက်မှာထိတာ ဆိုင်ကယ်စီးလာရင်းထိတာဆိုတော့ လူရောဆိုင်ကယ်ရော ဘာမှတော့သိပ်မဖြစ်ဘူး၊ ဒဏ်ရာအနည်းအကျဉ်းပဲရတယ်” ဟု မင်းဒပ်ရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်များသည် မင်းဒပ်ရွာက နေအိမ်အားလုံးနီးပါးကို သော့ရိုက်ဖွင့်ရှာဖွေထားပြီး ဆိုင်ကယ်ငါးစီးကို ယူဆောင်သွားသဖြင့် ဦးမောင်သိန်းက ဝင်းဝစခန်းတွင် သွားရောက်ထုတ်ပြီးအပြန်တွင် မိုင်းစထိမှန်ခဲ့တာဖြစ်သည်ဟု မင်းဒပ်ရွာက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဆိုင်ကယ်သွားထုတ်တာ မရလာဘူး၊ သူကလည်း အရက်ကမူးနေတယ် စစ်တပ်က အဲ့လမ်းကပြန်ဆိုပြီးညွှန်ပေးလိုက်တော့ သူကအဲ့လမ်းကပြန်လာတာမှာ အရင်ဆုံးခွေးကဖြတ်ပြေးလို့ မိုင်းထပေါက်တာ၊ သူ့ကိုက အစနည်းနည်းပါးပါးလာစင်တာလောက်ပဲ၊ ကျွန်တော်​တို့ပြေးတက်လာကြည့်ချိန် သူက အရက်တောင်ပြန်ထိုင်သောက်နေပြီ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ […]

တနင်္သာရီ သိန်ခွန်းရွာတွင် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိ

Dawei Watch

June 29, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာဝန်းကျင်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့်လက်နက်ကြီးပါ အသုံးပြုနေသည့်အတွက် နှစ်ဖက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ ဇွန်လ ၂၈ ရက် နံနက် ၁၀ နာရီခန့်တွင် သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသည့်ဧရိယာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးအကြီး ၂ လုံးနှင့် ဗုံးအသေး ၁၀ လုံးထက်မနည်းကြဲချခဲ့ကြောင်း KTLA-tcjf (ကော်သူးလေအာမီ) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လေကြောင်းက ဒီနေ့(၂၈ရက်)လာတယ်။ဗုံးကျတာက သူတို့(စစ်ကောင်စီ)တပ်ရှိရာ နေရာကိုပဲ ကျသွားတယ်။ ခေါင်းတွေပွင့်ပြီးသေသူကသေ၊ဝမ်းဗိုက် ထိသူကထိ အစုံပဲ”ဟုတိုက်ပွဲအတွင်းပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီး ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရသွားကြောင်း […]

ရွိုင်းဗောလ်ကို အနိုင်ယူပြီး ခါးပတ်လုပွဲထိုးခွင့် ချင်းဖိုက်တာလေး ဂျိုရှူအာဗန် အရယူသွားခဲ့ပြီ

Dawei Watch

June 29, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ Ranking 1 နေရာဆီမှာ ရပ်တည်နေတဲ့ ရွိုင်းဗောလ်ကို အမှတ်ဆုံးဖြတ်ချက်နဲ့ အနိုင်ယူပြီး UFC မှာ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးစိုက်ထူလိုက်နိုင်ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အရမ်းကို အားရကျေနပ်ခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ရဲ့တိုက်စစ်ဖွင့်ပြီး ထိုးခဲ့ပုံတွေက တကယ့်ကို အားရစရာပါပဲ။ အရပ်အားဖြင့် ၄ လက်မလောက် အသာစီးရနေခဲ့တာက ရွိုင်းဗောလ်အတွက် ကြီးမားလှတဲ့အားသာချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပထမပွဲချီမှာတော့ ကစ်ဘောက်ဆင် ကစားတာ အရမ်းပဲ တိုးတက်လာခဲ့တဲ့ ဂျိုရှူအာဗန် က လက်သီးချက်တွေ တရစပ်ပစ်လွှတ်ပြီး ရွိုင်းဗောလ်ကို ဖိအားပေးခဲ့ပါတယ်။ ရွိုင်းဗောလ်ကတော့ Jab တွေကို အားပြုကစားခဲ့ပါတယ်။ ဂျိုရှူအာဗန်ရဲ့ Combo တွဲလုံးတွေ၊ ညာလက်သီးချက်တွေဟာ ရွိုင်းဗောလ်ကို အတော်ပဲ အထိနာစေခဲ့ပါတယ်။ ဒုတိယပွဲချီကလည်း […]

မြန်မာဖိုက်တာ လှဝင်း ကို နာမည်ကြီး ထိုင်းဖိုက်တာ ဆန်ချိုင်းနဲ့ ‌ခေါင်ပွဲတည်ပေးလိုက်ပြီ

Dawei Watch

June 29, 2025

ထိုင်းဘက်မှာ နာမည်တစ်လုံး ရရှိလာတဲ့ မြန်မာဖိုက်တာ လှဝင်း ကို နာမည်ကြီး ထိုင်းဖိုက်တာ ဆန်ချိုင်းနဲ့ THAI FIGHT မှာ ခေါင်ပွဲ တည်ပေးလိုက်ပါပြီ။ ပရိသ၊တ်တွေကတော့ ဒီပွဲဟာ လှဝင်းအတွက် မလွယ်လောက်ဘူးလို့ သုံးသပ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လှဝင်း ရင်ဆိုင်ရမယ့် ဆန်ချိုင်းဟာ THAI FIGHT ရဲ့ဆရာတစ်ဆူပမာ ဖြစ်နေလို့ပါပဲ။ ဆန်ချိုင်းနဲ့ လှဝင်းတို့ဟာ ၆၉ ကီလိုတန်းပွဲအဖြစ် ထိုးကြမှာပါ။ ဆန်ချိုင်းဟာ အခုမတိုင်ခင် မြန်မာဖိုက်တာ မင်းရဲကျော်စွာနဲ့ ထိုးခဲ့ဖူးပြီး အဲ့ဒီပွဲမှာလည်း ဆန်ချိုင်းက အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဆန်ချိုင်းနဲ့ မင်းရဲကျော်စွာတို့ဟာ ၂၀၂၄ ခုနှစ်တုန်းက ထိုးခဲ့ရတာပါ။ အခုတော့ THAI FIGHT က လှဝင်းကို ဆန်ချိုင်းနဲ့ ပေးတွေ့လိုက်ပါပြီ။ ဒီပွဲကို ဇူလိုင်လ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 28, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ နောင်ချိုကို စစ်ကောင်စီ အင်အားသုံး ထိုးစစ်ဆင် ရှမ်းမြောက်မှာ တအာင်းတပ် တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့အတွက် စစ်ကောင်စီတပ်က အင်အားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ နောင်ချိုမြို့ဟာ ပြင်ဦးလွင်ကနေ မန္တလေးအထိ စစ်ရေးအရ ထိန်းချုပ်ဖို့ အရေးပါတဲ့နေရာမှာရှိသလို တအာင်းတပ် သိမ်းယူထားတဲ့ ကျောက်မဲ၊ သီပေါ စတဲ့မြို့နယ်တွေအတွက်လည်း အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။ ပြင်ဦးလွင်ကိုစစ်ရေးအရ ထိန်းချုပ်ဖို့အရေးပါပြီး နောင်ချိုမြို့နဲ့ မိုင် ၂၀ လောက်အကွာမှာ တည်ရှိတဲ့ တောင်ခမ်းကို တအာင်းတပ်နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေ အပြီးသတ်မသိမ်းယူနိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်က အင်အား ပြန်ဖြည့်ပြီး ဇွန်လဆန်းကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ […]

သေနတ်ဒဏ်ရာဖြင့်သေဆုံးသော ကညုံကျွန်းရွာသားအလောင်းထပ်တွေ့၊ သေဆုံးသူ သုံးဦးရှိလာ

Dawei Watch

June 28, 2025

စစ်ကောင်စီတပ် တပ်စွဲခဲ့သည့် လောင်းလုံးမြို့နယ် ကညုံကျွန်းရွာရှိ လယ်ကွက်ထဲတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသော အမျိုးသားအလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်း ရွာသားအချို့က ပြောသည်။ သေဆုံးနေသူမှာ ကညုံကျွန်းရွာသား အသက် ၄၇ နှစ်အရွယ် ဦးခင်မောင်ဝင်းဖြစ်ပြီး အကြားအာရုံချို့တဲ့သူဖြစ်ကြောင်း ရွာသားအချို့က ဆိုသည်။ ကညုံကျွန်းရွာတွင် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒီမိုကရေစီအရေးသပိတ်လှုပ်ရှားမှုကော်မတီ (ထားဝယ်ခရိုင်) DDMSC ၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။ “သူက နားမကြားဘူး။ အရင်က နားမှာ စက်တပ်ထားရတယ်။ လယ်ထဲဆင်းတဲ့အချိန်မှာ စက်ကိုဖြုတ်ပြီးပဲ ထားခဲ့သလား မသိဘူး။ အဝေးကခေါ်တာလဲ ကြားချင်မှကြားမယ်။ စစ်တပ်က သူတို့ခေါ်တာ မလာလို့ဘဲ ပစ်လိုက်တာလားမသိဘူး” ဟု ၎င်းက ပြောသည်။ ဦးခင်မောင်ဝင်း၏ […]