ထိုင်းဝန်ကြီးချုပ် ရာထူးမှ ဆိုင်းငံ့ခံရ
Dawei Watch
July 1, 2025ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်သည် ဝန်ကြီးချုပ်တာဝန်က ဆိုင်းငံ့ခံလိုက်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားမှုနှင့် ပက်သက်၍ အထက်လွှတ်တော်အမတ်များက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တင်သွင်းထားခြင်း ဖြစ်သည်။ အထက်လွှတ်တော်အမတ်များ၏ စွဲချက်များကို လက်ခံစဉ်းစားရန် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူလိုက်သဖြင့် ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ကို ရာထူးက ဆိုင်းငံ့ထားရန် ခုံရုံးက မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၂ မဲရှိ ခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်က ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှု မှတ်တမ်း ပေါက်ကြားလာပြီးနောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးရန် ပြည်သူများကလည်း ဆန္ဒပြနေကြခြင်းဖြစ်သည်။ လက်ရှိတွင် ဒုတိယဝန်ကြီးချုပ် […]


