ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဘုတ်ပြင်း ကံမော်ကြီးရွာရှိ ပုစွန်ထိုးလှေများကို မြို့နယ်ထွေအုပ်က ငွေကြေးတောင်းခံပြီး လုပ်ကိုင်ခွင့်ပြု

Dawei Watch

July 2, 2025

ဘုတ်ပြင်းမြို့နယ်၊ ကံမော်ကြီးရွာအနီး ပင်လယ်ပြင်တွင် ပုစွန်ထိုးလှေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာရင်းကောက်ယူပြီးနောက် ငွေကြေးတောင်းခံကာ ဖမ်းဆီးခွင့်ပြုနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကံမော်ကြီးရွာ ပင်လယ်ပြင်တွင် မေလလယ်ခန့်မှစတင်ကာ ပုစွန်ထိုးလှေများအစုအဖွဲ့ဖြင့် လက်ရှိအချိန်အထိ ပုစွန်ဖမ်းဆီးနေသည်။ ယင်းသို့ အုပ်စုဖွဲ့ဖမ်းဆီးမှုကြောင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံတွေ့နေရသော်လည်း တားမြစ်ခြင်း မရှိသည့်အပြင် ငွေကြေးယူကာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပုစွန်ထိုးလှေများ အုပ်စုလိုက် ဝင်ရောက်ဖမ်းဆီးနေသဖြင့် လက်လုပ်လက်စားဒေသခံများ အခက်အခဲကြုံနေရသည့် အခြေအနေကို Dawei Watch က ဇွန်လ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။ ယင်းသို့သတင်းဖော်ပြပြီး နောက်တစ်ရက်တွင် မြို့နယ်ထွေအုပ်ရုံးက ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးထံ ဖုန်းဆက်ပြီး ပုစွန်ထိုးလှေစာရင်းကောက်ခိုင်းခဲ့ကြောင်း ကံမော်ကြီးရွာဒေသခံတစ်ဦးက ဆိုသည်။ ကံမော်ကြီးရွာအုပ်ချုပ်ရေးမှူးက ပုစွန်ထိုးလှေ ၁၉ စင်း၏ စာရင်းကို ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီ လယ်တောင်ယာရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အချင်းချင်းမှားပစ်

Dawei Watch

July 2, 2025

တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်သားများကို တော်လှန်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်တို့ အချင်းချင်းမှားပစ်၍ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံအချို့ထံမှ သိရသည်။ ဇွန်လ ၃၀ ရက် နံနက် ၄နာရီခွဲခန့်တွင် လယ်တောင်ယာရွာဘက်သို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါနေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ် အခြားအဖွဲ့တစ်ဖွဲ့က လမ်းကင်းယူထားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။ ထိုသို့မိုင်းဆွဲတိုက်ခိုက်ပြီးချိန်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် လမ်းကင်းယူထားသည့် စစ်ကောင်စီတပ်သားများက အချင်းချင်းမှားပစ်ကြကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “အစောကြီးဆို မှောင်လည်းမှောင်နေတော့ (စစ်ကြောင်း) သူတို့တက်လာတဲ့လမ်းကို ခန့်မှန်းပြီး ခွဲလိုက်တယ်။ သူတို့ (စကစ) ရမ်းသမ်းပြီး ပစ်ကြတယ်။ ချင်းချင်းပဲ ပစ်ခတ်မှုဖြစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ […]

ဖုန်းအမည်ပေါက်မဟုတ်သော ထိုင်းဘဏ်အကောင့်များ စပိတ်

Dawei Watch

July 2, 2025

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားများ၏ အမည်ပေါက်မဟုတ်သော ဖုန်းဆင်းကတ်များဖြင့် ဖွင့်ထားသော ဘဏ်အကောင့်များ စတင်ပိတ်ခံနေရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသားများအပါအဝင် Mobile Banking သုံးစွဲသူများသည် အမည်ပေါက်ဖုန်းဆင်းကတ်များဖြင့်သာ သုံးစွဲရမည်ဖြစ်ကြောင်း ပြီးခဲ့သော လများကတည်းက ထိုင်းအစိုးရက ဆက်တိုက်ထုတ်ပြန်ထားသည်။ အကယ်၍ ဖုန်းဆင်းကတ်အမည်နှင့် ဘဏ်အကောင့်အမည်များ မတူညီပါက သတ်မှတ်ရက်များအတွင်း နီးစပ်ရာ ဘဏ်များတွင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ပြန်လည်ပြင်ဆင်ခြင်းမရှိသော ဘဏ်အကောင့်များကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ Mobile Banking အား သုံးစွဲခွင့် ဆိုင်းငံ့ခံနေရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသော မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။ “မနေ့ နေ့လယ်လောက်ကနေစပြီး ဘဏ် Application ထဲကို ဝင်လို့မရတော့ဘူး။ အကောင့် ပိတ်ထားတယ်။ သက်ဆိုင်ရာ ဘဏ်ခွဲကို ဆက်သွယ်ပါလို့ Application […]

ဘုတ်ပြင်း အလယ်မန်ရွာပင်လယ်ပြင်တွင် ရှပ်ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ အခက်ကြုံ

Dawei Watch

July 2, 2025

ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာအနီးရှိ ပင်လယ်ပြင်တွင် ရှပ် (ဂုံး) ဆွဲလှေများကြောင့် ကမ်းနီးငါးဖမ်းလှေများ ငါးရရှိမှုနည်းပါးပြီး အခက်ကြုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ခြောက်လခန့်ကတည်းက ရှပ် ပေါ်(ပေါများ) နေသည့်အတွက် ရှပ်ဆွဲလှေများက လက်ရှိအချိန်အထိ ဖမ်းဆီးနေကြကြောင်း အလယ်မန်ရွာနေဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ဒေသခံကမ်းနီးငါးဖမ်းလှေငယ်များမှာ ငါးရရှိမှုနည်းပါးလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ရှပ်ဆွဲလှေတွေကြောင့် ပင်လယ်ပြင်မှာ ငါးတွေ၊ ကင်းမွန်တွေ မရကြတော့ဘူး။ ရှပ်ငုပ်လှေတချို့ကတော့ ရေကြမ်းလို့ မငုပ်ကြတော့ဘူး။ ရှပ်ဆွဲလှေတွေကတော့ အခုထိဆွဲနေကြတုန်းပဲ” ဟု အလယ်မန်ကျေးရွာနေ အထက်ပါဒေသခံက ပြောဆိုသည်။ ရှပ်ဆွဲလှေများသည် မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ဘက်က အများဆုံးဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ရှပ်ဆွဲလှေများက ပင်လယ်ကြမ်းပြင် ရွှံ့နွှံနှင့် သဲအောက်ရှိ ရှပ်လုံးများကို ထွန်ခြစ်ကဲ့သို့ သံဇကာများဖြင့် ဆွဲယူ ဖမ်းဆီးကြခြင်း […]

ရေးတွင် စစ်ကောင်စီတပ် စခန်းကုန်းကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

July 2, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ စစ်ကောင်စီ ခမရ-၃၄၃ တပ်ရင်း တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း ဒေသခံများပြောဆိုချက်နှင့် ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။ ယနေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “လက်နက်ကြီးတွေပဲ ကြားနေရတယ်။ ဖြစ်တာက အာယုတောင်လမ်းဝ ကားလမ်းမှာပဲလေ။ အဲဒီမှာက စစ်တပ်ရှိတယ် ဆိုတော့ အဲဒါကို ဝင်ပစ်တာတဲ့။ တိုက်ပွဲဖြစ်တော့ ကားတွေလည်း မဖြတ်ရဲကြဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲကြောင့် ယနေ့ နံနက်ပိုင်းတွင် ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် ကားလမ်းပိတ်ဆို့ခဲ့ပြီး နေ့လယ်ပိုင်းတွင် ကားများ ပြန်လည်ဖြတ်သန်းသွားလာကြကြောင်း ဒေသခံအချို့က ဆိုသည်။ သို့သော် လမ်းသွားလမ်းလာ နည်းပါးကြောင်းလည်း ၎င်းတို့က […]

လောင်းလုံး ဖွားဘုတ်ပြင်ရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

July 1, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ ဖွားဘုတ်ပြင်ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအုပ်စု ဆင်ပုနစ်ဘက်မှ ဖွားဘုတ်ပြင်ရွာသို့ ယနေ့ ဇူလိုင်လ ၁ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် အဆိုပါ စစ်ကြောင်းသည် ဖွားဘုတ်ပြင်ဘုန်းကြီးကျောင်းတွင် တပ်စွဲလိုက်ကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံများမှာ စစ်ကြောင်းဝင်လာသည့် နံနက်ပိုင်းကတည်းက တိမ်းရှောင်ထွက်ပြေးနေကြရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယင်းနောက် မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပြီး ညနေ ၆ နာရီအထိ မေးမြန်းချက်အရ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ဒီနေ့ နေ့လယ်ပိုင်းကတည်းက ပစ်နေတာ ယခုအထိ ပစ်သံတွေကြားနေရတုန်း” ဟု ၎င်းက ပြောသည်။ အနီးအနားရှိ […]

ချင်းမိုင်တွင် ပန်းရောင်ကတ်လုပ်ရန် အလုပ်သမားများထံမှ တစ်ရက် ဘတ် ၂ သိန်းကျော် လာဘ်စားခဲ့သော ဌာနမှူးဖမ်းဆီးခံရ

Dawei Watch

July 1, 2025

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ပန်းရောင်ကတ်ပြုလုပ်ချိန် တစ်နေ့ ဘတ် ၂ သိန်းခန့် အလုပ်သမားများထံမှ လာဘ်စားခဲ့သော မှတ်ပုံတင်ဌာနက ဌာနမှူးတစ်ဦး ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် Mr. Boonyarit Nipwanit ဖြစ်ပြီး ချင်းမိုင်ခရိုင် စန်စိုင်းဒေသရှိ မှတ်ပုံတင်စီမံခန့်ခွဲ့ရေးဌာနက ဌာနမှူးတစ်ဦးဖြစ်ကာ လာဘ်ပေးလာဘ်ယူမှုဖြင့် တရားရုံး၏ ဝရမ်းအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားများ ပန်းရောင်ကတ်ပြုလုပ်ချိန်တွင် ဌာနမှူးသည် အလုပ်သမားတစ်ဦးလျှင် ဘတ် ၂၀၀ နှုန်းဖြင့် ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ အကယ်၍ ငွေမပေးပါက ပန်းရောင်ကတ်ပြုလုပ်ချိန် နောက်ဆုံးမှ ပြုလုပ်ပေးခြင်း၊ ပန်းရောင်ကတ်ပြုလုပ်သော လူအရေအတွက်အတိုင်း ထွက်မလာတော့ပဲ ငွေမပေးသူများကို ချန်ထားခဲ့ခြင်းကဲ့သို့ ကြုံရကြောင်း သတင်းတွင် ဖော်ပြသည်။ […]

ထိုင်းတွင် စက္ကူစက်ရုံမီးလောင်မှု သေဆုံးသူ ရှစ်ဦးအထိရှိလာ၊ နှစ်ဦး ပျောက်ဆုံးနေဆဲ

Dawei Watch

July 1, 2025

ထိုင်းနိုင်ငံ စာရာဘူရီခရိုင်ရှိ စက္ကူစက်ရုံမီးလောင်မှုကြောင့် ယနေ့ ဇူလိုင်လ ၁ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ အလုပ်သမား ရှိဦး ရှိလာပြီး နှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက နွန်းခေးဒေသ၊ ဟေမာရတ်စက်မှုဇုန်ထဲရှိ တစ်ရှူး-စက္ကူစက်ရုံ မြေညီထပ်မှစတင်ကာ မီးလောင်ကျွမ်းခဲ့သည်။ စက်ရုံမီးလောင်မှုကြောင့် ဒဏ်ရာရရှိသူ ၂၆ ဦးအထိ ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မီးလောင်မှုကြောင့် သေဆုံးနှင့် ပျောက်ဆုံးနေသူများ၏ ကိုယ်ရေးအချက်အလက်များကို မသိရသေးကြောင်း ဆိုသည်။ လက်ရှိတွင် သေဆုံးသူများကို မိသားစုဝင်များနှင့် DNA တိုက်ဆိုင်စစ်ဆေးပြီးမှသာ အချက်အလက်များကို ဖော်ပြနိုင်မည်ဖြစ်ကြောင်း ဖော်ပြသည်။ မီးလောင်မှုကို ညနေ ၇ နာရီတွင် ထိန်းချုပ်ထားနိုင်ခဲ့ပြီး ပျောက်ဆုံးနေသူနှစ်ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုသည်။ စက်ရုံထဲ မီးလောင်သောအချိန်သည် […]