ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေထွက်ကုန်ပစ္စည်းအချို့ ဈေးတက်သည့် ထားဝယ်ဈေးကွက်

June 21, 2026

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သားဈေးကျပြီး ရေထွက်ကုန်ပစ္စည်းအချို့ ဈေးတက်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ထားဝယ်ဈေးကွက်အတွင်း ကြက်သားတစ်ပိဿာ ၂၂၀၀၀ ကျပ်မှ ဇွန်လ ၂၀ ရက်နေ့၌ ကြက်သားတစ်ပိဿာ ၂၀၀၀၀ ကျပ်သို့ ဈေးကျသွားသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာ ၂၀၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းအချို့ဖြစ်သည့်ငါးဒွန်းချဉ်၊ ငါးမဲလုံးနှင့် ဖိုးထောမဲငါးများမှာ ဈေးတက်နေသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့၌ ထားဝယ်ဈေးကွက်တွင် ငါးဒွန်းချဉ် တစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ဇွန်လ ၂၀ ရက်နေ့၌ ၁၆၀၀၀ ကျပ်၊ ဖိုးထောမဲငါးတစ်ပိဿာ ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ငါးမဲလုံးငါးတစ်ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားသည်ကို တွေ့ရှိရသည်။

ထို့ကြောင့် တစ်ပတ်အတွင်း ငါးဒွန်းချဉ်တစ်ပိဿာ ၄၀၀၀ ကျပ်၊ ဖိုးထောမဲငါးနှင့် ငါးမဲလုံးငါးတို့မှာ တစ်ပိဿာ ၁၀၀၀ ကျပ်စီ ဈေးတက်သွားကြခြင်းဖြစ်သည်။

ဝက်သား၊ အမဲသားနှင့် အခြားရေထွက်ကုန်ပစ္စည်းအချို့ဖြစ်သည့် ပါလန်း(ခေါ်)အာဗြဲငါး နှင့် ပါတူး(ခေါ်)ငါးလုံးငါးတို့မှာ ထားဝယ်ဈေးကွက်အတွင်း ဈေးငြိမ်နေသည်။

ကြက်သွန်နီမှာ ဈေးထပ်တက်နေပြီး ပြီးခဲ့သည့်သီတင်းပတ်က ကြက်သွန်နီတစ်ပိဿာ ၄၀၀၀ ကျပ်သာရှိရာမှ ဇွန်လ ၂၀ ရက်နေ့တွင် တစ်ပိဿာ ၄၅၀၀ ကျပ်ဖြစ်လာ၍ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၅၀၀ ကျပ် ဈေးထပ်တက်သွားသည်ကို တွေ့ရသည်။

ထားဝယ်ဆန်နှင့် စားသုံးဆီမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။