ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းအမြန်လမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ

Dawei Watch

July 3, 2025

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်ရှိ အမှတ် ၁၂ အမြန်လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားအတွင်း ပြည့်ကျပ်စွာ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က ထုတ်ပြန်သည်။ ဇူလိုင်လ ၂ ရက်နေ့က တာခ့်မြို့ရှိ တာခ့်-စူခိုထိုင်း အမြန်လမ်းမပေါ်တွင် မြန်မာနိုင်ငံသားများကို ကားဖြင့် တရားမဝင် ခေါ်တင်လာကြောင်း သတင်းပေးတိုင်ကြားချက်ရရှိသဖြင့် CIB ရဲတပ်ဖွဲ့က လမ်းပိုင်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် ပစ်ကပ်ကားတစ်စီးသည် အရှိန်မြှင့်မောင်းနှင်လာပြီး ကားအလေးချိန်ကလည်း ပုံမှန်ထက် ပိုများနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြခဲ့သည်။ ကားအတွင်းစစ်ဆေးသောအခါ ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၀ ဦးနှင့်အတူ ထိုင်းကားသမားကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ တာခ့်ခရိုင်ထဲသို့ […]

ဟေတီမြို့တော်တစ်ခုလုံးနီးပါးကိုဒုစရိုက်ဂိုဏ်းများ ထိန်းချုပ်ထားဟု ကုလပြော

Dawei Watch

July 3, 2025

ဟေတီတွင် နိုင်ငံမြို့တော် တစ်ခုလုံးနီးပါးကို ဒုစရိုက်ဂိုဏ်းများက ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂအကြီးတန်းအရာရှိများက ဇူလိုင်လ ၂ ရက်နေ့တွင် သတိပေးပြောဆိုလိုက်သည်။ နိုင်ငံအနှံ့ ကြီးထွားလာနေသည့် အကြမ်းဖက်မှုများကို ဟေတီအစိုးရက ဟန့်တားနိုင်ခြင်း မရှိကြောင်းလည်း ၎င်းတို့က ပြောသည်။ ဟေတီမြို့တော် ပေါ်တိုပရင်းစ်၏ဧရိယာ ခန့်မှန်းခြေ ၉၀ ရာခိုင်နှုန်းသည် လက်ရှိတွင် ဒုစရိုက်ဂိုဏ်းများ၏ ထိန်းချုပ်မှုအောက် ကျရောက်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန အမှုဆောင်ဒါရိုက်တာ Ghada Fathy Waly က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။ အဆိုပါ ဒုစရိုက်ဂိုဏ်းများသည် ယခင်က ငြိမ်းချမ်းတည်ငြိမ်မှုရှိသည့် နေရာများတွင်ပါ အကြမ်းဖက်မှုများ တိုးချဲ့လုပ်ဆောင်လာကြောင်း သူမက ပြောသည်။ “အရင်တုန်းကဆိုရင် အကြမ်းဖက်မှုဒဏ်ကနေ လုံခြုံမှုရှိတဲ့ ဟေတီနိုင်ငံတောင်ပိုင်းမှာလည်း ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို တွေ့ရပါတယ်” […]

လမ်းပန်းဆက်သွယ်ရေး မကောင်းသဖြင့် ဒူးရင်းစေ့ အဝယ်ဒိုင်အချို့ အရောင်းအဝယ်ရပ်နား

Dawei Watch

July 3, 2025

မြိတ်-ထားဝယ်ကားလမ်းနှင့် မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းတို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ပြီး ဒူးရင်းစေ့ အဝယ်ကျကာ တွက်ခြေမကိုက်သဖြင့် ဒူးရင်းစေ့ အရောင်းအဝယ် ပြုလုပ်သူအချို့ လုပ်ငန်းရပ်နားလိုက်ကြကြောင်း သိရသည်။ မြိတ်အဝယ်ဒိုင်၏ ဧပြီလကုန်ပိုင်း အဖွင့်စျေးမှာ ဒူးရင်းစေ့ တစ်ပိသာ ကျပ်လေးထောင်ဝန်းကျင် ရှိခဲ့ပြီး မေလတွင် ကျပ်တစ်ထောင့်ငါးရာဝန်းကျင်ခန့်သာ ရရှိတော့ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “စျေးလည်းမငြိမ် ၊ လမ်းခရီးလည်း မကောင်းလို့ အခုနှစ် လုံးဝမဝယ်ဖြစ်လိုက်ဘူး။ ပထမ ဝယ်ဖို့စုံစမ်းသေးတယ်။ လမ်းကြောင်းခရီးတွေ အဆင်မပြေတော့ ရပ်လိုက်တယ်။ ထားဝယ်မှာတော့ အခုနှစ် ဒူးရင်းစေ့ ဝယ်သမား မရှိတော့ဘူး။ လမ်းကြောင်းကလည်း ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေလို့ လုပ်လို့မရဲကြဘူး။ အရင်ကဆို မြိတ်-ထားဝယ် ကား နေ့ချင်းရောက်တယ်။ အခုက မရတော့ဘူး” ဟု ထားဝယ်မြို့က ဒူးရင်းစေ့ အဝယ်ဒိုင်တစ်ဦးကပြောသည်။ […]

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်း ပျောက်ဆုံး

Dawei Watch

July 3, 2025

စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်ပြီး ဆက်သွယ်မှုပြတ်တောက်နေကြောင်း စစ်ကောင်စီက ယနေ့ ဇူလိုင်လ ၃ရက်တွင် သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၁ရက် ညပိုင်းတွင် ခရီးဝေးလေ့ကျင့်ရေးပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာ အကွာတွင် ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကနဦးစစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုကြောင့် ဖြစ်နိုင်ကြောင်း စစ်ကောင်စီက ဆိုသည်။ ရာသီဥတုဆိုးရွားနေသော်လည်း လေယာဉ်ဆက်သွယ်မှုပြတ်တောက်ရာ နေရာတစ်ဝိုက်ကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ရန် လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။ ယခုဇွန်လ ၁၀ရက်ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ တော်လှန်ရေးအဖွဲ့များကမူ ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်တွင် တပ်မတော်နေ့မကျင်းပမီတစ်ရက်အလို မတ်လ ၂၆ ရက်တွင် […]

လက်နက်ကိုင်အဖွဲ့အချို့ ငွေကြေးတောင်းသဖြင့် သရက်ချောင်းက ငါးဖမ်းသမားများအခက်တွေ့

Dawei Watch

July 2, 2025

သရက်ချောင်းမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့အချို့က ငါးဖမ်းလှေများတွင် ငွေကြေးတောင်းခံလေ့ရှိသဖြင့် လှေလုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲဖြစ်ကြောင်း ငါးဖမ်းလှေသမားအချို့နှင့် ဒေသခံများက ပြောသည်။ သရက်ချောင်းမြို့နယ်ရှိ ပင်လယ်ပြင်ထဲငါးဖမ်းထွက်သည့် ဝါလတ်၊ ဝါတန်းကဲ့သို့သော အကြီးစားလှေများအပါအဝင် ထားဝယ်မြစ်ထဲတွင် လှေငယ်များဖြင့် ငါးဖမ်းထွက်သည့် လှေသမားအဆုံး ပိုက်ဆံပေးနေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဇွန်လ ၂၇ရက်တွင် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာအနီးဝန်းကျင်ရှိ ငါးဖမ်းလှေအချို့ငါးဖမ်းထွက်စဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးပြီး ငွေကြေးတောင်းယူခဲ့ကြောင်း ပိုက်ဆံတောင်းယူခံရသည့် လှေပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။ “ပင်လယ်ထဲရောက်မှ လှေကိုတားပြီး ဖမ်းလိုက်တာ။ တခြားလှေတွေလည်း ပေးရတယ်လို့တော့ အသံကြားတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ် စစ်သင်္ဘောနှင့်နီးကပ်စွာ ငါးဖမ်းသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စက်သုံးဆီတစ်ပီပါ တောင်းခံခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လှေတွင် တောင်းယူသည် စက်သုံးဆီပမာဏ အလုံအလောက်မပါသဖြင့် […]

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ထောင်ဒဏ် ခြောက်လချ

Dawei Watch

July 2, 2025

ပြည်ပတွင် တိမ်းရှောင်နေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာအား ယနေ့ ဇူလိုင်လ ၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးက ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။ တရားရုံးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် ယင်းသို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုအချိန်ကတည်းက ရှိတ်ဟာဆီနာကို စွဲဆိုထားသည့် အမှုများ အမြောက်အများ ရှိနေပြီဖြစ်သည်။ ယနေ့ ဗုဒ္ဓဟူးနေ့ တရားရုံးဆုံးဖြတ်ချက်သည် ရှိတ်ဟာဆီနာအား ပထမဆုံးအကြိမ် အပြစ်ဒဏ်စီရင်ချက်ချခြင်း ဖြစ်သည်။ “ကျွန်မကို တရားစွဲထားတဲ့ အမှုပေါင်း ၂၂၇ မှု ရှိတယ်။ ဒါကြောင့် အခု ကျွန်မမှာ လူပေါင်း ၂၂၇ ယောက်ကို သတ်ဖို့ လိုင်စင် ရှိတယ်” ဟု […]

ဂါဇာတွင် ရက် ၆၀ အပစ်ရပ်ရေး အစ္စရေး သဘောတူကြောင်း ထရမ့်ပြော

Dawei Watch

July 2, 2025

ဂါဇာတွင် ရက် ၆၀ ကြာ အပစ်ရပ်စဲရေးကို အစ္စရေးဘက်က သဘောတူကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ အဆိုပါ အပစ်ရပ်ကာလအတွင်း ဂါဇာစစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ရက် ၆၀ ကြာ အပစ်ရပ်ဖို့အတွက် လိုအပ်တဲ့ သတ်မှတ်ချက်တွေကို အစ္စရေးက သဘောတူလိုက်ပါပြီ။ ဒီအပစ်ရပ်ကာလ အတွင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ဖို့အတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲလုပ်ဆောင်သွားမှာပါ” ဟု ထရမ့်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။ ယင်းအပစ်ရပ်အဆိုပြုချက်ကို ကာတာနှင့် အီဂျစ်နိုင်ငံတို့က ဟားမတ်စ်အဖွဲ့ကို ချပြသွားမည်ဟု ထရမ့်က ပြောသည်။ အရှေ့အလယ်ပိုင်းအခြေအနေ ထပ်မံမဆိုးရွားလာစေရန် အပစ်ရပ်အဆိုပြုချက်ကို ဟားမတ်စ်ဘက်က လက်ခံမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောဆိုသည်။ ဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက် ကာတာနှင့် အီဂျစ်နိုင်ငံက […]

မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး KNLA ထံ လက်နက်နှင့်အတူ ဘက်ပြောင်း

Dawei Watch

July 2, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာတွင် တာဝန်ကျနေသည့် မြိတ်ဒေသခံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဇူလိုင်လ ၁ရက်တွင် ချောင်းနှစ်ပေါက်ရွာ စစ်ကောင်စီတပ်ရှေ့တန်းစခန်းက အသက်၃၅နှစ်အရွယ် မြိတ်ဒေသခံတပ်သား တစ်ဦးက ထွက်ပြေးလာပြီး KNU တပ်မဟာ-၄ လက်အောက်ခံ KNLA တပ်ရင်း ၁၁ထံ ခိုလှုံလာကြောင်း တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “သူက စစ်သားစုဆောင်းခံရပြီးပါလာသူဖြစ်တယ်” ဟု အထက်ပါ ရဲဘော်က ပြောဆိုသည်။ အဆိုတပ်တပ်ဖွဲ့ဝင်သည် MA-1 သေနတ်တစ်လက်၊ ကျည် ၂၀၂တောင့်၊ စစ်သုံးပစ္စည်းအချို့ ယူဆောင်လာကြောင်း KNLA တပ်ရင်း ၁၁ မှ တပ်ဖွဲ့ဝင်အခြားတစ်ဦးက ဆိုသည်။ အဆိုပါစစ်ကောင်စီတပ်သားသည် စစ်မှုထမ်းအပတ်စဉ် ၁၀ ကို မွန်ပြည်နယ် သံဖြူဇရပ်တွင် […]