ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

July 5, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၂၈ ရက်မှ ဇူလိုင် ၄ ရက်အထိ ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ဆိုင်းငံ့ခံရ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ဟာ ဝန်ကြီးချုပ်တာဝန်ကနေ ဆိုင်းငံ့ခံလိုက်ရပါတယ်။ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာမှုနဲ့ ပက်သက်လို့ အထက်လွှတ်တော်အမတ်တွေကနေ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကိုတင်သွင်း ထားကြတာပါ။ အထက်လွှတ်တော်အမတ်တွေရဲ့ စွဲချက်တွေကို လက်ခံစဉ်းစားဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သဘောတူခဲ့လို့ ဝန်ကြီးချုပ်ကို ရာထူးကနေ ဆိုင်းငံ့ထားဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ အမိန့်ချလိုက်တာ ဖြစ်ပါတယ်။ ဖုန်းပြောမှတ်တမ်း ပေါက်ကြားလာပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ်ရာထူးက နုတ်ထွက်ပေးဖို့ကို ပြည်သူတွေကလည်း ဆန္ဒပြနေကြတာပါ။ လက်ရှိမှာတော့ ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးဝန်ကြီး […]

ဆယ်နှစ်ကျော်လုပ်သက်ရှိ ကျွန်းစုဒေသခံ ရဲတစ်ဦး တော်လှန်ရေးတပ်ထံ ဘက်ပြောင်းခိုလှုံ

Dawei Watch

July 5, 2025

လုပ်သက် ၁၁ နှစ်ရှိပြီဖြစ်သည့် ကျွန်းစုဒေသခံ ရဲတပ်သားတစ်ဦး တနင်္သာရီမြို့နယ်ရှိ မြိတ်ခရိုင်တပ်ရင်း ၃ ထံ ဇူလိုင်လ ၄ ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း တော်လှန်ရေးတပ်ဖွဲဝင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။ ကရင်ပြည်နယ်၊လှိုင်းဘွဲ့မြို့မ ရဲစခန်းမှ အသက် ၃၅ နှစ်အရွယ် ရဲတပ်သားရန်နိုင်လင်းသည် မိဘများရှိရာ တနင်္သာရီမြို့နယ်သို့ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာကြောင်း မြိတ်ခရိုင်တပ်ရင်း ၃က တပ်ဖွဲ့ဝင်တစ်ဦး ဆိုသည်။ “သူမှာက ဘာလက်နက်မှ မပါဘူး။မတ်လကတည်းက ထွက်ပြေးလာတယ်။အခုမှ ကျွန်တော်တို့ဆီရောက်တယ်”ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။ ရဲတပ်သား ရန်နိုင်လင်းသည် ပြည်မြို့၊ ဝက်ထီးကန်ရှိ အမှတ် (၂) အခြေခံ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဉ် – ၂၉၂ စည်သူတပ်ခွဲ၌ သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထိုနောက် လှိုင်းဘွဲ့မြို့မရဲစခန်းတွင် […]

ရေဖြူတွင် ယာဉ်မတော်တဆဖြစ်ပြီး လေးဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်

Dawei Watch

July 4, 2025

ထားဝယ်ခရိုင်၊ ကလိန်အောင်မြိုနှင့် ရေဖြူမြို့ကြား အမှတ် ၈ ပြည်ထောင်စုလမ်းတွင် ယနေ့ ဇူလိုင်လ၄ ရက် ညနေက ယာဉ်မတော်တဆဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး လေးဦးဒဏ်ရာရကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ရန်ကုန်မြို့မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်မော်တော်ယာဉ်ငယ်တစ်စီးသည် ရေဖြူမြို့အဝင်ရှိ ကျောက်လုံးကြီးဘုရားအနီးတွင် လမ်းချော်ပြီး ယာဉ်မတော်တဆဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “မိုးကလည်း ရွာနေတော့ ကားဘီးလမ်းချော်ပြီး ဘေးက တောင်ကမ်းပါးကို ဝင်တိုက်မိတာ။ ကားတစ်စီးလုံး ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် အမျိုးသမီးကြီးတစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ယာဉ်မတော်တဆမှုတွင် ကူညီဆောင်ရွက်ပေးသူများက ပြောဆိုသည်။ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အမျိုးသမီးကြီးသည် မန္တလေးတိုင်း၊ […]

လီဗာပူးတိုက်စစ်မှူးဂျိုတာနဲ့ သူ့ ညီတို့ရဲ့ ဈာပနကို မွေးရပ်မှာ ဇူလိုင် ၅ ရက်နေ့လုပ်မယ်

Dawei Watch

July 4, 2025

မနေ့က ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဒိုင်အိုဂို ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗားရဲ့ ဈာပနအခမ်းအနားကို ပေါ်တူဂီနိုင်ငံမှာ လုပ်သွားမယ်လို့ Marca က ဖော်ပြထားပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ကြီးပြင်းခဲ့ရာဖြစ်တဲ့ ဂွန်ဒိုးမာမြို့ဆီကို ပြန်လည်သယ်ဆောင်လာခဲ့ပြီဖြစ်ပြီး ဒီနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှာ ဝမ်းနည်းခြင်း အခမ်းအနားတစ်ခု ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မနက်ဖြန် ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဈာပနအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေကို ယာဉ်ထဲမှာတွေ့ရှိရတဲ့ စာရွက်စာတမ်းတွေကနေတစ်ဆင့် အတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အစောပိုင်းမှာတော့ ရုပ်အလောင်းတွေကို မှုခင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆီကို သယ်ဆောင်သွားခဲ့ပြီး အဲ့ဒီနေရာမှာ ဂျိုတာရဲ့ ဇနီးဖြစ်သူ ရူတီ လည်း ရှိနေခဲ့ပါတယ်။ ရူတီ […]

မောင်းမကန်ရွာတွင် စစ်ကောင်စီ တပ်စွဲထားပြီး စစ်ကြောင်းဆက်ထိုးမည်ကို ဒေသခံများစိုးရိမ်

Dawei Watch

July 4, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် အင်အား တစ်ရာကျော်ရှိသည့် စစ်ကောင်စီတပ် တပ်စွဲထားပြီး ဒေသတွင်း စစ်ကြောင်းဆက်ထိုးမည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ ထိုစစ်ကြောင်းသည် ဇူလိုင်လ ၁ ရက်မှစ၍ ထားဝယ်မြို့ဘက်မှ မောင်းမကန်ရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာပြီး မောင်းမကန်ကျေးရွာရှိ ကံယုံဘုန်းကြီးကျောင်း၌ ယနေ့ ဇူလိုင်လ ၄ ရက်အထိ တပ်စွဲ ထားဆဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ရွာထဲဝင်လာတာမျိုး၊ ပစ်တာခတ်တာမျိုးတွေတော့ မရှိဘူး။ သူတို့ ဘာသာ သူတို့နေတာ” ဟု ၎င်းက ပြောဆိုသည်။ သို့သော် မောင်းမကန်ကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ဆင် ငါးရွာအုပ်စုရှိ ဒေသခံအများစုမှာမူ စစ်ကြောင်း ဆက်ထိုးလာမည်ကို စိုးရိမ်ပြီး ကျေးရွာများမှ ပြောင်းရွှေ့နေကြကြောင်း အဆိုပါကျေးရွာအုပ်စုထဲရှိ သဘော့ဆိပ်ရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ပြောင်းနေကြတာက တော်တော်များပြီ။ လမ်းကလည်း တစ်လမ်းတည်းရှိတော့ […]

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း

Dawei Watch

July 4, 2025

ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း၍ စျေးကွက်အတွင်း မရှိသလောက်နည်းပါးနေကြောင်း ထားဝယ်မြို့ ကမ်းနားစျေးရှိ ကဒက်ဥတူးဖော်ရောင်းချသူ အမျိုးသမီးအချို့က ပြောသည်။ တောတောင်ထဲ၌ ရှာဖွေတူးဖော်ရသည့် ရာသီစာတစ်မျိုးဖြစ်သည့် ကဒက်ဥမှာ ယခုနှစ် ဇွန်နှင့် ဇူလိုင်လတို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုက်ပွဲများကြောင့် ကျေးရွာများက ကဒက်ဥ ရှာဖွေတူးဖော်ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ယင်းသို့ နည်းပါးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မိုးကြီးလို့ မတူးကြဘူး။ မိုးကြီးရင် သူကယားတယ်၊ မသယ်နိုင်ဘူး။ ဒါကြောင့်မတူးကြသေးတာ။ ကဒက်ဥက နေပူမှ တူးကြတာ” ဟု ကဒက်ဥ ရှာဖွေ တူးဖော်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ကဒက်ဥများကို တောတောင်အတွင်းရှာဖွေကာ ထားဝယ်မြို့ ကမ်းနားပျံကျစျေးတွင် နှစ်စဉ်လာရောက် ရောင်းချလေ့ ရှိသည့် လောင်းလုံးမြို့နယ်၊စခန်းကြီးကျေးရွာအုပ်စု၌ ဇွန်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများကြောင့် […]

ဂျိုတာ ဝတ်ဆင်တဲ့ ကျောနံပါတ် ၂၀ ကို လီဗာပူးအသင်း အနားပေးပြီ

Dawei Watch

July 4, 2025

လီဗာပူးလ်အသင်းဟာ မနေ့က ကွယ်လွန်သွားခဲ့တဲ့ သူတို့ရဲ့ကစားသမား ဒိုင်အိုဂို ဂျိုတာ (Diogo Jota) ရဲ့ ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၂၀ ကို အနားပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပါတယ်။ ဒါဟာ လီဗာပူးအသင်းရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ ကစားသမားတစ်ဦးရဲ့ ဂျာစီနံပါတ်ကို အခုလိုအနားပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဂျိုတာဟာ စပိန်နိုင်ငံမှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကွယ်လွန်သွားခဲ့ပြီး သူဟာ ၂၀၂၄-၂၅ ရာသီတုန်းက လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရရှိတာ အပါအဝင် အသင်းရဲ့ အောင်မြင်မှုတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်က ဂျိုတာရဲ့ကျောနံပါတ် ၂၀ ကို အနားပေးပြီးတော့ အသင်းအပေါ် ဂျိုတာ စွမ်းဆောင်ပေးခဲ့တာတွေကို ထာဝရဂုဏ်ပြုသွားမယ်လို့ ဆိုပါတယ်။ Source : Liverpool Official Website

မဟာချိုင်တွင် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရ

Dawei Watch

July 4, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် အသက် ၁၄နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓမ္မပြုကျင့်ခံရကြောင်း အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သော ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မြန်မာမိန်းကလေးကို အသက် ၃၇ နှစ်အရွယ် မြန်မာအိမ်ထောင်သည် အမျိုးသားတစ်ဦးက အလိုမတူဘဲအတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဓမ္မပြုကျင့်သူသည် မိန်းကလေး၏ ဖခင်ဖြစ်သူနှင့် သိကျွမ်းသူဖြစ်ပြီး မိန်းကလေးတို့ မိသားစု နေထိုင်ရာအခန်းသို့ မကြာမကြာ လာရောက်လေ့ရှိသူဖြစ်ကြောင်း Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ ဖြစ်စဉ်ဖြစ်သည့်နေ့က မိန်းကလေး ဈေးဝယ်ထွက်ချိန် ကျူးလွန်သူဆိုသည့် အမျိုးသားက လိမ်လည်ဖြားယောင်း၍ ဟိုတယ်သို့ ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ […]