ရုရှားဝန်ကြီး ရာထူးမှထုတ်ပယ်ခံရပြီး နာရီပိုင်းအကြာတွင် သေဆုံးလျက်တွေ့
Dawei Watch
July 8, 2025ရုရှားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရာထူးမှထုတ်ပယ်ခံရပြီးနောက် နာရီပိုင်းအကြာတွင် သေဆုံးလျက်တွေ့သည်။ ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းအား ရာထူးမှ ထုတ်ပယ်ကြောင်း လက်မှတ်ထိုးအမိန့်ထုတ်ပြန်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ရုရှားပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရိုမန်စတာရိုဗွိုက် သေဆုံးသည့်သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ ရိုမန်စတာရိုဗွိုက်ကို မော်စကိုမြို့ဆင်ခြေဖုံးတစ်နေရာရှိ ၎င်း၏ ကားထဲတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း ဇူလိုင်လ ၇ ရက်က တွေ့ခဲ့ရသည်။ ၎င်းသည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ပုံပေါ်သည်ဟု ရုရှားအစိုးရ စုံစမ်းစစ်ဆေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းအား ရာထူးမှ ထုတ်ပယ်ရသည့် အကြောင်းရင်းကို ပူတင်၏ အမိန့်ကြေညာစာတွင် ဖော်ပြထားခြင်း မရှိပေ။ စတာရိုဗွိုက်သည် သောကြာနေ့ ညနေကတည်းက သေဆုံးနေခြင်းဖြစ်နိုင်ကြောင်း ရုရှားမီဒီယာများက ဖော်ပြသည်။ ၎င်းသေဆုံးသည့်အချိန်နှင့် ရာထူးမှ ထုတ်ပယ်ခံရသည့်အချိန်ကို ရုရှားအစိုးရစုံစမ်းစစ်ဆေးရေးကော်မတီက အတည်ပြုပေးခြင်း မရှိပေ။ ၎င်းသေဆုံးနေသည်မှာ အချိန်အတော်ကြာနေပြီဟု ရုရှားလွှတ်တော်အမတ် Andrei Kartapolov က သတင်းထောက်များကို […]


