ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကော့စမွေက ဝါဆိုလပြည့်နေ့ စတုဒီသာအလှူ

Dawei Watch

July 9, 2025

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းမှ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။ ဘုန်းကြီးကျောင်းသို့ လာရောက်သော မြန်မာနိုင်ငံသားများအတွက် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။ လာရောက်သူများကိုလည်း စတုဒီသာမုန့်ဆိုင်ပေါင်း ၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ကြာဆံချက်၊ ရေခဲမုန့်၊ ဒူးရင်းသီးမုန့်၊ အသီး၊ ကြက်ကြော်၊ ချဉ်ပေါင်း၊ ဖာလူဒါ၊ နွားနို့မလိုင်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

တနင်္သာရီ သိန်ခွန်းရွာတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

Dawei Watch

July 9, 2025

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်များကြား နှစ်ရက်ဆက် အပြန်အလှန်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဇူလိုင်လ ၈ ရက်တွင် သိန်ခွန်းရွာဝန်းကျင်၌ နံနက် ၉နာရီမှ ညနေ ၃နာရီအထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း KNLA-တပ်ရင်း ၁၁ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်။ ပစ်လိုက်ပြန်ဆုတ်လိုက်နဲ့ အနီးကပ်ဖြစ်တာကျတော့ သူတို့အလောင်းတွေလည်း မြင်နေရတယ်။ တိုက်ပွဲအတွင်း လေကြောင်း (လေယာဉ်) လည်း လာတယ်” ဟု ၎င်းက ပြောသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်း၊ လက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်က ထိခိုက်မှု မရှိကြောင်း တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ချိန် ၃နာရီကျော် […]

ဝါဆိုလပြည့်နေ့ ထားဝယ်ဘုရားကြီးမြင်ကွင်းများ

Dawei Watch

July 9, 2025

ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတို့တွင် ယနေ့ ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၉ ရက်) ညနေပိုင်း မြင်ရသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ညနေပိုင်းတွင် မိုးလေကင်းလွတ်နေပြီး မြို့ခံဘုရားဖူးများနှင့် ဘုရားကြီးပတ်ဝန်းကျင်တွင် စျေးရောင်းသူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။

အာရှ-ပစိဖိတ်အတွင်း တရုတ်၏ ရန်လိုမှုများမှာ အမေရိကန်နှင့် မဆိုင်ဟု ဖိလစ်ပိုင်ဆို

Dawei Watch

July 9, 2025

အင်ဒိုပစိဖိတ်ဒေသအတွင်း တရုတ်၏ ရန်လိုမှုများသည် ၎င်းတို့၏ ကာလရှည် ကိုယ်ပိုင်ရည်မှန်းချက်များကြောင့်သာ ဖြစ်ပြီး အမေရိကန်နှင့် မသက်ဆိုင်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြောဆိုလိုက်သည်။ အာရှပစိဖိတ်ဒေသအတွင်း ပေါ်ပေါက်နေသည့် စိန်ခေါ်မှုများသည် တရုတ်၏ ပိုင်နက်ချဲ့ထွင်ရေးလုပ်ငန်းစဉ်များကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောသည်။ ပြီးခဲ့သည့် နှစ်နှစ်တာအတွင်း ဖိလစ်ပိုင်နှင့် တရုတ်အကြား တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားမှုများစွာ ဖြစ်ပွားခဲ့သည်။ “တရုတ်က ပိုပိုပြီး ရန်လိုလာတာ နှစ်တော်တော်ကြာလာခဲ့ပါပြီ”ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro က ပြောသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း တရုတ်၏ ရန်လိုမှုများမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်များနှင့် သက်ဆိုင်မှုရှိမရှိ ဆိုသည့်မေးခွန်းကို ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက “တရုတ်ရဲ့ လက်ရှိအစီအစဉ်တွေကို သူတို့ရဲ့ ခေါင်းဆောင်ကနေ ဆုံးဖြတ်စီစဉ်တာလို့ […]

ထောက်ခံစာပါမှ ထားဝယ်မြို့သို့ သွားခွင့်ပြုသဖြင့် လောင်းလုံးရဲစခန်းတွင် ထောက်ခံစာလုပ်သူများတိုးဝှေ့

Dawei Watch

July 9, 2025

လောင်းလုံးမြို့နယ်အတွင်းနေထိုင်သည့်ဒေသခံများ ထားဝယ်မြို့ပေါ်သို့သွားရာတွင် ထောက်ခံစာပါမှသာ ကမြောကင်း တံတားကို ဖြတ်သန်းခွင့်ပြုသည့်အတွက် လောင်းလုံးရဲစခန်းတွင် ထောက်ခံစာလုပ်သူများဖြင့် ပြည့်ကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဇွန်လ ၈ ရက်ကစပြီး ထောက်ခံစာပါ မပါ စစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။ စစ်အာဏာသိမ်းကာလအစောပိုင်းကလည်း ဒေသတွင်း ခရီးသွားလာပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ ပါရမည်ဟု တင်းကျပ်ခဲ့ဖူးသည်။ လက်ရှိတွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် ဖြတ်သန်းနိုင်သော်လည်း လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအားလုံးနီးပါးတွင် ရပ်ကျေးအုပ်ချုပ်ရေးယန္တရားရပ်တန့်နေသည့်အတွက် ရဲစခန်းထောက်ခံစာ လုပ်နေရကြောင်း ဒေသခံအချို့က ဆိုသည်။ “အခုတော့ စစ်လို့ မပါရင် နောက်အခါကျ လုပ်လာဆိုပြီး လွှတ်ပေးလိုက်တယ်” ဟု သောကြာပြင်ရွာခံ သုံးဘီးယာဉ်မောင်းတစ်ဦးက ပြောသည်။ လက်ရှိတွင် ကမြောကင်းတံတားဖြတ်သန်းသူအားလုံးကို စစ်ဆေးနေခြင်းမဟုတ်ဘဲ ခရီးသည်တင်ကားဖြင့် […]

စစ်ကောင်စီတပ် ဗုံးကြဲခဲ့သည့် မွန်-ကရင်အစပ်က ဒေသခံများ နေရပ်မပြန်ရဲသေး၊ အကူအညီများလို

Dawei Watch

July 9, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အစပ်ရှိ ပိုင်ရပ်ကျေးရွာ လေကြောင်း တိုက်ခိုက်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ တစ်လကြာလာသည်ထိ နေရပ် မပြန်ရဲကြ သေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီက ပိုင်ရပ်ကျေးရွာနှင့် အနီးအနားဝန်းကျင်ကို လက်ရှိအချိန်ထိ လေယာဉ်ဖြင့် ကင်းထောက်နေသည့်အတွက် ဒေသခံများ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြောင်း ၎င်းတို့က ဆိုသည်။ “ရွာကို ဗုံးကြဲလိုက်ကတည်းက ထွက်ပြေးကြတယ်။ တစ်ရွာလုံးပါပဲ။ ရွာမှာ ကျန်ရင်လည်း တစ်ယောက်စ နှစ်ယောက်စပဲ ကျန်တယ်။ အခုအထိလည်း လေယာဉ်တွေက လာနေတော့ မပြန်ရဲဘူး။ ရွာမှာ လူရှိနေရင် သူတို့ (စစ်ကောင်စီတပ်) က ဗုံးလာကြဲရင် လာကြဲမှာလေ။ အဲဒါကြောင့် ဘယ်သူမှလည်း မပြန်ရဲဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ […]

သုခ နယ်စပ်စခန်းမသိမ်းမီ စခန်းတာဝန်ခံဗိုလ်ကြီး KNU နှင့်ပူးပေါင်း

Dawei Watch

July 9, 2025

ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ သုခစခန်းကို တိုက်ခိုက်သိမ်းပိုက်ခြင်းမပြုမီ လေးရက် ကြိုတင်ပြီး စခန်းတာဝန်ခံ ဗိုလ်ကြီးမျိုးဆွေဦး (ခေါ်) စောမိုးဇက်သည် KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်များထံ ဘက်ပြောင်းခိုလှုံကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ ဗိုလ်ကြီးမျိုးဆွေဦးသည် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၂ က ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “သုခ မတိုက်ခင် လေးရက်ကြိုပြီးတော့ ကျွန်တော်တို့ဆီကို ဝင်လာတာပေါ့နော်” ဟု KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ တော်လှန်ရေးတပ်များထံ ဘက်ပြောင်းပူးပေါင်းမှုနှင့် ပတ်သက်၍ ဗိုလ်ကြီးမျိုးဆွေဦး ပြောဆိုထားသည့် ရုပ်သံမှတ်တမ်း တစ်ခုလည်း အင်တာနက်လူမှုကွန်ရက်တွင် တွေ့ရသည်။ ပြည်သူလူထုအကျိုးစီးပွားကို ကြည့်ပြီး မှန်ကန်သည့်ဘက်တွင်သာ ရပ်တည်တော့မည်ဖြစ်ကာ […]

ထိုင်ဝမ်၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု စတင်

Dawei Watch

July 9, 2025

ထိုင်ဝမ်သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် စတင်လိုက်ပြီ ဖြစ်သည်။ ထိုင်ဝမ်၏ စစ်ရေးကွပ်ကဲမှုနှင့် ဆက်သွယ်ရေးစနစ်များ တိုက်ခိုက်ခံနေရသည့် အနေအထားပုံစံ အသွင်ယူလေ့ကျင့်မှုဖြင့် စတင်လေ့ကျင့်နေကြောင်း အမည်မဖော်လိုသည့် ထိုင်ဝမ်စစ်တပ် အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။ ယင်းမှာတရုတ်ပြည်မကြီး၏ ကျူးကျော်တိုက်ခိုက်မှု ပေါ်ပေါက်လာလျှင် တုံ့ပြန်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြောသည်။ ထိုင်ဝမ်တွင် Han Kuang ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုတွင် အရန်တပ်ဖွဲ့ဝင်အင်အား ၂၂၀၀၀ ပါဝင်မည်ဖြစ်ပြီး ထိုင်ဝမ်သမိုင်းတလျှောက် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်သည်။ ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်ထုတ် HIMARS ရော့ကက်လောင်ချာစနစ်နှင့် ထိုင်ဝမ်ထုတ် မြေပြင်မှ ဝေဟင်ပစ် Sky Sword ပဲ့ထိန်းဒုံးစနစ်ကိုလည်း ပထမဆုံးအကြိမ် လေ့ကျင့်အသုံးပြုသွားမည် […]