ရေဖြူ၊ ကံပေါက်တွင် သွေးလွန်တုပ်ကွေးကြောင့် ကလေးတစ်ဦးသေဆုံး
Dawei Watch
July 6, 2025ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ပယရွာတွင် နေထိုင်သည့် အသက် ၂ နှစ်အရွယ် ကလေးတစ်ဦး ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် သွေးလွန်တုပ်ကွေးဖြင့် ဆေးကုသနေစဉ် သေဆုံးခဲ့ကြောင်း မိသားစုနှင့် ဒေသခံများထံမှသိရသည်။ အဆိုပါကလေးငယ်မှာ ဇွန်လ ၂၂ ရက်နေ့တွင် ကိုယ်ပူပြီး နေမကောင်းဖြစ်သဖြင့် ဇွန်လ ၂၃ ရက်နေ့မှစ၍ ကံပေါက်ဒေသရှိ မောရဝတီရေတပ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ မောရဝတီရေတပ်ဆေးရုံ၌ စမ်းသပ်စစ်ဆေးရာ သွေးလွန်တုပ်ကွေးဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ဆေးကုသမှုခံယူနေရာမှ မသက်သာသဖြင့် ဇူလိုင်လ ၁ ရက်နေ့တွင် မောရဝတီရေတပ် ဆေးရုံမှ ထားဝယ်ဆေးရုံကြီးသို့ လွဲပြောင်းကုသစေခဲ့ကြောင်း မိသားစုဝင်များထံမှသိရသည်။ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရင်း ဇူလိုင်လ ၅ ရက်နေ့တွင် အဆိုပါကလေးငယ်မှာ သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ […]


