ဂျိုရှူအာဗန်ကြောင့် ချင်းဘုရားကျောင်းကိုတောင် နေ့ချင်းညချင်း လူသိများသွားပြီ
Dawei Watch
June 28, 2025ချင်းဖိုက်တာလေး ဂျိုရှူအာဗန်ကြောင့် ချင်းခရစ်ယာန်ဘုရားကျောင်းကို လူသိများသွားခဲ့ပါပြီ။ ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးတင်ဆက်နေတဲ့ UFC ဟာ ချင်းခရစ်ယာန်ဘုရားကျောင်းအထိ သွားရောက်ပြီး ဂျိုရှူအာဗန်ရဲ့လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့တာပါ။ UFC က တင်ဆက်ပြသလိုက်ပြီးတဲ့နောက်မှာတော့ ဂျိုရှူအာဗန်ရဲ့ ပုံရိပ်နဲ့အတူ ချင်းခရစ်ယာန်ဘုရားကျောင်းကိုလည်း လူသိများသွားခဲ့ပါတယ်။ UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 2 မှာ ချင်းခရစ်ယာန်ဘုရားကျောင်းဆီ ဂျိုရှူအာဗန် သွားရောက်နေတဲ့မြင်ကွင်းတွေကို ထုတ်လွှင့်ပြသခဲ့တာပါ။ ဒီအပိုင်းမှာ ဂျိုရှူအာဗန်ရဲ့ဘာသာတရားကိုင်းရှိုင်းပုံနဲ့ ချင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေကို စနစ်တကျ တင်ဆက်ထားတာ မြင်တွေ့ရပါတယ်။ UFC ဟာ UFC 317 Embadded ရဲ့ Vlog Episode – 1 မှာတုန်းက 4 oz Fight Club […]


