ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကန်ချနဘူရီတွင် ကားငါးစီးဆင့်တိုက်မှု မြန်မာသုံးဦးသေဆုံး

Dawei Watch

July 23, 2025

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် ပစ်ကပ်ကား၊ ကုန်တင်ကား အပါအဝင် ကား ၅ စီးဆင့်တိုက်မှုကြောင့် မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇူလိုင်လ ၂၃ရက် နံနက် ၁၀ နာရီခန့်က ကန်ချနဘူရီခရိုင် စန်ခရာဘူရီအဝင် တောင်ဆင်းလမ်း တစ်နေရာ တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ တင်ဆောင်လာသော ဆယ်ဘီးတပ်ကုန်တင်ကား ဘရိတ်ပေါက်ပြီး မြန်မာအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားနှင့် အခြားကားများကို ဝင်တိုက်ခဲ့ကြောင်း ဖော်ပြသည်။ ကားတိုက်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ကားပေါ်မှ လွင့်စင်ခဲ့ပြီး အချို့မှာ ကားထဲ ပိတ်မိနေခဲ့ကြောင်း ဖော်ပြသည်။ ကားထဲ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့များက ဖြတ်စက်များ သုံး၍ တစ်နာရီခန့်ကြာအောင် ကယ်ထုတ်ခဲ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုကြောင့် ပစ်ကပ်ကားထဲ […]

ရေးမြို့ခံအမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီး

Dawei Watch

July 23, 2025

Tiktok လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်ဝါဒဖြန့်သည်ဟုဆိုကာ ရေးမြို့ခံ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း နီးစပ်သည့် မြို့ခံများက ပြောသည်။ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် မယမင်း (ခေါ်) မလင်းလင်းကို ဇူလိုင်လ ၁၈ ရက် ညနေအပိုင်းတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် နေအိမ်သို့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူ့ကို (မယမင်း) Tiktok မှာ လှုံဆော်ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းသွားတယ်လို့တော့ သိထားရတယ်။ လက်ရှိမှာ ရေးရဲစခန်းမှာပဲ ထားထားတယ်။ တရားစွဲထားတယ်လို့လည်း သိရတယ်” ဟု မြို့ခံတစ်ခံတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီကမူ မယမင်းသည် ၎င်းအသုံးပြုသည့် “yaminLove” Tiktok အကောင့်မှတစ်ဆင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် […]

ဒရုန်းဖြင့် စောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ မြန်မာလေးဦး ဖမ်းဆီးခံရ

Dawei Watch

July 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဒရုန်းဖြင့် ရှာဖွေစောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်း ခိုးယူနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ၎င်းတို့သည် အိမ်များကို ဒရုန်းဖြင့် ကနဦးစောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူရန် လွယ်နိုင်သည့် နိုင်ငံခြားသားများ ငှားယူထားသော အိမ်များတွင် ဝင်ရောက်ခိုးယူကြောင်း ဖော်ပြသည်။ ဖမ်းဆီးခံရသူအများစုသည် အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ်များဖြစ်ကြပြီး ဇူလိုင်လ ၂၂ ရက်က ၎င်းတို့ ငှားရမ်း နေထိုင်သည့် နေအိမ်တွင် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ကော့ဖငန်းကျွန်းသည် လပြည့်ညပါတီဖြစ်သော Fullmoon Party ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး နိုင်ငံခြားသား ခရီးသွားများ၏ အိမ်များတွင် သူခိုး ခိုးယူခံရမှု အကြိမ်ရေများလာသဖြင့် တိုင်ကြားမှုရှိလာရာမှ ရဲတပ်ဖွဲ့က […]

ဂျပန်ဝန်ကြီးချုပ် နုတ်ထွက်မည်ဟု သတင်းထွက်

Dawei Watch

July 23, 2025

ဂျပန်ဝန်ကြီးချုပ် ရှိဂဲယုအိရှိဘာသည် ရာထူးမှ နုတ်ထွက်တော့မည့်အကြောင်း နောက်လအကုန်တွင် အသိပေးကြေညာမည်ဖြစ်ကြောင်း ဂျပန် သတင်းမီဒီယာများက ယနေ့ ဇူလိုင်လ ၂၃ ရက်တွင် ဖော်ပြသည်။ တနင်္ဂနွေနေ့က ဂျပန်အထက်လွှတ်တော်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အိရှိဘာ၏ အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ညွန့်ပေါင်းမိတ်ဖက် Komeito ပါတီက နေရာအများစုတွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်သတင်းမီဒီယာများက ယင်းသို့ ဖော်ပြလာသည်။ အမေရိကန်သို့ ဂျပန်အော်တိုကားများ တင်သွင်းမှုနှင့် အခြားကုန်စည်များ တင်သွင်းမှုအပေါ် စည်းကြပ်ခွန် လျှော့ချပေးလိုက်သည့် ထရမ့်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီးနောက်တွင် ဝန်ကြီးချုပ်အီရှိဘာ နုတ်ထွက်မည့် သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန် ၊ ကြီးထွားလာနေသည့် နိုင်ငံ့စီးပွားရေးပြဿနာကို ဖြေရှင်းရန် ရာထူးတွင် ဆက်ရှိနေဦးမည်ဟု ဂျပန်ဝန်ကြီးချုပ်အီရှိဘာက တနင်္ဂနွေနေ့က ရွေးကောက်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ […]

စစ်ကောင်စီ လက်နက်ကြီးထိပြီး မောင်းမကန်ရွာတွင် ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံး

Dawei Watch

July 23, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာ၌ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်စ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရှိရသည်။ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပြီး မောင်းမကန်ကျေးရွာရှိ လူနေအိမ်များအနီးသို့ ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီးကျည်စထိမှန်ပြီး အသက် ၅၀ နှစ်အရွယ်ရှိ ဦးနွန်ပု နေရာတွင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။ “(ဦးနွန်ပု) ငါးဖမ်းပိုက် ဖာနေတုန်း ဘေးနားလာကျတာ။ လည်ပင်းနဲ့ ခြေထောက်ထိပြီး ပွဲချင်းပြီးသေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းအပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်နေရာအနီးရှိသည့် အသက် ၁၀နှစ်အောက် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ […]

မြိတ်တွင် ဝါတန်းငါးဖမ်းလှေ လူငယ်လုပ်သားရှာရခက်၊ ကျေးရွာများအထိလိုက်ခေါ်နေရ

Dawei Watch

July 23, 2025

မြိတ်မြို့တွင် ဝါတန်း (ဝိုင်းကြီးချုပ်) ငါးဖမ်းလှေလိုက်မည့် အလုပ်သမားရှားပါးနေသည့်အတွက် ကျေးရွာများအထိ လိုက်ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းလှေပိုင်ရှင်များထံမှ သိရသည်။ စစ်ကောင်စီက မြို့ပေါ်တွင် အဓမ္မစစ်မှုထမ်းခေါ်ယူမှုများရှိနေသဖြင့် လူငယ်များတိမ်းရှောင်နေရခြင်းနှင့် ထိုင်းနိုင်ငံအပါအဝင် ပြည်ပထွက်သူများခြင်းတို့ကြောင့် လုပ်သားရှားပါးနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီကာလကဆိုလျှင် အဆိုပါ ငါးဖမ်းလှေများတွင် လိုက်မည်သူ အလွန်များခဲ့ကြောင်း ဝါတန်းလှေပိုင်ရှင်များ က ဆိုသည်။ လက်ရှိ မြို့ပေါ်တွင် ရေလုပ်သား ရှာမရသဖြင့် နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများရှိ ဒေသခံများကို စည်းရုံးပြီး ခေါ်နေသော်လည်း လိုသလောက်မရကြောင်း ဝါတန်းငါးဖမ်းလှေပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ၎င်းလှေတွင်ပင် ရေလုပ်သား ငါးဦးခန့် လိုအပ်နေသေးသဖြင့် ပင်လယ်ပြင် ငါးဖမ်းမထွက်နိုင်သေးကြောင်း ၎င်းက ပြောသည်။ အခြားဝါတန်းငါးဖမ်းလှေအချို့တွင်မူ လုပ်သားဦးရေမပြည့်ဘဲ ပင်လယ်ငါးဖမ်းထွက်နေရသည့် လှေများလည်းရှိကြောင်း အထက်ပါ လှေပိုင်ရှင်က ဆိုသည်။ ဝါတန်း […]

တနင်္သာရီက စစ်ရှောင်ကလေး ဦးနှောက်အမြှေးပါးရောင်နေ၍ ဆေးရုံတင်ထားရပြီး အကူအညီလို

Dawei Watch

July 23, 2025

တနင်္သာရီမြို့နယ်က စစ်ဘေးရှောင်ကလေးတစ်ဦး ဦးနှောက်အမြှေးပါးရောင်နေ၍ မြိတ်မြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း ကလေးမိသားစုနှင့် ကူညီပေးနေသူများထံမှ သိရသည်။ တနင်္သာရီမြို့နယ်က အသက် ၄ နှစ်အရွယ် မောင်ပိုင်ထူးခန့်သည် အပြင်းဖျားသဖြင့် ဆေးရုံတက်နေရသည်မှာ ၃ ရက်ရှိပြီဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။ တနင်္သာရီမြို့နယ်၊ ၊ချောင်းလမုရွာတွင်နေထိုင်သည့် ၎င်းတို့သားအဖမှာ တိုက်ပွဲများကြောင့် မြိတ်မြို့ ရှားတောဝဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေရာက ဖျားလာခြင်းဖြစ်သည်။ “အဖျားကြီးပြီးတော့ တက်တယ်။ ပြီးတော့ ဦးနှောက်အာရုံကြောကို သွားထိခိုက်တယ်ပြောတယ်။ အဖြေထွက် ထားတာတော့ ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာတဲ့” ဟု ဖခင်ဖြစ်သူက ပြောသည်။ မိခင်ဖြစ်သူမှာ မောင်ပိုင်ထူးခန့် အသက် တစ်နှစ်ရှစ်လအရွယ်တွင် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားသည်ဟု ဆိုသည်။ လက်ရှိတွင် ကလေးငယ်၏ ကျန်းမာရေးပြဿနာသည် အချိန်ယူကုသရမည့် အခြေအနေရှိကြောင်း ဆရာဝန်ထံမှ […]

တနင်္သာရီမြစ်ရေ စတက်လာပြီး လမ်းနှင့်တံတားအချို့ ရေစမြုပ်

Dawei Watch

July 23, 2025

တနင်္သာရီမြစ်ရေစတက်လာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လမ်းနှင့်တံတားအချို့ ရေစမြုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ လက်ရှိတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၀ ရက်နေ့ကစကာ ရေစတက်လာပြီးနောက်ရက်များတွင် တဖြည်းဖြည်းတက်လာကြောင်း ဒေသခံများက ဆိုသည်။ ထိုသို့မြစ်ရေတက်လာသဖြင့် ကျေးရွာအချို့တွင် လမ်းနှင့်တံတားများရေမြုပ်သွားပြီး လှေဖြင့်ကူး၍ သွားလာနေရကြောင်း သကျက်ရွာဒေသခံတစ်ဦးက ပြောသည်။ “ရေက နှစ်ရက်အတွင်း တအားများပြီး ဂဏန်းကွင်းရွာကနေ ကွင်းသစ်ရွာလမ်းတွေ မြုပ်ကုန်တော့ လှေနဲ့ပဲ ကူးနေရတယ်။ ကွင်းသစ်တံတားလည်း မြုပ်ပြီ”ဟု အထက်ပါဒေသခံက ဆိုသည်။ ရေမြုပ်နေသည့် လမ်းနှင့်တံတားများ ဖြတ်သန်းသွားလာရန်အတွက် ကိုယ်ပိုင်လှေရှိသူများက ကိုယ်လှေဖြင့် ကူးကြပြီး လှေမရှိသူများက ကူးတို့လှေဖြင့်ကူး၍ သွားလာနေရကြောင်း ဒေသခံအချို့က ပြောသည်။ လက်ရှိတွင် မြစ်ရေတိုးလာသဖြင့် ညောင်ပင်ကွင်းရွာအနီးရှိ ကျွန်းညိုရွာတံတား၊ သကျက်ကျေးရွာအုပ်စု ကွင်းသစ်ရွာ တံတားနှင့် ဂဏန်းကွင်းရွာက လမ်းအချို့ […]