ဘန်ကောက်အနီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနှစ်ဦး ဓါတ်လိုက်သေဆုံး
Dawei Watch
July 22, 2025ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် မြန်မာအလုပ်သမားနှစ်ဦး အလုပ်လုပ်နေရင်း ဓါတ်လိုက် သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲက ပထုံဌာနီမြို့ ဘုန်းကြီးကျောင်းအရှေ့ ရေထိန်းတာရိုး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြန်မာနှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူများသည် အသက် ၄၂ နှစ်နှင့် အသက် ၂၀ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦး ဖြစ်သည်။ အလုပ်သမားနှစ်ဦးမှာ အလုပ်လုပ်နေစဉ် ဓါတ်လိုက်ခဲ့ပြီးနောက် ရေထဲ ပြုတ်ကျသွားခဲ့ကြောင်း၊ အခြားအလုပ်သမားများက ရေထဲမှ ဆယ်ယူ၍ ကုန်းပေါ်တင်ပေးထားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။ မြန်မာနှစ်ဦး ဓါတ်လိုက်ပြီး ရေထဲပြုတ်ကျသွားသဖြင့် ကူညီကယ်ဆယ်ပေးရန် လုပ်ဖော်ကိုင်ဖက်များက အကြောင်းကြားခဲ့သော်လည်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာချိန်တွင် အခင်းဖြစ်သောနေရာ၌ အခြားအလုပ်သမားများကို […]


