မြန်မာဖိုက်တာ သန့်ဇင်ရဲ့ ပွဲစဉ်ကို ပြိုင်ဘက် နေမကောင်းလို့ တစ်ပတ် နောက်ဆုတ်
Dawei Watch
August 4, 2025လာမယ့်ဩဂုတ်လ ၈ ရက်နေ့ရောက်ရင် ခေါင်ပွဲထိုးရဖို့ ရှိနေတဲ့ မြန်မာဖိုက်တာလေး သန့်ဇင်ရဲ့ ပွဲစဉ်ဟာ တစ်ပတ် နောက်ရွှေ့သွားခဲ့ပါပြီ။ ပွဲပျက်သွားတာ မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်သူ ဂင်ဆန်လတ် မကျန်းမာလို့ တစ်ပတ် နောက်ရွှေ့သွားတာသာဖြစ်ကြောင်း သန့်ဇင်က ရှင်းပြထားပါတယ်။ One Friday Fights 119 ပြိုင်ပွဲကြီးမှာ သန့်ဇင်နဲ့ ဂင်ဆန်လတ်တို့ကို ခေါင်ပွဲအဖြစ် ပွဲတည်ပေးထားပြီး လက်ရှိမှာတော့ သူတို့ရဲ့ ပွဲဟာ ONE Friday Fights 120 ပြိုင်ပွဲကြီးဆီ ရွှေ့ဆိုင်းသွားပြီဖြစ်ပါတယ်။ ONE Friday Fights 120 ပြိုင်ပွဲကြီးကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ရောက်ရင် ကျင်းပမှာဖြစ်ပြီး သန့်ဇင်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံကိုရောက်ရှိကာ လေ့ကျင့်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။ သန့်ဇင်နဲ့ ဂင်ဆန်လက်တို့ဟာ ထိုးခဲ့ပြီးတဲ့ပွဲစဉ်တွေမှာတော့ နှစ်ချီအတွင်း […]


