ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် စစ်မှုထမ်းဆင့်ခေါ်စာများ ဆက်တိုက်ပို့နေ

Dawei Watch

August 6, 2025

ထားဝယ်မြို့ပေါ် ရပ်ကွက်အချို့တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းဆင့်ခေါ်စာပေးပို့မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်း မြို့ခံများထံမှသိရသည်။ Dawei Watch မှ ရရှိထားသည့် အချက်အလက်များအရ ထားဝယ်မြို့ ဇရစ်ရပ်ကွက် ၊ ဒေါင်းငူရပ်ကွက်နှင့် တလိုင်းထိန်ရပ်ကွက်တို့တွင် ဇူလိုင်လနှောင်းပိုင်းနှင့် သြဂုတ်လဆန်းပိုင်း အတွင်း စစ်မှုထမ်း ဆင့်ခေါ်စာ ပို့ခံရသူ လေးဦးထက်မနည်းရှိကြောင်း တွေ့ရသည်။ ယင်းတို့အနက် ဒေါင်းငူရပ်ကွက် အနောက်ပိုင်းမှ အမျိုးသားတစ်ဦးသည် စစ်မှုထမ်းစုဆောင်းခံရကြောင်းသိရပြီး ကျန်သုံးဦးမှာမူ နေအိမ်တွင်ရှိမနေသူနှင့် ထွက်ပြေးတိမ်းရှောင်သွားသူများ ဖြစ်ကြောင်း ကာယကံရှင်များနှင့် နီးစပ်သူများထံမှသိရသည်။ ယင်းအရေးအတွက်မှာ Dawei Watch က ရရှိထားသည့် အချက်အလက်အရသာဖြစ်ပြီး အတည်မပြုနိုင်သေးသည့် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရမှုများလည်း ရှိနေသေးသည်။ ” ဒေါင်းငူအနောက်ပိုင်းမှာ လကုန်ပိုင်း(ဇူလိုင်လ နောက်ဆုံးအပတ်)က စာ(စစ်မှုထမ်း ဆင့်ခေါ်စာ) ပို့ခံရတဲ့သူတစ်ယောက်က ရန်ကုန်ဘက်ရှောင်ဖို့သွားတာ အိမ်ရှေ့ပြင်ဂိတ် (စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်)မှာ […]

တနင်္သာရီ လယ်တောင်ယာရွာတွင် တစ်ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်

Dawei Watch

August 5, 2025

တနင်္သာရီမြို့နယ် လယ်တောင်ယာရွာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်အာဏာရှင်တပ်တို့ တစ်ရက်အတွင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် စစ်အာဏာရှင်ယာဉ်တန်းဖြတ်သန်းရန် လယ်တောင်ယာရွာရှိ ပြည်ထောင်စုလမ်းပေါ် လမ်းကင်းယူပေးနေသည့် တပ်သားများနှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ ထိုနောက် နေ့လယ်တွင် လမ်းကင်းယူထားသည့် စစ်အာဏာရှင်တပ်နှင့် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သလို ညနေဘက်တွင် လမ်းကင်း၊ ယာဉ်တန်းနှင့်ပါ တိုက်ပွဲတစ်ကြိမ် အဆိုပါရွာအနီးတွင်ပင် ထပ်ဖြစ်ခဲ့ကြောင်း အထက်ပါ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ “ယာဉ်တန်းနဲ့က တစ်ကြိမ်ဖြစ်တယ်။ တနင်္သာရီမြို့ကနေ လက်နက်ကြီး အကူပစ်တယ်”ဟု ၎င်းက ပြောသည်။ တနင်္သာရီမြို့ဘက်မှလာသည့် ကား ၈ စီးပါ စစ်အာဏာရှင်တပ်ယာဉ်တန်းကို တော်လှန်ရေးတပ်များက လယ်တောင်ယာရွာတွင် ညနေဘက် စောင့်ကြိုတိုက်ခိုက်ရာ မိနစ်အနည်းငယ်အကြာ […]

စစ်အာဏာရှင်တပ်က ဖမ်းသွားသည့် နဘုလယ်ဒေသခံ ၄ ဦးပြန်လွတ်

Dawei Watch

August 5, 2025

စစ်အာဏာရှင်တပ်က ဖမ်းသွားသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသခံ အမျိုးသား ၄ ဦးသည် ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခန့်က ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူများနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ဧရိယာအတွင်းရှိ ရေနက်ဆိပ်ကမ်း စစ်စခန်းသို့ ရောက်ရှိ နေသည့် စစ်အာဏာရှင်တပ်သည် ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက် နေ့ နံနက်စောစောပိုင်းတွင် နဘုလယ် ဒေသ ပရဒတ်ကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံများကို တစ်ရွာဝင်တစ်ရွာထွက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံမျာထံမှသိရှိ ရသည်။ စစ်အာဏာရှင်တပ် ဖမ်းဆီးခဲ့သည့် ဒေသခံများမှာ မယင်းကြီးရွာသား ၂ ဦးနှင့် ပရဒတ်ရွာသား ၆ ဦးတို့ဖြစ်ပြီး မယင်းကြီးရွာသား ၁ ဦး နှင့် ပရဒတ်ရွာသား […]

ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင်လာသော မြန်မာ ၅၀ ခန့် ဖမ်းဆီးခံရ

Dawei Watch

August 5, 2025

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဖို့ဖရာ့ဒေသတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၀ ခန့် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၄ ရက်နေ့ ညပိုင်းတွင် ဖို့ဖရာ့ဒေသတွင် နယ်ခြားစောင့်တပ်များ ကင်းလှည့်နေစဉ် မသင်္ကာစရာ ကားလေးစီးကို တားဆီးစစ်ဆေးရာမှ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကားလေးစီးထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၂၂ ဦး စုစုပေါင်း ၄၅ ဦးကိုတွေ့ရှိခဲ့ပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူများတွင် လူငယ်အများစုပါဝင်နေပြီး အရွယ်မရောက်သေးသော ကလေးငယ်များလည်း ပါဝင်နေသည်ကို ထုတ်ပြန်ထားသော ဓါတ်ပုံများအရ သိရသည်။ ကားလေးစီးအနက် ကားသမား ၂ ဦးမှာ မှောင်ရိပ်ခိုကာ ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်နှစ်ဦးကိုမူ ဖမ်းဆီးရမိခဲ့ကြောင်း […]

ထားဝယ်မြို့ပေါ်တွင် တစ်ညအတွင်း လူငယ် ၁၀ ကျော်ကို စစ်မှုထမ်းအတွက် ဖမ်းခေါ်

Dawei Watch

August 5, 2025

ထားဝယ်မြို့ပေါ်တွင် သြဂုတ် ၄ ရက် ညက လူငယ် ၁၀ ကျော်ကို စစ်မှုထမ်းအတွက် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံအချို့က ပြောသည်။ ရှမ္မလည်ဆွဲရပ်ကွက်က ငါးဦး၊ တလိုင်းထိန်ရပ်ကွက်က တစ်ဦး၊ ဥဿရံရပ်ကွက်က ငါးဦး ဖမ်းဆီးခံရကြောင်း အဖမ်းခံရသူများနှင့် နီးစပ်သူသုံးဦးက Dawei Watch သို့ ပြောဆိုသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက အမည်စာရင်းအတိအကျဖြင့် နေအိမ်အထိ လာရောက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း ရှမ္မလည်ဆွဲရပ်ကွက်တွင် အဖမ်းခံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ “အိမ်ထဲအထိ ဝင်ဆွဲပြီးမှ (စစ်မှုထမ်း) ဆင့်ခေါ်စာ ပေးထားခဲ့တာ” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီက အာဏာတည်ကြောင်း ကြေညာခဲ့သည့် စစ်မှုထမ်းဥပဒေအရအူ စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့ခံရပြီးမှသာ သက်ဆိုင်ရာ တပ်ရင်းဆီ လူကိုယ်တိုင်သွားရောက်သတင်းပို့ပြီး စစ်မှုထမ်းသင်တန်းတက်ရမည်ဖြစ်သည်။ စစ်အာဏာရှင်တပ်၏ ကာကွယ်ရေးဦးစီးချုပ်ရုံး […]

ပန်းတင်အင်းရွာတိုက်ပွဲတွင် လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာဖြင့် ဆေးကုနေသည့်ဒေသခံတစ်ဦးသေဆုံး

Dawei Watch

August 5, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိသူ ငါးဦးအနက် အမျိုးသား တစ်ဦးမှာ ထားဝယ်ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်ပိုင်းတွင် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ ပန်းတင်အင်းရွာသား အသက် ၆၀ ကျော်အရွယ် ဦးစံဦးဖြစ်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်နေချိန် ပုန်းခိုနေသည့် နေရာအနီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လက်နက်ကြီးကျည်စက ဗိုက်မှာထိတယ်။ ဆေးရုံမှာပဲ ဒီနေ့ဆုံးသွားတာ။ ရွာကို သယ်ပြီး ဒီနေ့ပဲသင်္ဂြိုဟ်လိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။ ပန်းတင်အင်းကျေးရွာတွင် စစ်အဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား ဇူလိုင်လ ၂၉ ရက်တွင် တိုက်ပွဲ ၁၀နာရီကျော်ကြာ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း ဒေသခံတစ်ဦးကိုလည်း စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ထိုတိုက်ပွဲအတွင်း […]

ထိုင်းတွင် ပိုကာကစားနည်းကို တရားဝင်ခွင့်ပြုရန် လက်မှတ်ထိုး

Dawei Watch

August 5, 2025

ထိုင်းနိုင်ငံတွင် ပိုကာ(ဖဲ)ကစားနည်းကို ထိန်းချုပ်မှုများအောက်မှ တရားဝင်အဖြစ် ခွင့်ပြုပေးရန် ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဩဂုတ်လ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ပိုကာ (Poker) ကစားနည်းကို အားကစားတစ်ခုအဖြစ် မြှင့်တင်ပြီး နိုင်ငံတကာပြိုင်ပွဲများပါ ကျင်းပလာနိုင်ရေး ရည်ရွယ်၍ ယခင်သတ်မှတ်ထား‌သော စည်းမျဉ်းများကို ပယ်ဖျက်ရန် ပြည်ထဲရေးဝန်ကြီးက လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။ ပိုကာကစားနည်းကို လောင်းကစားဥပဒေအရ ၁၉၅၈ ခုနှစ်ကတည်းက ပိတ်ပင်ထားခြင်းဖြစ်ပြီး ယင်းဥပဒေကို ဖျက်သိမ်းကြောင်းကို ယာယီဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး Phumtham Wechayachai က လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ပိုကာကစားနည်းကို တရားမဝင်ဖြစ်မှုမှ ပယ်ဖျက်ရန် လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း တရားဝင် သတ်မှတ်နိုင်ရေး ထိလွယ်ရှလွယ်ဖြစ်သဖြင့် ပြန်လည်သုံးသပ်ရမည့် ဥပဒေများကို အဆင့်လိုက် ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Phumtham […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်သားနှစ်ဦး KNLA ထံ လက်နက်နှင့်အတူ ဘက်ပြောင်း

Dawei Watch

August 5, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝရဲစခန်းက စစ်အာဏာရှင်တပ်သားနှစ်ဦး ဘက်ပြောင်း ခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။ အသက် ၂၀အရွယ် တပ်သားမောင်ဇော်ဇော်နှင့် အသက် ၄၂နှစ်အရွယ် တပ်သားမောင်မင်းစိုးတို့နှစ်ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ တပ်မဟာ (၄) ထံ ဩဂုတ်လ ၄ ရက်တွင် ဘက်ပြောင်းခိုလှုံလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့နှင့်အတူ MA-1 သေနတ် တစ်လက်၊ MA-2 သေနတ် တစ်လက်၊ ကျည်ဘောက် ရှစ်ခု၊ ကျည်ဆံ ၄၀၀ ပါလာကြောင်း ဖော်ပြသည်။ ၎င်းတို့မတိုင်မီ ဘက်ပြောင်းခိုလှုံလာသူ တပ်သား မောင်ကျော်ကျော်၏ ချိတ်ဆက်ကူညီမှုဖြင့် ဘက်ပြောင်းလာခြင်း ဖြစ်ကြောင်း ဆိုသည်။ ထို့ကြောင့် ချိတ်ဆက်ကူညီခဲ့သူ တပ်သားမောင်ကျော်ကျော်ကို ကျပ်သိန်း […]