တနင်္သာရီတွင် စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူဘက်ပြောင်း
Dawei Watch
August 6, 2025တနင်္သာရီမြို့နယ်တွင် စစ်အာဏာရှင်တပ်က စစ်မှုထမ်းတပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၃၀ရက် ည ၁၀နာရီဝန်းကျင်တွင် ဘက်ပြောင်းခိုလှုံခြင်းဖြစ်ပြီး အဆိုပါတပ်သားသည် တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းက ဖြစ်ကြောင်း တနင်္သာရီပကဖက ဩဂုတ်လ ၆ ရက်တွင် ထုတ်ပြန်သည်။ စစ်အာဏာရှင်တပ် ခမရ ၅၅၇ တပ်ရင်းမှာ အမှတ် ၁၃ စစ်ဆင်ရေးကွပ်မှုဌာမချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။ ရန်ကုန်တိုင်းဇာတိဖြစ်သည့် အဆိုပါတပ်သားမှာ ၂၀၂၅ ဖေဖော်ဝါရီလတွင် စစ်မှုထမ်း အမှတ်စဉ် ၉ ကို တက်ရောက်ရပြီး ခမရ ၅၅၇ တပ်ရင်းကိုရောက်လာသည်မှာ ၃ လနီးပါးကြာပြီဖြစ်ကြောင်း ၎င်း၏ပြောဆိုချက်ကို ကိုးကားကာ တနင်္သာရီ ပကဖ တာဝန်ရှိသူက ပြောသည်။ […]


