ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဒဏ်ရာရ စစ်အာဏာရှင်တပ်သားများကို တနင်္သာရီသို့ ပြန်သယ်သည့်ယာဉ်တန်းအား တိုက်ခိုက်

Dawei Watch

August 10, 2025

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်‌ရေးလမ်း တနင်္သာရီမြို့နယ် သိန်ခွန်းရွာတိုက်ပွဲတွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တနင်္သာရီမြို့သို့ ကားဖြင့်ပြန်သယ်စဥ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်‌ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။ ဩဂုတ်လ ၉ရက် နံနက် ၆နာရီဝန်းကျင်တွင် ဒဏ်ရာရထားသည့် စစ်အာဏာရှင်တပ်သားများကို တင်လာသည့် ကား၂ စီးကို တော်လှန်ရေးတပ်များက သိန်ခွန်းရွာနှင့် ချောင်းနှစ်ပေါက်ရွာကြားတွင် RPG(ပခုံးထမ်းလောင်ချာ)ဖြင့် ပစ်ခတ်ခဲ့ပြီး လက်နတ်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဖွဲ့ ဘက်ကသာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်တပ်ဘက်က ပြန်မပစ်နိုင်ခဲ့ကြောင်း ၄င်းကပြောသည်။ “ကားနှစ်စီးလုံး ပျက်စီးသွားတယ်။သူတို့(စကစ) ပြန်ပစ်ဖို့တောင် မနိုင်တော့ဘူး။ထိခိုက် သေဆုံးတာ များနိုင်တယ်။အရေအတွက်အတိအကျ မသိရသေးဘူး”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။ အဆိုပါ ပစ်ခတ်မှုတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်က အထိခိုက်မရှိကြောင်း၊ စစ်ကောင်စီဘက်က အထိအခိုက်များသော်လည်း အသေးစိတ် မသိရသေးကြောင်း ‌တော်လှန်ရေးတပ်ဖွဲ့ဝင်နောက်တစ်ဦးက […]

ကျိုက်ထိုတွင် စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရ

Dawei Watch

August 10, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာကို စစ်အာဏာရှင်တပ်က သြဂုတ်လ ၉ ရက် နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပိန္နဲကုန်းကျေးရွာထဲကို ဂျက်ဖိုက်တာဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ထို့ကြောင့် ပိန္နဲကုန်းကျေးရွာနေ အသက် အသက် ၆၂ နှစ်အရွယ် ဦးကျော်သိန်း သေဆုံးပြီး ကိုအောင်ဖြိုးဝေ၊ ကိုဖြိုးကြီး၊ ကိုအောင်စိုးမိုးအပါအဝင် ကျေးရွာသား ငါးဦးထက်မနည်းလည်း ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “တိုက်လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ် ရွာထဲကို။ ရွာမှာက ဘာတိုက်ပွဲမှလည်း ဖြစ်တာမရှိပါဘူး။ အဲဒီမှာ သက်ကြီးပိုင်း အမျိုးသားတစ်ယောက်ကတော့ ဆုံးသွားတယ်။ ကျန်တာကတော့ ဒဏ်ရာရကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 9, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၃ ရက်မှ ၉ ရက်အထိ စစ်အာဏာရှင်တပ်ရဲ့ ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းရာမှာ စစ်ခေါင်းဆောင်ကို အာဏာလွှဲပေးပြီး ယာယီသမ္မတရာထူးနဲ့ ဆက်လက်တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ဩဂုတ်လ ၇ ရက်မှာ ကွယ်လွန်ပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ လူယုံတော်ဖြစ်တဲ့ ဦးမြင့်ဆွေဟာ အာရုံကြောတွေ နွေးကွေးတုံ့ဆိုင်းတဲ့ရောဂါကို တစ်နှစ်ကျော် ခံစားရပြီးနောက် အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်တာပါ။ စစ်ကော်မရှင်ကတော့ ဩဂုတ်လ ၇ရက်ကနေ ၉ရက်အထိကို နိုင်ငံအလံ ထက်ဝက်လွှင့်ထူကာ ဝမ်းကြောင်းအထိမ်းအမှတ်ကာလ သတ်မှတ်ထားပြီး ဩဂုတ်လ ၁၁ရက်မှာ ပြုလုပ်မယ့် ဈာပနကိုလည်း နိုင်ငံတော်အဆင့်လုပ်မယ်လို့ ကြေညာထားပါတယ်။ […]

ကမ္ဘောဒီးယားများ နေရပ်ပြန်သွား၍ မြန်မာကျွမ်းကျင်ရေလုပ်သားများကို ထိုင်းခေါ်ယူလို

Dawei Watch

August 9, 2025

ကမ္ဘောဒီးယား-ထိုင်း နှစ်နိုင်ငံပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း နေရပ်ပြန်သွားသော ကမ္ဘောဒီးယားရေလုပ်သားများနေရာတွင် မြန်မာကျွမ်းကျင်ရေလုပ်သားများကို အစားထိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေကြောင်း ထိုင်းငါးဖမ်းလုပ်သားအသင်းက ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယား ငါးဖမ်းအလုပ်သမားထောင်ချီသည် နှစ်နိုင်ငံ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း နေရပ်ပြန်သွားကြသဖြင့် လစ်လပ်နေသော ရေလုပ်သားများနေရာတွင် ကျွမ်းကျင်လုပ်သားများဖြစ်သော မြန်မာနိုင်ငံသားများကို ခန့်ထားနိုင်ရေး ပြင်ဆင်နေကြောင်း ထိုင်းငါးဖမ်းလုပ်ငန်းအသင်းဥက္ကဋ္ဌ Mongkol Sukcharoenkana က ယနေ့ ဩဂတ်လ ၉ ရက်တွင် ထိုင်းသတင်းဌာနများသို့ ပြောသည်။ ထိုင်းနိုင်ငံအတွင်း ငါးဖမ်းအလုပ်သမားများအဖြစ် လုပ်ကိုင်နေသာ ကမ္ဘောဒီးယားအလုပ်သမား ၁၄၀၀၀ မှ ၁၅၀၀၀ အထိရှိပြီး ၎င်းတို့ထဲတွင် နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) စနစ်နှင့် ငါးဖမ်းလုပ်သားဥပဒေအောက်က ခန့်ထားသော အလုပ်သမားများဟူ၍ နှစ်မျိုးရှိကြောင်း ၎င်းက ပြောသည်။ ထိုင်း-ကမ္ဘောဒီးယား ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း MoU ငါးဖမ်းအလုပ်သမားများက စာချုပ်အရ […]

ကန် ကြားဝင်ညှိနှိုင်းမှုဖြင့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယား ငြိမ်းချမ်းရေးသဘောတူ

Dawei Watch

August 9, 2025

အမေရိကန်က ကြားဝင်ညှိနှိုင်းပေးသည့် နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်ကို အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့က ဩဂုတ်လ ၈ ရက်နေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။ နှစ်နိုင်ငံခေါင်းဆောင်များနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ သောကြာနေ့က အိမ်ဖြူတော်တွင် အတူရှိနေစဉ် ယင်းသို့ လက်မှတ်ထိုးလိုက်ခြင်း ဖြစ်သည်။ နယ်နိမိတ်ချင်းထိစပ်နေသည့် အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့အကြား ဆယ်စုနှစ်ချီကြာ နှစ်နိုင်ငံပဋိပက္ခများကို အဆုံးသတ်ကာ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။ အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက် ရေရှည်အသက်ဝင်လာပါက ထရမ့်အစိုးရအတွက် ကြီးမားသည့် အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ပြီး ရုရှားအဖို့ စိတ်မသက်သာစရာ ဖြစ်လာနိုင်ကြောင်း Reuters က ဖော်ပြသည်။ အဆိုပါ နှစ်နိုင်ငံကို ရုရှားက ၎င်း၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းရှိသည့် နိုင်ငံများအဖြစ် ယူဆထားသောကြောင့် ဖြစ်သည်။ “ ၃၅ နှစ်ကြာအောင် သူတို့ အကြာကြီး တိုက်ခိုက်ခဲ့ကြပြီးပြီ။ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 8, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၂ မှ ၈ ရက်အထိ တရုတ်တွင် ကြိုးတံတား ပြတ်ကျမှုကြောင့် လူ ၅ ဦး သေဆုံး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ရှင်းကျန်းပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသည်တွေ အလာများတဲ့ ကြိုးတံတားတခု သြဂုတ် ၆ ရက်က ပြတ်ကျမှုဖြစ်ခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့ပါတယ်။ တံတားဟာ ကြိုးတွေပြတ်ကျပြီးနောက် တဖက်စောင်းနင်းဖြစ်သွားခဲ့ကာ လူ ၂၉ ဦး အောက်ကို ပြုတ်ကျသွားခဲ့တာပါ။ ဗီဒီယိုမှတ်တမ်းတွေအရတော့ ကျောက်ဆောင်ဘေးမှာ ပြုတ်ကျသွားတဲ့ လူတွေ ဒဏ်ရာရရှိနေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ တံတားကို ဘေးကင်းရေးစစ်ဆေးမှု လုပ်ဆောင်နေပြီး သြဂုတ် ၇ ရက်ကနေစလို့ ယာယီပိတ်ထားမှာ […]

စစ်ကော်မရှင်လုပ်မည့် ရွေးကောက်ပွဲ အလိုမရှိကြောင်း ရှစ်လေးလုံးနေ့ လောင်းလုံးတွင်ဆန္ဒထုတ်ဖော်

Dawei Watch

August 8, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ သြဂုတ်လ ၈ရက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် ပြည်သူများ ဆန္ဒဖော်ထုတ်ကြကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်သည်။ ၃၇ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ချီတက်ပွဲပြုလုပ်ရာတွင် ပြည်သူ ရာချီပါဝင်ပြီး ကားများ၊ ဆိုင်ကယ်များဖြင့် ကျေးရွာလမ်းမများပေါ် စီတန်းလှည့်လည်ခဲ့ကြသည်ကို ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်ထားသည်။ ချီတက်ဆန္ဒဖော်ထုတ်ရာတွင် “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲ အလိုမရှိ” ၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စသည့် အချက်များကို ကြွေးကြော်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါချီတက်ဆန္ဒဖော်ထုတ်မှုကို လောင်းလုံးမြို့နယ် ပအဖက ဦးဆောင်လုပ်ဆောင်ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပအဖ တာဝန်ခံက ပြောသည်။ “(ရှစ်လေးလုံးအရေးတော်ပုံနေ့) ဒီအထိမ်းအမှတ်ရယ်၊ စစ်ကောင်စီ ကျင်းပမယ့် […]

ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေး ကန် အဆိုပြုချက်ကို လက်ဘနွန်လက်ခံ

Dawei Watch

August 8, 2025

၂၀၂၅ နှစ်ကုန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရေးအပါအဝင် အမေရိကန်အစိုးရ၏ အဆိုပြုချက်များကို လက်ဘနွန်အစိုးရက ဩဂုတ်လ ၇ ရက်တွင် အတည်ပြုလက်ခံလိုက်သည်။ သို့သော် ယင်းအဆိုပြုချက်ပါ အသေးစိတ်အချက်အလက်များကိုမူ ဆွေးနွေးရခြင်း မရှိသေးကြောင်း လက်ဘနွန်အစိုးရ၊ ပြန်ကြားရေးဝန်ကြီး Paul Marcos က ပြောသည်။ အမေရိကန်၏ အဆိုပြုချက်ပါ အစီအစဉ်အရ ယခုနှစ်ကုန်တွင် ဟစ်ဇ်ဘိုလာအဖွဲ့ လက်နက်ဖြုတ်သိမ်းရမည်ဖြစ်ပြီး လက်ဘနွန်နိုင်ငံတွင်းတွင် အစ္စရေးက စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်းရမည်ဖြစ်သည်။ ယင်းအပြင် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် နေရာ ငါးနေရာမှလည်း အစ္စရေးတပ်များ တစ်ဆင့်ချင်းစီ ပြန်လည်ဆုတ်ခွာရမည် ဖြစ်သည်။ လက်ရှိအချိန်အထိ အဆိုပါအစီအစဉ်သည် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို အားနည်းစေမည့် အသေးစိတ်အကျဆုံး အစီအစဉ်ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။ လက်ရှိအချိန်အထိ အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ […]