ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ကျေးရွာအချို့တွင် ညဘက် သွားလာခွင့်တားမြစ်

Dawei Watch

August 12, 2025

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်က ပြင်းဖြူကြီးရွာအပါအဝင် ကျေးရွာသုံးရွာတွင် ညဘက် သွားလာခွင့်မပြုဟု ရပ်မိရပ်ဖများက တားမြစ်ချက်ထုတ်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ဆိုင်ကယ်ဖြင့်သွားလာခြင်း လုံးဝ လုံးဝ မပြုရဟု စာဖြင့် သတိပေးချက်ကို ဓာတ်တိုင်တွင် ချိတ်ဆွဲကာ တားမြစ်ထားကြောင်း ပြင်းဖြူကြီးရွာက ဒေသခံအချို့က ဆိုသည်။ တားမြစ်ထားသည့်အချိန်တွင် သွားလာပါက မိမိတာဝန်သာဖြစ်သည်ဟု သတိပေးတားမြစ်ချက်တွင် ရေးသားထားသည်ကို တွေ့ရသည်။ သို့သော် အရေးပေါ်ကျန်းမာရေးကြောင့် သွားလာလိုလျှင် ဆက်သွယ်ရန် ရပ်မိရပ်ဖများ၏ ဖုန်းနံပါတ်ဖြင့်တကွ ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။ ယင်းသို့ သတိပေးတားမြစ်ချက် ထုတ်ပြန်ထားသည်မှာ နှစ်ရက်ခန့်သာရှိသေးပြီး မည်သည့်အတွက်ကြောင့် ညမထွက်ရ အမိန့်ထုတ်သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိကြောင်း ပြင်းဖြူကြီးရွာ ဒေသခံအချို့က ပြောဆိုသည်။ “ရေတက် ရေကျချိန်မှာ […]

ထိုင်းတွင် စတီးစက်ရုံ သတ္တုအရည်ကျို မီးဖိုပေါက်ကွဲမှုကြောင့် မြန်မာတစ်ဦးသေဆုံး

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ၊ ပရာကျင်ဘူရီခရိုင်ရှိ စတီးစက်ရုံတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဩဂုတ်လ ၁၂ ရက် နံနက် ၃ နာရီခန့်တွင် စီမဟာဖွတ်ဒေသရှိ စတီးစက်ရုံ၏ ဒုတိယအထပ်တွင် မီးဖိုပေါက်ကွဲခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ မီးဖိုဘေး၌ သတ္တုအရည်များ ထိစင်လောင်ကျွမ်းကာ မြန်မာအလုပ်သမားတစ်ဦး သေဆုံးပြီး မြန်မာအလုပ်သမား အခြားတစ်ဦးတွင် လက်များလောင်ကျွမ်းပြီး ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း သတင်းများတွင် ဖော်ပြသည်။ ဒဏ်ရာရရှိထားသည့် အလုပ်သမားများကို ကယ်ဆယ်ရေးအဖွဲ့များက ကယ်စမရတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံး သွားသော မြန်မာအလုပ်သမား၏ အလောင်းကို စစ်ဆေးနိုင်ရန်အတွက် စီမဟာဖွတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ လက်ရှိတွင် သတ္တုအရည်ကျိုသည့် မီးဖိုပေါက်ကွဲရသည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းတွင် […]

နေအိမ်ဖောက်ထွင်း ခိုးယူသည်ဆိုသူနှစ်ဦးအပါ ဆယ်ကျော်သက်သုံးဦးကို လောင်းလုံး ပလဖ ဖမ်းဆီး

Dawei Watch

August 12, 2025

လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် နေအိမ်များကိုဖောက်ထွင်းပြီး ရွှေထည်၊ ငွေသားအချို့နှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သည်ဆိုသူ ယောင်္ကျားလေးနှစ်ဦးနှင့် ခိုးရာပါပစ္စည်းလက်ခံထားသည်ဆိုသူ မိန်းကလေးတစ်ဦးတို့ကို ဖမ်းဆီးထား ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က သြဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။ သြဂုတ်လ ၁၀ ရက်တွင် နေအိမ်ဖောက်ထွင်းပြီး ခိုးယူခံရကြောင်း ပိုင်ရှင်ဖြစ်သူများက တိုင်ကြားလာသည့်အတွက် ရပ်ကျေး ပအဖ၊ ပလဖ အဖွဲ့ဝင်များနှင့် ပူးပေါင်းစုံစမ်းဖော်ထုတ် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါကျေးရွာရှိ နေအိမ်လေးဆောင်ကို ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ဖောက်ထွင်းခိုးယူခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပလဖ တာဝန်ခံ ကိုရသက ပြောသည်။ “အဲဒီနေ့က ရွာမှာအလှူရှိနေတော့ လူတွေလည်း အလှူကိုသွားကြတာ။ သူတို့က ဘယ်အိမ်တွေက ဘယ်လို အခြေအနေရှိလဲ ဆိုတာ […]

စစ်အာဏာရှင်တပ် ဖမ်းဆီးမှုကြောင့် ကျွန်းစုရှိ ကျေးရွာအချို့တွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်စပြု

Dawei Watch

August 12, 2025

ကျွန်းစုမြို့နယ်အတွင်းရှိ မဲတောကျေးရွာအုပ်စုနှင့် ကော်ဇယာကျေးရွာအုပ်စုတို့တွင် စစ်အာဏာရှင်တပ်က ဆန်၊ ဆီနှင့် စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားပြီး စစ်ဆေးဖမ်းဆီးမှုကြောင့် ပြတ်လပ်စပြုနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လဆန်းပိုင်းကစပြီး မြိတ်နှင့် ဘုတ်ပြင်းမြို့များမှ အဆိုပါဒေသကိုပြေးဆွဲနေသည့် အမြန်ရေယာဉ်‌နှင့် စက်လှေများ အပေါ် ဆန်၊ ဆီနှင့် စက်သုံးဆီ တင်ဆောင်လာခြင်း ရှိ မရှိကို စစ်အာဏာရှင်တပ်၏ စစ်သင်္ဘောများက တင်းတင်း ကျပ်ကျပ် စစ်ဆေးနေကြောင်း ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်သင်္ဘောများလှည့်ပတ်သွားလာနေပြီး ခရီးသည်တင် စက်လှေကြီးများနှင့် အမြန်ယာဉ်ရေယာဉ်များကို စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းကဲ့သို့ တင်သွင်းခွင့်ပိတ်ထားသည့်အတွက် အထက်ပါကျေးရွာအုပ်စုများတွင် ဆန်၊ ဆီနှင့် စက်သုံးဆီ ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “(ရွာမှာ ဆန်ဝယ်လို့မရတာ) တစ်ပတ်လောက်ရှိပြီ။ ဈေးတွေတော့ […]

ထိုင်းတွင် စက်ရုံထဲ မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦး ခြိမ်းခြောက်အဓမ္မပြုကျင့်ခံရ

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ စက်ရုံတစ်ခုတွင် မြန်မာအိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ဓါးကိုင် ခြိမ်းခြောက်၍ အတင်းအဓမ္မပြုကျင့်ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအမျိုးသမီးသည် လုပ်အားခထုတ်ယူရန် စက်ရုံရှိ အလုပ်သမားတန်းလျားတွင် တစ်ဦးတည်းရှိနေစဉ် ယင်းစက်ရုံတွင် လုပ်ကိုင်နေသော ထိုင်းနိုင်ငံသား ကားမောင်းသူက အခန်းထဲ ဝင်လာပြီး အဓမ္မပြုကျင့်ကြောင်း MHAC ထံမှ သိရသည်။ ဩဂုတ်လ ၂ ရက်က မြန်မာဇနီးမောင်နှံနှစ်ဦးသည် စက်ရုံတွင် လုပ်အားခထုတ်ယူရန်လာစဉ် ရုံးပိတ်ရက်နှင့် တိုက်ဆိုင် နေသဖြင့် ရုံးဖွင့်ရက်အထိ အလုပ်သမားတန်းလျားတွင် ယာယီစောင့်ဆိုင်းပြီး နေထိုင်နေကြကြောင်း ဆိုသည်။ ဩဂုတ်လ ၅ ရက် နံနက် ၄ နာရီခန့်တွင် ထိုင်းနိုင်ငံသား ကားမောင်းသူသည် ပစ္စည်းသယ်ရန်ဟုဆိုကာ အမျိုးသမီး၏ အမျိုးသားကို ကားဖြင့်အပြင်သို့ ခေါ်ထုတ်သွားကြောင်း […]

ထိုင်ဝမ် စစ်ဖြစ်လျှင် ဖိလစ်ပိုင်လည်း မလွဲမသွေ ပါဝင်ရမည်ဟု သမ္မတပြော

Dawei Watch

August 12, 2025

ထိုင်ဝမ် စစ်ပွဲ ပေါ်ပေါက်လာလျှင် ဖိလစ်ပိုင်သည်လည်း စစ်ပွဲထဲ မလွဲမသွေ ပါဝင်ရလိမ့်မည်ဟု သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဩဂုတ်လ ၁၁ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ဖိလစ်ပိုင်သည် ထိုင်ဝမ်ကျွန်းနှင့် နီးကပ်စွာတည်ရှိနေပြီး ဖိလစ်ပိုင်အလုပ်သမား အများအပြားမှာ ထိုင်ဝမ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသောကြောင့် ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်က ပြောသည်။ အဆိုပါ မှတ်ချက်ပေးပြောဆိုမှုမျိုးကို တရုတ်ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်သော်လည်း ဖိလစ်ပိုင်သမ္မတက ဩဂုတ်လ ၁၁ ရက် တနင်္လာနေ့တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ တနင်္လာနေ့က တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားနေသည့် Scarborough Shoal ကျွန်းများအနီးတွင် ဖိလစ်ပိုင်သင်္ဘောများကို တရုတ်ကမ်းခြေစောင့်တပ်ကာ ပိတ်ဆို့မောင်းထုတ်ခဲ့သည်။ ယင်းနောက် သမ္မတမားကို့စ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်၊ ရေတပ်နှင့် တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်၏ ပိုင်နက်ကို ကာကွယ်နေသည့် အခြားသော […]

ထိုင်းတောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာ ၅၀ကျော်ဖမ်းဆီးခံရ

Dawei Watch

August 12, 2025

ထိုင်းနိုင်ငံ ဥထိုင်းဌာနီခရိုင်ရှိ တောထဲတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၅၅ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ထပ်ထန်းဒေသထဲရှိ တောထဲတွင် မသင်္ကာဖွယ်ရာ ကားသုံးစီး ရပ်တန့်ထားသည်ကို တွေ့ရသဖြင့် နယ်မြေခံအာဏာပိုင်များနှင့်အတူ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ကားသုံးစီးနှင့်အတူ အနီးတွင် ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၉ ဦး စုစုပေါင်း ၅၅ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ဖမ်းဆီးခဲ့ပြီး ထပ်ထန်းရဲစခန်းသို့ ခေါ်ဆောင်ခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ဖမ်းဆီးရမိသောနေရာသည် ကန်ချနဘူရီခရိုင်အနီးတွင်ရှိနေပြီး မြန်မာနိုင်ငံသားများ […]

စစ်အာဏာရှင်တပ်စစ်ကြောင်း ဖမ်းသွားသည့် လောင်းလုံးဒေသခံသုံးဦးပြန်လွတ်

Dawei Watch

August 11, 2025

စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ထိပ်တိုက်တိုးမိပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် လောင်းလုံးဒေသခံ အမျိုးသားသုံးဦး ယနေ့ ဩဂုတ်လ ၁၁ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သြဂုတ်လ ၉ ရက် မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့မှ ပြင်းထိန်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် လောင်းလုံးမြို့ခံ အမျိုးသားတစ်ဦးနှင့် ပြင်းထိန်ရွာသားနှစ်ဦးဖြစ်သည့် ကိုဖြိုးမောင်မောင်နှင့် ကိုမင်းကိုနိုင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ရဲစခန်းသို့ လိုက်သွားပြီး အကျိုးအကြောင်းရှင်းပြရာက ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ပြင်းထိန်ရွာခံတစ်ဦးက ပြောသည်။ “ရဲစခန်းကနေပဲ ပြန်လွှတ်ပေးလိုက်တာ။ လွတ်အောင် ပိုက်ဆံတွေပေးရသေးလားဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ အထက်ပါ အမျိုးသား သုံးဦးစလုံးမှာ အရပ်သားများဖြစ်ကြပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းဝင်လာကြောင်း သတင်းကြားသည့်အတွက် နေအိမ်သို့ ပြန်လာကြချိန် လမ်းတွင် […]