ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စစ်အာဏာရှင်တပ်က စစ်ကြောင်းထပ်ထိုး၍ တနင်္သာရီ သိန်ခွန်းရွာတွင် လေးရက်ဆက် တိုက်ပွဲပြင်းထန်

Dawei Watch

August 13, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ တနင်္သာရီမြို့ သိန်ခွန်းရွာဝန်းကျင်တွင် စစ်အာဏာရှင်တပ်ရင်း လေးခုပေါင်းပြီး စစ်ကြောင်းထပ်ထိုးလာသဖြင့် လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်‌ရေး တပ်ဖွဲ့ဝင်များ ထံမှသိရသည်။ သိန်ခွန်းရွာဝန်းကျင်တွင် သြဂုတ်လ ၉ ရက်နေ့မှ ၁၂ ရက်နေ့ အထိ စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌‌ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်သားများ အထိနာခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်များက ဆိုသည်။ စစ်အာဏာရှင်တပ်၏ ခြေလျင်တပ်ရင်းများဖြစ်သည့် ၂၆၂ ၊ ၂၆၇၊ ၂၈၀၊ ၁၀၃ တပ်တို့ ပူးပေါင်းပြီး သိန်ခွန်းရွာ ဝန်းကျင်ကို စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။ တိုက်ပွဲအတွင်းစစ်အာဏာရှင်တပ်က ထိခိုက်မှုများသဖြင့် ဩဂုတ်လ ၁၂ ရက်နေ့တွင် သိန်ခွန်းရွာကို ပြန်ဆုတ်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သိန်ခွန်းရွာ၏ အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး […]

ထိုင်းတွင် လုပ်ငန်းခွင်ထဲ လက်ချောင်းများဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်နီးပါးတရားရင်ဆိုင်ပြီးနောက် နစ်နာကြေး ဘတ်ငါးသိန်းရ

Dawei Watch

August 13, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သစ်သားစက်ရုံတွင် အလုပ်လုပ်နေစဉ် မတော်တဆမှုဖြစ်ပြီး လက်ချောင်းများ ပြတ်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် နစ်နာကြေး ဘတ် ငါးသိန်း ရရှိကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။ ကိုမြတ်သူအောင်သည် ပြီးခဲ့သောနှစ် ဇူလိုင်လခန့်က ဘော်ထော်ဒေသရှိ သစ်သားစက်ရုံတွင် သစ်ခွဲနေစဉ် စက်ချို့ယွင်းမှု ကြောင့် သစ်ကိုင်ထားသော ဘယ်ဘက်လက်ကို ထိခိုက်မိပြီး လက်ချောင်း ငါးချောင်းစလုံး ဆုံးရှုံးခဲ့ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ လုပ်ငန်းခွင်ထဲ မတော်တဆမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသော်လည်း အလုပ်ရှင်ဖြစ်သူက ကိုမြတ်သူအောင်၏ ဥပဒေအရ ရသင့်သော နစ်နာကြေးများကို တာဝန်ယူပေးခဲ့ခြင်းမရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် နစ်နာကြေးများ ရရှိရန် WAG အဖွဲ့ထံ အကူအညီတောင်းခံလာသဖြင့် ကိုမြတ်သူအောင်နှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ချွန်ဘူရီခရိုင် […]

မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ကို တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

Dawei Watch

August 13, 2025

မြိတ်-ပုလော ပြည်ထောင်စုလမ်းပေါ်ရှိ ပလမြို့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲကြောင်း မြို့ခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဩဂုတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် ပလမြို့ပေါ်ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။ “လေယာဉ်က ပတ်သွားတာက သုံးခေါက်။ လေယာဉ်က တော်တော်မြင့်တယ်။ ဦးဆုံး(ပထမ)တစ်ခေါက်က ဗုံး လေးလုံး ချသွားတယ်။ နောက်တစ်ခေါက် သေနတ်နဲ့ပစ်တယ်။ နောက်တစ်ခေါက်ရောပေါ့။ မြို့ပေါ်နေရာတချို့ကို ကြဲသွားတယ်” ဟု ပလ မြို့ခံတစ်ဦးက ပြောသည်။ ထိုသို့ ဗုံးမကြဲမီက နှစ်ဖက်ပစ်ခတ်မှုမရှိဘဲ စစ်အာဏာရှင်တပ်သားများဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် တစ်ဖက်သတ် ပစ်ခတ်ခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ပလမြို့နှင့် အနီးဝန်းကျင်တွင် ဇူလိုင်လ ၂၄ ရက်မှစတင်ကာ […]

ထိုင်းတောင်ပိုင်းတွင် မူးယစ်ဆေးသုံးသည်ဆိုပြီး မြန်မာခြောက်ဦးဖမ်းဆီးခံရ

Dawei Watch

August 13, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါးများသုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ခြောက်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် အုပ်စုဖွဲ့၍ မူးယစ်ဆေးဝါးသုံးစွဲနေသော ဗီဒီယိုဖိုင်များကို ၎င်းတို့ကိုယ်တိုင် အွန်လိုင်းပေါ်တင်ထား သည်ကို ကော့ဖငန်းရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့သဖြင့် ဩဂုတ်လ ၁၁ရက် ညပိုင်းတွင် မြန်မာနိုင်ငံသားများ၏ အခန်းများထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ဗီဒီယိုဖိုင်ထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသားများကို ကော့ဖငန်းရဲတပ်ဖွဲ့က ကနဦး စုံစမ်းဖမ်းဆီးစဉ် မောင်ကိုကိုနှင့်‌ မောင်အာကာအမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးကို မောင်ကိုကို၏ အခန်းထဲတွင် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြသည်။ ၎င်းတို့နှင့်အတူ မူးယစ်ဆေး ငါးလုံးကို တွေ့ရှိခဲ့ကြောင်း ဆိုသည်။ မူးယစ်ဆေးဝါး သုံးစွဲနေသော ဗီဒီယိုဖိုင်နှင့် ပတ်သက်၍ မောင်ကိုကိုအား ရဲတပ်ဖွဲ့က မေးမြန်းစဉ် ဗီဒီယိုဖိုင်ထဲ သုံးစွဲနေသူမှာ ၎င်းကိုယ်တိုင်ဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို […]

ပန်းတင်အင်းရွာတိုက်ပွဲပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားများ ပြန်လွတ်

Dawei Watch

August 13, 2025

လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ဖမ်းဆီးခေါ်ဆောင် သွားသည့် ပန်းတင်အင်းရွာသား ၁၇ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ အင်အားတစ်ရာနီးပါးရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ယာယီတပ်စခန်းသို့ လာရောက်စဉ် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်တွင် ပန်းတင်အင်းရွာ၌ တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်းတင်အင်းရွာသား ၁၇ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးကာ ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် ၁၄ရက်အကြာ ဩဂုတ်လ ၁၁ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် ဖမ်းဆီးထားသည့် ဒေသခံ ၁၇ဦးနှင့်အတူ ရေနက်ဆိပ်ကမ်းမှ မူးဒူး၊‌ ညောင်ပင်ဆိပ်၊ ပန်းတင်အင်း ကျေးရွာ လမ်းကြောင်းအတိုင်း ပြန်ထွက်လာ ကြောင်း ဒေသခံအချို့က ဆိုသည်။ […]

ရုရှားက စစ်နိုင်သွားပြီဟု ဟန်ဂေရီ ဝန်ကြီးချုပ်‌ပြော

Dawei Watch

August 13, 2025

ယူကရိန်းစစ်တွင် ရုရှားက နိုင်သွားပြီဟု လက်ယာယိမ်း ဟန်ဂေရီဝန်ကြီးချုပ် ဗစ်ခ်တာအော်ဘန်က ဩဂုတ်လ ၁၂ ရက်တွင် ပြောဆိုလိုက်သည်။ လာမည့် သောကြာနေ့တွင် ကျင်းပမည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။ ၂၀၁၀ ခုနှစ်ကတည်းက ဟန်ဂေရီဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် အော်ဘန်သည် ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်လိုက်ပြီးနောက်တွင်ပင် ပူတင်နှင့် နီးကပ်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားရှိခဲ့သည်။ ၎င်းသည် ယူကရိန်းကို ဥရောပသမဂ္ဂထဲသို့ ဝင်ခွင့်ပြုရေးကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်သူ ဖြစ်သည်။ နိုင်ငံအတွက် စွမ်းအင်အများစုကို ရုရှားထံမှ ရရှိနေသည့် ဟန်ဂေရီအစိုးရသည် ယူကရိန်းသို့ စစ်လက်နက်များ ပေးပို့ရန် ငြင်းဆန်ခဲ့သည်။ စစ်လက်နက်ပေးပို့လျှင် ဟန်ဂေရီလယ်သမားများနှင့် နိုင်ငံ့စီးပွားရေးကို ထိခိုက်စေမည်ဟု […]

ထားဝယ်မြစ်တွင် အမျိုးသားအလောင်းတွေ့

Dawei Watch

August 13, 2025

ထားဝယ်မြစ်အတွင်း၌ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ်လ ၁၃ ရက် နံနက်ပိုင်းက တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့ဆိပ်အနီး ထားဝယ်မြစ်အတွင်း ယနေ့ နံနက် ၉နာရီခန့်တွင် တွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အင်္ကျီအနီရောင်ဝတ်ဆင်ထားပြီး ပက်လက်အနေအထားဖြင့် တွေ့ရပြီး အလောင်းမှာ ပုပ်ပွနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အလောင်းက နံနေပြီ။ လက်မှာ လက်ပတ်နာရီတစ်လုံး ပတ်ထားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ အဆိုပါ ရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ နှင့် ထားဝယ်မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ဆယ်ယူရန် လုပ်ဆောင်နေတေကြာင်း ‌ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ သေဆုံးသူအမျိုးသားမှာ မည်သူမည်ဝါ‌ဖြစ်သည်နှင့် သေဆုံးသည့်အကြောင်းအရင်းတို့ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထားဝယ်တွင် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်သူများအခက်တွေ့

Dawei Watch

August 13, 2025

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်ကစ၍ စျေးကွက်အတွင်း ကောက်ညှင်းဆန် ပြတ်လပ်နေပြီး မုန့်လုပ်သူများ အခက်အခဲဖြစ်နေကြောင်း မုန့်လုပ်ရောင်းသူများထံမှ သိရသည်။ ထိုးမုန့်၊ မုန့်ကုလားမဲ၊ ကောက်ညှင်းစေ့ စသည့် လက်လုပ်မုန့်အများစု ပြုလုပ်ရာတွင် အသုံးပြုသည့် ကောက်ညှင်းဆန် ပြတ်လပ်နေသဖြင့် မုန့်လုပ်ရောင်းသူအချို့ ရပ်နားထားပြီး အချို့မှာ လက်ကျန်ကောက်ညှင်းဆန်ဖြင့် ဆက်လက် ရောင်းနေကြကြောင်း ၎င်းတို့က ပြောသည်။ ရန်ကုန်ဘက်မှလာသည့် ကောက်ညှင်းဆန် ပြတ်နေခြင်းဖြစ်ပြီး ထားဝယ်ဒေသထွက် ကောက်ညှင်းဆန်မှာမူ စျေးကွက်အတွင်း မပြတ်လပ်သော်လည်း မုန့်လုပ်ရာတွင် အသုံးပြုပါက မုန့်အရည်အသွေးညံ့သဖြင့် အသုံးမပြုကြကြောင်း မုန့်လုပ်ရောင်းသူ ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကောက်ညှင်းပြတ်နေတာက ရက် ၂၀ လောက်ရှိပြီ။ တချို့တွေလည်း မုန့်လုပ်တာ ရပ်ထားကြတယ်။ ကျွန်မတို့တော့ ကြိုဝယ်ထားတဲ့ လက်ကျန် ကောက်ညှင်း ရှိသလောက် လုပ်ရောင်းဦးမယ်။ […]