ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းက မြန်မာ ၁၆၀ ကျော် ကော့သောင်းသို့ထပ်လွှဲ

Dawei Watch

July 31, 2025

စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ယနေ့ ဇူလိုင် ၃၁ ရက်တွင် ကော့သောင်းဘက်သို့ ထပ်မံလွှဲပြောင်းပေးလိုက်ကြောင်း ရနောင်း‌လဝကရုံးက ထုတ်ပြန်သည်။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်း ထားသော မြန်မာနိုင်ငံသား ၁၆၂ ဦးကို ကော့သောင်းမြို့သို့ ယနေ့ နေ့လယ်ပိုင်းတွင် လွှဲပြောင်းလိုက်ခြင်းဖြစ်သည်။ ယခုလွှဲပြောင်းမှုသည် ၂၀၂၅ ခုနှစ်အတွင်း ရှစ်ကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်အတွင်း နေရပ်ပြန်ပို့ခံရသူ ၁၂၇၉ ဦး ရှိလာပြီ ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ […]

မဟာချိုင်တွင် ထားဝယ်ကလေးနှစ်ဦးပျောက်နေပြီး တွေ့ရှိပါက အကြောင်းကြားပေးရန် မိသားစုက မေတ္တာရပ်ခံ

Dawei Watch

July 31, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ထားဝယ်ဒေသခံ ကလေးနှစ်ဦး ပျောက်ဆုံးနေပြီး တွေ့ရှိပါက အကြောင်းကြားပေးကြပါရန် မိခင်ဖြစ်သူက ပြောသည်။ ပျောက်ဆုံးနေသော ကလေးနှစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် မပန်းအိနှင့် အသက် ၈ နှစ်အရွယ် မဖြိုးဖြိုးတို့ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နေထိုင်ရာအခန်းမှ ပျောက်ဆုံးသွားကြောင်း မိခင်ဖြစ်သူက ဆိုသည်။ မပန်းအိတွင် အနက်ရောင် စပို့ရှပ်အင်္ကျီနှင့် ဘောင်းဘီအဖြူအစင်းကြားကို ဝတ်ဆင်ထားပြီး မဖြိုးဖြိုးတွင် ပန်းရောင်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးသည် မိခင်ဖြစ်သူ ဒေါ်ခင်အေးနှင့်အတူ မဟာချိုင်ဒေသ အီချီရာ ဖတ်ထနာစက်ရုံအနီး အခန်းတွင် အတူနေထိုင် နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။ မိခင်ဖြစ်သူက အလုပ်သွားနေချိန်တွင် ၎င်းတို့နှစ်ဦးသည် အခန်းထဲတွင် […]

ကမြောကင်းတံတားတွင် လူငယ် ၁၁ ဦးကိုဖမ်းပြီး စစ်မှု‌ထမ်းရန်ခေါ်ဆောင်၊ နှစ်ဦးပြန်လွှတ်

Dawei Watch

July 31, 2025

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၃၀ ရက် နံနက် ၈ နာရီခန့်က လူငယ် ၁၁ ဦးကို အဓမ္မစစ်မှု‌ထမ်းစေရန်အတွက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယင်းလူငယ်များထဲမှ နှစ်ဦးမှာ ထိုနေ့တွင်ပင်ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းလူငယ်နှစ်ဦး လွတ်လာသည့် အကြောင်းနှင့် ပတ်သက်၍မူ ဖော်ပြလိုခြင်းမရှိပေ။ လူငယ် ၁၁ ဦးသည် လောင်းလုံးမြို့နယ်ဘက်မှ ထားဝယ်မြို့ဘက်သို့သွားစဉ် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်၌ အသီးသီးအဖမ်းခံလိုက်ရခြင်းဖြစ်သည်။ အဖမ်းခံရသူများမှာ လောင်းလုံးမြို့နယ်ဇာတိ လူငယ်လေးဦးနှင့် အခြားတိုင်းနှင့်ပြည်နယ်မှ လောင်းလုံးမြို့နယ်အတွင်း လာရောက်အခြေချနေထိုင်သူ ၇ ဦး စုစုပေါင်း ၁၁ ဦးဖြစ်ကြောင်း ယင်းဖြစ်စဉ်ကို သိရှိသူကပြောသည်။ “တံတားရောက်တဲ့အချိန်မှာ ကြည့်လိုက်တာနဲ့ စစ်မှုထမ်းအသက်အရွယ်ထဲမှာ ရှိနေတယ်ဆိုတာနဲ့ တခါတည်း ဖမ်းထားလိုက်တော့တယ်။ ပြီးတာနဲ့မှတ်ပုံတင်စစ်တယ်။ […]

ကားလမ်းပိတ်နေသဖြင့် မြိတ်တွင် စားသောက်ကုန်များ ဈေးတက်

Dawei Watch

July 31, 2025

တိုက်ပွဲရက်ရှည်ပြင်းထန်နေ၍ မြိတ်-ပုလောလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် မြိတ်ခရိုင်အတွင်း ကုန်စိမ်းနှင့် မီးဖိုချောင်သုံးစားသောက်ကုန်များ ဈေးတက်နေကြောင်း မြို့ခံများထံမှ သိရသည်။ မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ရက်ရှည်တိုက်ပွဲပြင်းထန်နေသလို လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အဆိုပါလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့မှစကာ ပိတ်လိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။ ထိုသို့ ဖြတ်သန်းခွင့်ပိတ်လိုက်ပြီးနောက် မြိတ်မြို့နယ်အပါအဝင် ကျွန်းစုမြိုနယ်၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကုန်စိမ်းနှင့် စားသောက်ကုန်များ ဈေးတက်နေကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းမပိတ်မီက မြိတ်မြို့တွင် ကြက်ဥတစ်လုံးလျှင် ၄၀၀ ကျပ်ဈေးရှိရာက လက်ရှိတွင် ၇၀၀ ကျပ်အထိ ဈေးတက်သွားသည်။ ထို့အပြင် ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိလည်းကောင်း ၊ငရုတ်သီးစိမ်း […]

ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည့် စစ်ကောင်စီတပ်သား သုံးကြိမ်မြောက်တွင် လွတ်မြောက်လာ

Dawei Watch

July 31, 2025

စစ်ကောင်စီတပ်ထံမှ သုံးကြိမ်တိတိထွက်ပြေးခဲ့ရသည့် တပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ကော့သောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄၃၁ ခြေမြန်တပ်ရင်းတွင် တာဝန်ကျနေသည့် တပ်သားအေးမင်းထွန်းသည် အကြိမ်ကြိမ်ထွက်ပြေးခဲ့သော်လည်း သုံးကြိမ်မြောက်မှသာ လွတ်မြောက်လာကြောင်း ကော့သောင်းပကဖ၏ ထုတ်ပြန်ချက်အရသိရသည်။ ၄၃၁ ခြေမြန်တပ်ရင်းသည် အမှတ် ၂၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၀)လက်အောက်ခံတပ်ရင်းဖြစ်ပြီး ကော့သောင်းမြို့နယ် ခမောက်ကြီးရွာတွင် အခြေစိုက်သည်။ အဆိုပါတပ်သားသည် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထွက်ပြေးချိန်က စစ်ကောင်စီတပ်ကပြန်လည်ဖမ်းမိခဲ့ပြီးနောက် တတိယအကြိမ်ထပ်မံထွက်ပြေးရာက လွတ်မြောက်လာပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ကော့သောင်းပကဖထံ ရောက်ရှိလာကြောင်း ကော့သောင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ အသက် ၂၆နှစ်အရွယ် ကိုအေးမင်းထွန်းသည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ဇာတိဖြစ်ပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူ မဟုတ်ဘဲ ၎င်း၏ ဆန္ဒအလျောက် စစ်မှုထမ်းခဲ့သူဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပကဖ […]

ပုလော၊ တိုရွာတွင် ဆယ်ကျော်သက်နှစ်ဦး မိုင်းထိသေဆုံး

Dawei Watch

July 31, 2025

ပုလောမြို့နယ်၊ ပလမြို့ရှိတိုရွာတွင် ဆိုင်ကယ်တစ်စီး မိုင်းနင်းမိသဖြင့် ဆယ်ကျော်သက်လူငယ်နှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ဇူလိုင် ၂၈ ရက် နေ့လယ်တွင် အသက် ၁၆ နှစ်ဝန်းကျင်အရွယ် လူငယ်နှစ်ဦး ဆေးဝယ်ရန်အတွက် ဆိုင်ကယ်စီးလာစဥ် တိုရွာနှင့်ပိတပ်ရွာကြားရှိလမ်းတွင် မိုင်းနင်းမိပြီး တစ်ဦးမှာနေရာတွင်ပင် သေဆုံးသွားကြောင်း၊ နောက်တစ်ဦးမှာ ဆေးရုံ‌ရောက်ပြီးမှ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။ “တို နဲ့ ပိတပ်ရွာကြားလမ်းက ပိတ်ထားတယ်။ သူတို့ နှစ်ယောက်က ဆေးဝယ်ဖို့ ဆိုင်ကယ်နဲ့လမ်းမှာ မိုင်းတိုက်မိပြီး တစ်ယောက်ပွဲချင်းပြီးသေတယ်။ တစ်ယောက်က ဆေးရုံရောက်သွားတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ မိုင်းထိပြီး ဒဏ်ရာရသွားသူတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆေးရုံပို့ပေးခဲ့သော်လည်း ဒဏ်ရာပြင်းသဖြင့် ညနေပိုင်းတွင် သေဆုံးသွားရာ မိသားစုထံပြန်လည်ပို့ဆောင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲဖြစ်နေကြားထဲ အရပ်သားတွေက […]

မြန်မာတစ်ဦးကိုထိုးခဲ့သည့် ထိုင်းနိုင်ငံသားက ဘတ် ၅၀၀၀၀ ပေးလျော်ပြီး တောင်းပန်

Dawei Watch

July 30, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်ရှိ ဆေးရုံအနီးတွင် မြန်မာနိုင်ငံသားတစ်ဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သော ထိုင်းနိုင်ငံသားက ဘတ် ၅ သောင်းပေးလျော်ပြီး တောင်းပန်စကားဆိုခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံသား ထိုးကြိတ်ခံရမှုအတွက် MHAC မဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ ထိုင်းနိုင်ငံသားကို အရေးယူနိုင်ရေး ပထုံဌာနီရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ထိုင်းနိုင်ငံသားဘက်က ဘတ်ငါးသောင်းလျော်ကြေးပေး၍ ပြန်လည်တောင်းပန်လာခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ညက ပထုံဌာနီဆေးရုံကြီးအနီး လမ်းမကြီးဘေးတွင် ကိုသားညီသည် နှလုံးရောဂါအခံရှိသော သားဖြစ်သူအတွက် ဆေးဝယ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာစဥ် ဘီးပေါက်သဖြင့် ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်သို့ ဝင်၍ ပြင်ခဲ့ကြောင်း အမှုကို ကူညီဆောင်ရွက်ပေးသော MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဆိုင်ကယ်ပြင်ခ ဘတ် ၁၄၀ ကျသင့်ရာ […]

တနင်္သာရီမြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားလူငယ်တစ်ဦးသေဆုံး

Dawei Watch

July 30, 2025

တနင်္သာရီမြို့နယ်၊ ဘန်းသဲရွာအနီးရှိ သစ်ပင်ခြောက်ရွာတွင် တော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားချိန် အရပ်သားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံများထံမှ သိရသည်။ ဇူလိုင် ၂၈ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်တပ်များနှင့် ပစ်ခတ်မှု ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ထိုသို့ နှစ်ဖက်ပစခတ်မှုဖြစ်နေချိန် နေအိမ်အတွင်း ပုန်းခိုနေသည့် အသက် ၁၉နှစ် ကိုပြည့်စုံကို ကျည်ထိမှန် သေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး ဆိုသည်။ “ဟိုဘက် ဒီဘက်ပစ်ကြပြီး တိုင်အနောက်မှာ ဝပ်နေတဲ့ သားငယ်မှာ ခေါင်းထိပြီး သေသွားတယ်။ အိမ်ထဲမှာက ရှိတဲ့သူအားလုံး ဝပ်နေကြတယ်” ဟု အထက်ပါနီးစပ်သူက ပြောသည်။ တိုက်ပွဲဖြစ်ပွားသည့်အခြေအနေ၊ အရပ်သားတစ်ဦးသေဆုံးခဲ့သည့်ကိစ္စများနှင့် ပတ်သက်၍ တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ထံ Dawei […]