တနင်္သာရီ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ် ဖမ်းသွားသည့် ပြည်သူ ၁၀ဦး အဆက်အသွယ်မရ
Dawei Watch
August 1, 2025တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ ၁၀ ဦးမှာ နှစ်ရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၃၀ရက် ည ၇နာရီခန့်တွင် လယ်တောင်ယာရွာရှိ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်၏ အမည်ကို ခေါ်ပြီး လာဖမ်းခြင်းဖြစ်ပြီး ယင်းသို့ဖမ်းဆီးချိန် နေအိမ်အတွင်း ဂိမ်းဆော့နေသည့် လူငယ် ခြောက်ဦးနှင့် အနီးဝန်းကျင်နေအိမ်ရှိ ပြည်သူ သုံးဦးကိုပါ ဖမ်းဆီးသွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထို့ကြောင့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးအဖမ်းခံရပြီး ဩဂုတ်လ ၁ ရက် ညနေအထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း ၎င်းက ဆိုသည်။ “မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘူး။ အဆက်အသွယ်လည်း မရဘူး။ အောက်ကင်း (ရွာ) ၅၅၇ တပ်ကို ပို့လိုက်တာလောက်ပဲ သိရတယ်” […]


