ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဟာချိုင်တွင် မြန်မာလုပ်သားဇနီးမောင်နှံ ထိုင်းထီ ဘတ်ခြောက်သန်းကံထူး

Dawei Watch

September 17, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော မွန်ပြည်နယ်ဇာတိ မြန်မာ အလုပ်သမား ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းထီအမြင့်ဆုံးဆု ဘတ်ခြောက်သန်း ထီပေါက်ကြောင်း MHAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားစုံတွဲသည် စက်တင်ဘာလ ၁၆ရက်က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆု ၀၇၄၆၄၆ တွင် ခြောက်လုံး တိုက် ပထမဆုကို ကံထူးခြင်းဖြစ်သည်။ ထီပေါက်သူနှစ်ဦးက ဆုငွေထုတ်ယူပေးရန် မြန်မာအလုပ်သမားများအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီ တောင်းလာကြောင်း အဖွဲ့ဦးဆောင်သူ ကိုရဲမင်းက ပြောသည်။ “သူတို့ (ထီပေါက်သူ) ပြောတာက ထီပုံမှန် ကံစမ်းနေတယ်လို့ပြောတယ်။ ဒီတစ်ခေါက်တော့ ဘတ် ခြောက်သန်းပေါက်သွား တယ်ပေါ့” ဟု ကိုရဲမင်းက ဆိုသည်။ ထီပေါက်သော ဇနီးမောင်နှံနှစ်ဦးသည် ထိုင်းနိုင်ငံတွင် နှစ်ရှည် အလုပ်လုပ်ကိုင်နေသူများဖြစ်ပြီး […]

ဘန်ကောက်တွင် မြန်မာလုပ်သား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါးမရ

Dawei Watch

September 17, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၆၀၀ အတွက် လုပ်အားခ ဘတ် ၇ သန်းနီးပါး မရသဖြင့် ကူညီဆောင်ရွက်ပေးနေရကြောင်း WAG မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်ကောက်မြို့ ခေဒီကုမ္ပဏီ ဆောက်လုပ်ရေးဆိုဒ်များရှိ မြန်မာအလုပ်သမားများသည် ပြီးခဲ့သော ဇွန်လနောက်ပိုင်းမှစ၍ လုပ်အားခများ ပုံမှန် ရရှိခြင်းမရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ ယခုစက်တင်ဘာလတွင် လုပ်အားခ နှစ်လစာအထိ အလုပ်ရှင်က ရှင်းပေးခဲ့ခြင်းမရှိသဖြင့် ကူညီဖြေရှင်ပေးရန် WAG အဖွဲ့ကို စက်တင်ဘာလ ၁၆ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှသိရသည်။ မြန်မာအလုပ်သမား ၆၀၀ ဦးအနက် အမျိုးသားများသည် တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ကျော်စီနှင့် အမျိုးသမီးများတွင် တစ်ဦးလျှင် ဘတ် ၁၁၀၀၀ ကျော်စီ လုပ်အားခ ရရန်ရှိနေပြီး […]

တနင်္သာရီရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်စစ်ဆေးမှု ပိုမိုတင်းကျပ်

Dawei Watch

September 17, 2025

တနင်္သာရီမြို့အနီးရှိ စစ်အာဏာရှင်တပ် ရေကြောင်းစစ်ဆေးရေးဂိတ်များတွင် ကုန်စည်တင်ဆောင်မှုများကို ပိုမိုတင်းတင်းကျပ်ကျပ် စစ်ဆေးလာကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့အနီးရှိ တနင်္သာရီတံတား ရေကြောင်းစစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတားရေကြောင်း စစ်ဆေးရေးဂိတ်၊ ဘန်းသဲကူးတို့ဆိပ် စစ်ဆေးရေးဂိတ်နှင့် မမသောင်ရွာ ရေကြောင်းစစ်ဆေးရေးဂိတ် များတွင် စစ်ဆေးမှု တင်းကျပ်လာခြင်းဖြစ်သည်။ အဆိုပါ ရေကြောင်းစစ်ဆေးရေးဂိတ်များအနက် မမသောင်ရေကြောင်းစစ်ဆေးရေးဂိတ်က စက်တင်ဘာလဆန်းတွင်မှ စတင်ချထားခြင်းဖြစ်ပြီး စစ်ဆေးမှုပိုမိုတင်းကျပ်ကြောင်း ဒေသခံများကဆိုသည်။ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အသုံးပြုမည့် ကုန်ပစ္စည်းများကို တနင်္သာရီမြို့တွင် သွားရောက်ဝယ်ယူပြီး မြစ်၊ချောင်းများအတိုင်း ကျေးရွာများကို သယ်ဆောင်ကြခြင်းဖြစ်သည်။ ယခင်က စစ်အာဏာရှင်တပ်တွင် စျေးဝယ်ယူခွင့်လက်မှတ်လုပ်ပြီး အဆိုပါလက်မှတ်ဖြင့် ကန့်သတ်ထားသည့် ပစ္စည်းအချို့ သယ်ဆောင်ခွင့်ရသော်လည်း လက်ရှိအချိန်တွင် ပိုမိုတင်းကျပ်လာကြောင်း သမီးလှရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ ယခင်ကဈေးဝယ်ခွင့်လက်မှတ်နှင့် ပစ္စည်းဝယ်ထားသည့် ဘောက်ချာပြပြီးဖြတ်၍ ရသော်လည်း လက်ရှိအချိန်တွင် ပါလာသည့်ပစ္စည်းအရေအတွက်နှင့် ဘောင်ချာပါသည့် […]

ဘန်ကောက်နှင့် ထိုင်းမြောက်ပိုင်းခရိုင်များကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်

Dawei Watch

September 17, 2025

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့အပါအဝင် ထိုင်းမြောက်ပိုင်းခရိုင် လေးခုကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ လမ်ဖွန်နှင့် မယ်ဟောင်ဆောင်ခရိုင်များကို လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဇုန်များဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့က ထိုင်းဘုရင် တော်ဝင်ပြန်တမ်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် လေထုအရည်အသွေးကို ခြေခံရာစစ်ဆေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေကို စစ်ဆေးနိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့သည် နှစ်စဉ် နိုဝင်ဘာလမှ မတ်လအထိ လေထုညစ်ညမ်းမှုဒဏ်ကို ဆက်တိုက် ခံနေရပြီး လေထုအရည်အသွေး စံချိန်များနှင့် ကိုက်ညီမှု မရှိခဲ့သည်ကို နှစ်စဉ်စစ်ဆေးတွေ့ရှိခဲ့သည်။ လေထု ညစ်ညမ်းမှုကြောင့် ပြည်သူလူထု၏ ကျန်းမာရေး အန္တရာယ်များလည်း ဆက်တိုက် ထိခိုက်ခဲ့သလို […]

စစ်အာဏာရှင်တပ်က ထားဝယ်ခရိုင်က ကျေးရွာ ၁၀ ရွာကျော်ကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

Dawei Watch

September 17, 2025

စစ်အာဏာရှင်တပ်က ယနေ့စက်တင်ဘာလ ၁၇ ရက်တွင် ထားဝယ်ခရိုင်ရှိ ကျေးရွာ ၁၀ ရွာကျော်ကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သက်ဆိုင်ရာဒေသခံတို့ထံမှ သိရသည်။ အရှေ့တောဒေသက ပကာရီ၊ ပခပ်၊ ရေဝိုင်းရွာများကို ယနေ့ (စက်တင်ဘာ ၁၇) နေ့လယ် ၁၁ နာရီခန့်တွင် ဗုံးသုံးလုံးကြဲချ တိုက်ခိုက်သည်ဟု ကနဦးကြားသိရသည်။ ယင်းနောက်နေ့လယ် ၁၂ နာရီခန့်တွင် သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာကို ဗုံးနှစ်လုံး၊ ဥတ္တူရွာကို ဗုံးသုံးလုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာနှင့် မဲနယ်အိုးရွာကိုလည်း ဗုံးကြဲခဲ့ကြောင်း ဒေသခံများကဆိုသည်။ တစ်ချိန်တည်းတွင်ပင် လောင်းလုံးမြို့နယ်ရှိ ဝေဒီ၊ ကြက်ယက်တွင်း၊ သပြေရှောင်၊ ‌ကျောက်ပုံ စသည့် ကျေးရွာတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။ Dawei Watch က ကနဦးမေးမြန်းရသမျှ စုစုပေါင်း ကျေးရွာ […]

ကော့သောင်း – ရန်ကုန် လေယာဉ်လက်မှတ်ဈေး ကျပ်နှစ်သိန်းနီးပါး ခုန်တက်

Dawei Watch

September 17, 2025

ကော့သောင်း-ရန်ကုန် လေယာဉ်လက်မှတ်တစ်စောင်လျှင် ကျပ်နှစ်သိန်းနီးပါး ခုန်တက်သွားကြောင်း ခရီးသွားအချို့နှင့် လေယာဉ်လက်မှတ် အရောင်းဌာနအချို့ထံမှ သိရသည်။ ကော့သောင်းမှ ရန်ကုန်သို့ ကုန်းလမ်းမှသွားရာတွင် အသုံးပြုနေသည့် အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်‌ရေးတင်းမာနေပြီး မကြာခဏတိုက်ပွဲဖြစ်ပွားနေသည့်အတွက် လမ်းပိတ်ဆို့မှုများကြောင့် ခရီးသည်အချို့က လေကြောင်းကို ပိုမိုအသုံးပြုသွားလာနေကြရသည်။ ထိုကြောင့် လေယာဉ်လက်မှတ်ဈေးလည်း မြင့်တက်လာပြီး စက်တင်ဘာလ ဒုတိယအပတ်မှစကာ ခရီးသည်တစ်ဦးလျှင် ကျပ်ငါးသိန်းခွဲဝန်းကျင်မှ ခုနစ်သိန်းခွဲဝန်းကျင်အထိ မြင့်တက်သွားကြောင်း တနင်္သာရီတိုင်းအတွင်းရှိ လေယာဉ်လက်မှတ်အရောင်းဌာန ဝန်ထမ်းတစ်ဦးက ဆိုသည်။ “ကားလမ်းတွေဆက်တိုက် ရက်ရှည်ပိတ်တော့ လက်မှတ်ဈေးနူန်းတွေကလည်း တက်လာတယ်။ ထပ်တက်ဖို့ရှိမရှိတော့ မသိဘူး” ဟု ၎င်းက ပြောသည်။ ကော့သောင်း-ရန်ကုန်လမ်းရှိ မြိတ်-ကော့သောင်းလမ်းပိုင်းတစ်လျှောက်တွင် စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်များကလည်း ယခင်ထက် အစစ်အဆေးပိုမိုတင်းကျပ်လာပြီး ဂိတ်ကြေးလည်းပိုမိုပေးဆောင်နေရကြောင်း ရန်ကုန်သို့ ခရီးသွားလေ့ရှိသည့် ကော့သောင်းမြို့ခံတစ်ဦးက […]

သမ္မတသက်တမ်း အကြိမ်ရေအကန့်အသတ်မရှိ တာဝန်ယူနိုင်သည့် ခြေဥကို ချဒ် (Chad) လွှတ်တော် အတည်ပြု

Dawei Watch

September 17, 2025

ဗဟိုအာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ချဒ် (Chad) သမ္မတနိုင်ငံတွင် သမ္မတသက်တမ်းကို ၅ နှစ်မှ ၇ နှစ်အထိ တိုးမြှင့်ပြီး သမ္မတသက်တမ်း အကြိမ်ရေအကန့်အသတ်မရှိ တာဝန်ယူနိုင်မည့် အခြေခံဥပဒေသစ်ကို အမျိုးသားညီလာခံက စက်တင်ဘာလ ၁၅ ရက်တွင် အတည်ပြုလိုက်သည်။ အခြေခံဥပဒေသစ်ကို တနင်္လာနေ့တွင် အမျိုးသားညီလာခံက အတည်ပြုပြီးနောက် လာမည့် အောက်တိုဘာလ ၁၃ ရက်တွင် ဆီးနိတ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြုသွားမည် ဖြစ်သည်။ ယင်းနောက် သမ္မတ Mahamat Idriss Deby က အဆိုပါ အခြေခံဥပဒေ အသက်ဝင်လာစေရေး သမ္မတလက်မှတ်ရေးထိုးသွားမည် ဖြစ်သည်။ အခြေခံဥပဒေသစ်ကို ဆီးနိတ်လွှတ်တော်တွင် အတည်ပြုသွားရန် သေချာသလောက်ရှိနေကြောင်း Institute for Security Studies မှ အကြီးတန်းသုတေသီတစ်ဦးဖြစ်သူ Remadji Hoinathy က ပြောသည်။ […]

လောင်းလုံးမြို့ဘက်သို့ စစ်အာဏာရှင်တပ် အင်အားဖြည့်တင်းလာသဖြင့် ဒေသခံများစိုးရိမ်

Dawei Watch

September 17, 2025

လောင်းလုံးမြို့ဘက်သို့ စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်းလာသဖြင့် စစ်ရေးတင်မားလာမည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၆ ရက် ညက စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့ဘက်မှ လောင်းလုံးမြို့ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် အင်အားဖြည့်တင်းရန် ရောက်ရှိလာကြောင်း ဒေသခံအချို့က ဆိုသည်။ ထိုသို့ ညပိုင်း စစ်ကြောင်းဆင်းလာချိန် လမ်းပိုင်းတစ်နေရာဖြစ်သည့် မင်းရပ်ကျေးရွာတွင် အင်းအား ၅၀ ခန့် ချန်ထားခဲ့ပြီး ကျန်စစ်ကြောင်းမှာ ညတွင်းချင်း လောင်းလုံးမြို့ဘက်သို့ ဆင်းသွားကြောင်း ၎င်းတို့က ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၇ ရက် အာရုဏ်တက်ချိန်တွင်မူ မင်းရပ်ကျေးရွာတွင်ကျန်ခဲ့သည့် စစ်ကြောင်းလည်း လောင်းလုံးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း ဆိုသည်။ အဆိုပါ စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ယနေ့ စက်တင်ဘာလ ၁၇ရက် နံနက် ၉ နာရီကျော်အထိ လောင်းလုံး‌မြို့ပေါ်သို့ […]