ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အရှေ့တော ပကာရီရွာတိုက်ပွဲတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီး၊ အရပ်သားနှစ်ဦး ဒဏ်ရာရ

Dawei Watch

September 16, 2025

ထားဝယ်အရှေ့တောဒေသ ပကာရီရွာတွင် နှစ်ဖက်တိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်လေးလုံး ထိခိုက်ပျက်စီးပြီး အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယက္ကန်းစင်ဘုန်းကြီးကျောင်းတွင် ယာယီစခန်းလာချသည့် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်အာဏာရှင်တပ်ဖွဲ့ကို စက်တင်ဘာလ ၁၄ ရက် ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စက်တင်ဘာလ ၁၅ နံနက်အထိ တိုက်ပွဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂နာရီခွဲတွင် စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို စက်သေနတ်များဖြင့်လည်း ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ ယင်းအပြင် ထားဝယ်မြို့ရှိ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်လည်း ပစ်ကူပေးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း ယက္ကန်းစင်ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းဆောင်အချို့ ခေါင်းမိုး ပွင့်ထွက်ခြင်း၊ မျက်နှာကျက်များ ပြိုကျပျက်စီးခြင်း၊ […]

၂ နှစ်ကျော်ခန့် စစ်ရှောင်နေရသော ရေဖြူ၊ ညင်းထွေးရွာရှိ စစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

Dawei Watch

September 16, 2025

ရေဖြူမြို့နယ်၊ ညင်းထွေးရွာတွင် ပုံစံမျိုးစုံဖြင့် နေထိုင်နေကြရသည့် စစ်ဘေးရှောင်အိမ်ထောင်စု ၅၀ ခန့်မှာ ရိက္ခာ၊ဆေးဝါးနှင့် အမိုးအကာများအတွက် အကူအညီလိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများကပြောသည်။ အဆိုပါစစ်ဘေးရှောင်များမှာ ၂၀၂၃ ခုနှစ်စကာ စစ်ရှောင်နေသူများဖြစ်သဖြင့် နှစ်နှစ်ကျော်ခန့်ကြာလာပြီဖြစ်၍ ကျန်းမာရေး၊ စားဝတ်နေရေးအတွက် အကူအညီများပိုမိုလိုအပ်လာကြောင်း စစ်ဘေးရှောင်များနှင့် နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။ “စစချင်းကတော့ ဆွေမျိုး၊အသိမိတ်ဆွေတွေအိမ်မှာ နေကြတာပေါ့နော်။ ကြာလာတော့လည်းအိမ်ငှားနေဖို့ လိုအပ်လာတယ်။ အခုက ကုန်စျေးနှုန်းကကြီးတော့ စားသောက်ရေးခက်လာတယ်။ အလုပ်အကိုင်လည်း အတည်တကျ မလုပ်ရတော့ ဝင်ငွေကမရှိ အရွယ်ရှိ တဲ့သားသမီးရှိသူတွေကတော့ နိုင်ငံခြားလွှတ်ရတာပေါ့”ဟု ၎င်းကပြောသည်။ အဆိုပါစစ်ဘေးရှောင်များမှာ မောင်မယ်ရှောင်ကျေးရွာနှင့် ထားဝယ်အရှေ့တောဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရက်ရှည်စစ်ဘေးရှောင်နေကြရပြီး အချို့မှာနေအိမ်မီးရှို့ခံရသည့် မောင်မယ်ရှောင်ကျေးရွာ နှင့်ပခတ်အင်းကျေးရွာများမှ စစ်ဘေးရှောင်များ ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ဒီနေ တောင်စစ်ဘေးရှောင် နာရေးတစ်ခုရှိတယ်။ ရွာကအင်အားနဲ့တော့ တတ်နိုင်သလောက် […]

အလုံပိတ်ကားများဖြင့် စစ်အာဏာရှင်တပ်သားများကို မလွှဲတောင်ဘက်သို့ အင်အားဖြည့်နေ

Dawei Watch

September 16, 2025

ရေး-ထားဝယ်ကားလမ်းရှိ မလွှဲတောင်အနီးသို့ စစ်အာဏာရှင်တပ်က စစ်အင်အားထပ်ဖြည့်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် မြင်တွေ့ခဲ့သည့် ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် မလွှဲတောင်-ကလိန်အောင်အဆင်းဘက်ခြမ်း၌ ကပ်လျက်တည်ရှိသည့် အလယ်စခန်းရွာအနီးရှိ ကျောက်ကဒင်ရွာသို့ ဆယ့်နှစ်ဘီးတပ်ကား သုံးစီးဖြင့် စစ်အာဏာရှင်တပ်သားများ ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများကပြောသည်။ ” အခုမနက် (စက်တင်ဘာလ ၁၆ ရက်) အထိ ကျောက်ကဒင်မှာ ဆက်ရှိနေသေးတယ်။ ညနေပိုင်းမှာ ကုန်ကားတွေနဲ့အလုံပိတ်ပြီးရောက်လာတာ။ ကားပေါ်ကဆင်းလာမှ စစ်သားတွေမှန်းသိတာ။ ရာဖူး ၊ သာယာမွန် ၊ မိုင် ၆၀ ရွာတွေတော့ လူပြန်နေနေကြတယ်။ အခု ကျောက်ကဒင်တို့ ကျွဲတလင်း(ရွာ)တို့ ကျတော့ထပ်ထွက်ပြေးနေကြတာပေါ့ ” ဟု ယင်းလမ်းပိုင်းရှိ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦး ကပြောသည်။ စစ်အာဏာရှင်တပ်က အင်အားတိုးချဲ့နေသော်လည်း ယနေ့ စက်တင်ဘာလ […]

သထုံ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေး၊ သုံးဦးပြန်အဖမ်းခံရ

Dawei Watch

September 16, 2025

မွန်ပြည်နယ်၊ သထုံမြို့၊ စျေးမသွယ်အကျဉ်းထောင်က အကျဉ်သားခုနစ်ဦး ထွက်ပြေးကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ စက်တင်ဘာလ ၁၅ ရက်က သထုံခရိုင်တရားရုံးတွင် မှုစစ်ဆေးပြီး အချုပ်ကားဖြင့် စျေးမသွယ်အကျဉ်းထောင်သို့ ပြန်လာရာ ညနေ ၄ နာရီဝန်းကျင်တွင် ထောင်ရှေ့၌ အကျဉ်သားများအား ကားပေါ်က ချနေချိန် ထွက်ပြေးကြခြင်း ဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။ ထွက်ပြေးသည့် အကျဉ်းသားခုနစ်ဦးအနက် သုံးဦးကို ထိုနေ့ ညနေတွင်ပင် ပြန်လည်ဖမ်းဆီးရမိကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ဆိုသည်။ “ကျန်တဲ့ လေးဦးကတော့ လွတ်နေဆဲပဲ” ဟု အကျဉ်းထောင်နှင့် နီးစပ်သူသည့် သထုံဒေသခံတစ်ဦးက ပြောသည်။ ထွက်ပြေးနေသည့် အကျဉ်းသားများထဲတွင် လူသတ်မှုဖြင့် ဖမ်းဆီး အကျဉ်းကျနေသူအချို့လည်း ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။ […]

အရှေ့တီမောတွင် လွှတ်တော်အမတ်များအတွက် ပရာဒို တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန္ဒပြ

Dawei Watch

September 16, 2025

အရှေ့တီမောနိုင်ငံတွင် လွှတ်တော်အမတ်များအတွက် တရားဝင်ရုံးသုံးအနေဖြင့် ပရာဒိုကား တစ်ယောက်တစ်စီး ဝယ်ပေးမည့် အစီအစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုများ ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။ အဆိုပါ ကားဝယ်ပေးမည့် အစီအစဉ်သည် အရှေ့တောင်အာရှတွင် အဆင်းရဲဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်သည့် အရှေ့တီမောနိုင်ငံတွင် ယခုနောက်ဆုံး ထွက်ပေါ်လာသည့် ပြည်သူလူထု၏ မကျေနပ်ချက် ဖြစ်ကြောင်း The Jakarta Post သတင်းဌာနက ဖော်ပြသည်။ တနင်္လာနေ့တွင် တက္ကသိုလ်ကျောင်းသားအများစု ပါဝင်သည့် လူပေါင်း ၁၀၀၀ ကျော်က အရှေ့တီမောနိုင်ငံ၏ မြို့တော်ဒီလီရှိ အမျိုးသားလွှတ်တော်အနီးတွင် စုဝေးဆန္ဒပြခဲ့ကြသည်။ အမေရိကန်ဒေါ်လာ ၂ သိန်းဝန်းကျင် အကုန်အကျခံကာ လွှတ်တော်အမတ် ၆၅ ဦးအတွက် တိုယိုတာပရာဒိုကား တစ်ယောက်တစ်စီးစီ ဝယ်ပေးမည့် အစီအစဉ်ကို […]

ယူကရိန်းတွင် လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန် နေတိုးအဖွဲ့ကို ပိုလန်တောင်းဆို

Dawei Watch

September 16, 2025

ဥရောပကို ရုရှား၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေး နေတိုးအဖွဲ့က ယူကရိန်းလေပိုင်နက်တွင် လေယာဉ်မပျံသန်းရဇုန် (No-fly zone) သတ်မှတ်ရန် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ကြောင်း The Washington Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယခင်အပတ်က နိုင်ငံလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ရုရှားဒရုန်းများကို ပိုလန်က ပစ်ချခဲ့ပြီးနောက်တွင် ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ပြောဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ရန်အစီအစဉ်ကို ယမန်နှစ်က သမ္မတဘိုင်ဒန်လက်ထက် အမေရိကန်အစိုးရနှင့် ဆွေးနွေးခဲ့ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski က ဂျာမန်သတင်းဌာန Frankfurter Allgemeiner ကို ပြောကြားခဲ့သည်။ သို့သော် ယင်းအစီအစဉ်ကို ပိုလန်နိုင်ငံတစ်ခုတည်းနှင့် အကောင်အထည်ဖော်နိုင်မည် မဟုတ်ကြောင်း ၊ အခြားဥရောပမဟာမိတ်နိုင်ငံများ၏ အထောက်အပံ့ကို […]

နေတိုးက ရုရှားနှင့် စစ်ဖြစ်နေပြီဟု ကရင်မလင်ပြော

Dawei Watch

September 16, 2025

ယူကရိန်းသို့ စစ်ရေးအထောက်အပံ့များပေးခြင်းဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှားနိုင်ငံနှင့် စစ်ဖြစ်နေကြောင်း ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ရုရှားသတင်းထောက်များကို စက်တင်ဘာလ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။ “နေတိုးက ရုရှားနဲ့ စစ်ဖြစ်နေတာ။ ဒါက သိသာထင်ရှားပါတယ်။ ဘာသက်သေမှ မလိုဘူး။ ကိယက်ဗ်က အစိုးရကို နေတိုးက တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော အထောက်အပံ့တွေ ပေးနေတယ်” ဟု Peskov က ပြောဆိုခဲ့သည်။ အနောက်နိုင်ငံများ၏ ယူကရိန်းကို ထောက်ပံ့ပေးမှုသည် စစ်ပွဲတွင် အနောက်နိုင်ငံများက ပါဝင်တိုက်ခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်ဟူသော ရုရှားအစိုးရ၏ ပြောဆိုမှုကို ထပ်မံထင်ဟပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ Dmitry Peskov၏ အဆိုပါ ပြောဆိုမှုများသည် ရုရှားဒရုန်းများကို ၎င်းတို့ ပစ်ချခဲ့ကြောင်း ပိုလန်က အတည်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထွက်ပေါ်လာခဲ့ခြင်း […]

ကော့သောင်းတွင် စစ်အာဏာရှင်တပ်ဖွဲ့ လှေဖြင့်လာစဉ် တိုက်ခိုက်၊ လှေနစ်မြုပ်၍ တပ်သားများ သေဆုံး

Dawei Watch

September 16, 2025

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သို့ လှေဖြင့်လာသည့် စစ်အာဏာရှင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင် တပ်သားများ စီးလာသည့် လှေတစ်စင်းနစ်မြုပ်သွားကာ သေဆုံးမှုရှိကြောင်း ကော့သောင်းခရိုင်ပကဖ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား တစ်ရာခန့်သည့် စက်တင်ဘာလ ၉ရက် နံနက်တွင် ခမောက်ကြီးမြို့၊ ခမောက်ငယ် ကျေးရွာအပိုင်ရှိ ယုဇန ဆီအုန်းပျိုးခင်းသို့ ရောက်ရှိလာကြောင်း ကော့သောင်းခရိုင်ပကဖ၏ ယနေ့ စက်တင်ဘာလ ၁၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့နောက် နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သား အင်အား ၃၀ ဝန်းကျင်က ခမောက်ငယ်ရွာသို့ လှေနှစ်စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း ဖော်ပြသည်။ ယင်းသို့ စစ်ကြောင်းထိုးလာစဉ် ခမောက်ငယ်ကျေးရွာအနီးတွင် ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြရာ လှေတစ်စီးနစ်မြုပ်သွားကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တစ်နာရီခန့်ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း […]